စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အအေးမိ၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးခြင်း အတွက် နည်းလမ်း (၁၉)သွယ်

                            



အအေးမိတုပ်ကွေးရောဂါဟာ ကမ္ဘာ ပေါ်မှာပျံ့နှံ့ကူးစက်မှုအမြန်ဆုံးနဲ့အဖြစ် များဆုံးသောရောဂါတစ်မျိုးပါ။လူတစ်ဦး ဟာ မိုးရာသီ(သို့မဟုတ်)ဆောင်းရာသီ မှာ ပျမ်းမျှအနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ်ဖြစ်တတ်ပါတယ်။ အအေးမိ တုပ်ကွေးဖြစ်နေသူတစ်ယောက်ဟာ တစ်ရှူးခံ၍ နှာချေချောင်းဆိုးသင့်သလို အသုံးပြုထားတဲ့တစ်ရှူးကို အမှိုက်ပုံး ထဲကိုစနစ်တကျစွန့်ပစ်သင့်ပါတယ်။ လက် ကိုင်ပဝါနဲ့အုပ်ပြီး နှာချေချောင်းဆိုးတဲ့ အခါ ဗိုင်းရပ်စ်ပိုးက အဲဒီလက်ကိုင်ပုဝါ ထဲမှာ ၂နာရီ၊ ၃ နာရီလောက်ကြာမှ သေသွားပါတယ်။ တကယ်လို့ လူအများ ကြားမှာ နှာချေချောင်းဆိုးတဲ့အခါ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက တစ်ပေ၊နှစ်ပေ လောက်အထိပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်မှ ကိုယ်ခံအားနည်းသူဆီကို ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူကူးစက်သွားနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက အအေးမိ၊ နှာစေး၊ နှာရည်ကျ၊ နှာခေါင်းပိတ်၊ ချောင်းဆိုး (ချောင်းခြောက်လည်း ဖြစ်နိုင် သလို သလိပ်ပါခြင်းလည်းဖြစ်နိုင်)၊ လည်ချောင်းနာ၊ ကိုယ်လက်ကိုက်ခဲတာ တွေ ခံစားရပါတယ်။ တစ်ခါတစ်ရံမှာ အဖျားဝင်လာပြီး သလိပ်တွေပျစ်လာခြင်း၊ ချွဲသလိပ်တွေ ဝါလာခြင်းဖြစ်နိုင်ပါတယ်။ 
 
အဆိုပါအခြေအနေမျိုးရောက်မယ်ဆိုရင် ပိုးသတ်ဆေးသောက်မှ ရောဂါပျောက် နိုင်ပါတယ်။ နှာချေချောင်းဆိုးတဲ့အခါ ပြင်ပနှင့် ထိတွေ့ဆက်ဆံနေရသော အလုပ်သမား ဝန်ထမ်းတွေတင်သာမကဘဲ ကျောင်းနေ အရွယ်ကလေးများအားလုံး ကိုယ်ခံ အားမကောင်းပါက ကူးစက်ရာသီအဖျား ပိုးမွှားတွေ အလွယ်တကူကူးစက်လာနိုင် လို့ အလုပ်ပျက်/ကျောင်းပျက်ဖြင့် စိတ် ညစ်စရာပါ။ အအေးမိဖျားနာခြင်းကြောင့် အသက်အန္တရာယ်မစိုးရိမ်ရသော်ငြား၊ အဖျားပျောက်ပြီး ချောင်းတဟွတ်ဟွတ် စွဲကျန်ရစ်ခဲ့ကာ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ရှိသူများကို လက်ဆင့်ကမ်း မကူးစက်ရလေအောင် ဆောင်ရွက်နိုင်တဲ့ အောက်ပါနည်းလမ်း(၁၉)သွယ်ဖြင့် မျှဝေ လိုက်ရပါတယ်။

