စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ


                       
ခူယားကောင်ခေါ်ပေါက်ဖတ်ဟာ လိပ်ပြာ (သို့မဟုတ်)ပိုးဖလံသား လောင်းဖြစ်ပြီး သူတို့မှာရှိတဲ့ အမွေးအမှင်တွေမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် အဆိပ်အတောက်တွေပါတတ်ပါတယ်။

ခူကောင်ရဲ့ အမွေးအမှင်နဲ့ ထိလိုက်တာနဲ့ အရေပြားနီကာ နာကျင်ခြင်း၊ ယားယံခြင်းတွေဖြစ်တတ်တာကြောင့်ချက်ချင်းလုပ်ဆောင်သင့်တာတွေကို ခူယားထိ ခံရပြီဆိုတာနဲ့ ပထမဆုံးစိတ် တည်တည်ငြိမ်ငြိမ်ထားနိုင်ဖို့ကြိုးပမ်းပါ။ လှုပ်လှုပ်ရှားရှားသိပ်မလုပ်ဘဲ ငြိမ်ငြိမ်နေခြင်းဖြင့်လည်း အဆိပ်အတောက်တွေပျံ့တာ နှေးကွေးစေပါတယ်။ ခူယားနဲ့ထိသွားတဲ့နေရာကို ဆယ်လိုတိပ်နဲ့ကပ်ပြီး ပြန်ခွာပေးခြင်းဖြင့် အဆိပ်မွေးတွေကိုဖယ်ရှားနိုင်သလို ရေနွေးနဲ့လည်းဆေးချနိုင်ပါတယ်။

နောက်တစ်ခုက ရေခဲလွယ်လွယ်ကူကူရရင်လည်း ခူယားထိ တဲ့နေရာကို ၁၅ မိနစ်ကနေ မိနစ် ၂၀အထိ တစ်နာရီခြားတစ်ခါ ရေခဲကပ်ပေးနိုင်ပါတယ်။ အဲဒီလိုလုပ်ပေးခြင်းဖြင့် နာကျင်တာ ရော၊ ရောင်ရမ်းတာပါ သက်သာစေမှာပါ။

အကယ်၍ ဓာတ်မတည့်တာ ဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်လျော်တဲ့သောက်ဆေး၊ လိမ်းဆေးတစ်ခုခုလိမ်းပေးနိုင်သ လို ပျားတုပ်ခံရရင်လိမ်းတဲ့ ဆေးဝါးမျိုးလည်း သုံးနိုင်တယ်လို့ ဆိုပါတယ်။ တစ်ခုသတိထားရမှာက ခူယားထိတဲ့နေရာကို မကုတ်မိစေဖို့ပဲ ဖြစ်ပြီး မဟုတ်ရင်တော့ နေရာတွေလျှောက်ပြန့်ပြီး ယားယံစေ နိုင်လို့ပါ။ 


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.344

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...