(၁) အစိမ်းရောင်၊ အဝါရောင် များများ စားပါ။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးတာက ကိုယ်ခံစွမ်းအားကို တိုး တက်မြင့်မားစေပါတယ်။ အထူးသဖြင့် ပန်းဂေါ်ဖီစိမ်းထဲတွင်ပါရှိတဲ့ ဓာတု ဓာတ်ပေါင်းစုက အအေးမိလို့ဖြစ်တဲ့ တုပ် ကွေးနဲ့ကူးစက်ဖျားနာတွေကို ကောင်း စွာတိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပန်းဂေါ်ဖီစိမ်းကို ချင်း(ဂျင်း)တစ်ပြားရိုက် ၍ ရောနှောကြော်စားရန် ကိန်းဘရစ်ခ်ျ တက္ကသိုလ်ရှိအာဟာရဗေဒပညာရှင်များ က အကြံပြုထားကြပါတယ်။ အလားတူ အဝါရောင်သီးနှံများဖြစ်ကြတဲ့ လိမ္မော်သီး နဲပသံပုရာသီးတို့ကို ဖျော်ရည်အဖြစ်သော် လည်းကောင်း၊ လိမ္မော်ခွံ(သို့မဟုတ်) သံပရာခွံတို့ကို ရေနွေးစိမ်၍သော်လည်း ကောင်း သောက်သုံးတာဟာ တုပ်ကွေး ဖျားနာခြင်းကို ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။

(၂) အားဆေးမှီဝဲပါ။

ဗီတာမင်စီက ကိုယ်ခံအားကို မြင့် တက်စေပြီး ဗီတာမင်ဒီက အအေးမိခြင်း ကို ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ တုပ်ကွေးဖျားနာခြင်းအတွက် ဗီတာမင် စီတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ ဗီတာ မင်ဒီအပါအဝင် အခြားဗီတာမင်နဲ့သတ္တု ဓာတ်တို့ပါဝင်တဲ့ အစားအသောက်တွေ မျှမျှတတစားပေးရပါမယ်။ ကျွန်မတို့ နေ့ စဉ်စားသောက်သောအစားအစာတွေထဲ မှာ အဆိုပါဓာတ်တွေတစ်ပြိုင်နက်တည်း လုံလောက်စွာမရနိုင်လို့ ဖြည့်စွက်စာ အဖြစ် အားဆေးမှီဝဲ ပေးဖို့လိုပါတယ်။

(၃) အိပ်ရေးဝဝအိပ်ပါ။

တစ်နေ့လျှင် ရှစ်နာရီနဲ့အထက် အိပ်ရေးဝဝအိပ်စက်ခြင်းကသွေးတိုးရောဂါ နဲ့အဝလွန်ခြင်းကိုကာကွယ်ပေးရုံသာမက အအေးမိနှာစေးတာမျိုးကို အသက်ရှူလမ်း ကြောင်းထဲက ကူးဆက်ရောဂါပိုးတွေကို လည်းတိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ခုနှစ်နာရီထက်လျော့နည်းပြီး အိပ်စက် သူတွေကို ရှစ်နာရီနှင့်အထက် အိပ်စက် သူတွေနဲ့နှိုင်းယှဉ်ပါက အိပ်ချိန်နည်းသူ တွေဟာ အအေးမိကူးစက်ရောဂါဖြစ်နိုင် ခြေအလားအလာသုံးဆနီးပါးပိုကြောင်း အမေရိကန်ဆေးသုတေသီများက အကြံ ပြုထားပါတယ်။

(၄) ပဋိဇီဝဆေးဆောင်ထားပါ။

ချမ်းအေးတဲ့ရာသီမှာ ကိုယ်ခံအား နည်းတဲ့ ကလေးတွေနဲ့သက်ကြီးရွယ်အို များတွင် ဗိုင်းရပ်စ်ပိုးကူးစက်လွယ်တာ ကြောင့် အိမ်မှာအအေးမိတုပ်ကွေးဖျားနာ ပျောက်ဆေး အဆင်သင့်ဆောင်ထားပါ။ လိုအပ်ပါက အသက်ရှူလမ်းကြောင်းမှ ကူးစက်ပိုးတွေကို ၂ဝရာခိုင်နှုန်းလောက် ကာကွယ်ပေးတဲ့ Actimel (ခေါ်)ပဋိဇီဝ ဆေးကြိုတင်တိုက်ကျွေးပေးပါ။

(၅) နံနက်စာစားပါ။

နံနက်စာ ပုံမှန်စားသူတွေဟာ၊ နံနက် စာ လုံးဝမစားသူတွေထက် အအေးမိကူး စက်ရောဂါဖြစ်နိုင်ခြေနည်းပါးကြောင်း Cardiff University ရှိ အမေရိကန် ဆေးတက္ကသိုလ်က အကြံပြုထားပါတယ်။ အထူးသဖြင့် ကိုယ်ခံအားကောင်းစေဖို့ နံနက်စာထဲမှာ ဗီတာမင်ဘီအုပ်စုများ၊ သံဓာတ်နဲ့သွပ်ဓာတ်ပါရှိသောအစားအစာ များကိုစားပေးကြဖို့ ဆေးသုတေသီများ က ထပ်လောင်းအတည်ပြုထားပါတယ်။

(၆) လက်ဆေးပါ။

ဆေးသိပ္ပံပညာရှင်တွေရဲ့ ဓာတ်ခွဲ စမ်းသပ်ချက်များအရ၊အအေးမိဗိုင်းရပ်စ် ပိုးရှိသောသူ ကိုင်တွယ်ထားတဲ့တံခါး လက်ကိုင်ဖုများပေါ်တွင် ကျန်ရှိခဲ့တဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေဟာ၂၄နာရီကျော် အထိ အသက်ရှင်နိုင်ကြတယ်ဟု သိရပါ တယ်။ ဒါကြောင့် အများသုံးတံခါးလက် ကိုင်ဖုတွေ၊ အရောင်းစင်တာရှိပစ္စည်းတဲ့ တွန်းလှည်းတွေ၊ တံခါးလက်ရန်းတွေကို တစ်ခါသုံးတစ်ရှူးဖြင့်ကိုင်တွယ်ပါ။ ၄င်း တို့ကိုကိုင်တိုင်တွယ်ပြီးပါက မိမိ၏ မျက်လုံး-နှာခေါင်းတို့ကို မတို့ထိကြဘဲ ဆပ်ပြာသုံး၍ လက်စင်စင်ဆေးကြောပါ။

(၇) လက်ကို ဖွက်(ဝှက်)ထားပါ။

အအေးမိဝေဒနာခံစားရသူရဲ့ လက်၊ ခံတွင်း၊ နှာရည်တို့မှကူးစက်ပြန့်ပွားစေနိုင် တာကြောင့် ရောဂါရှိသူရဲ့ လက်နဲ့အခြား အသုံးအဆောင်ပစ္စည်းတွေကိုမကိုင်တွယ် မထိမိသင့်ပါ။ နှာချေချောင်းဆိုးရာမှာ လည်း ကျန်းမာရေးအသိဖြင့် လက် (သို့ မဟုတ်)လက်ကိုင်ပဝါ(သို့မဟုတ်)တစ်ခါ သုံးတစ်ရှူးအုပ်ပါ။ ကလေးငယ်များကို ဖက်ရမ်းနမ်းရှုပ်ခြင်းမပြုရသင့်ပါ။

(၈) ပလုတ်(အာလုတ်)ကျင်းပါ။

ရေနွေးဖြင့် ပလုတ်(အာလုတ်) ကျင်း ခြင်းက လည်ချောင်း/လည်မျိုတို့မှ အချွဲ အကျိများနှင့် ဗိုင်းရပ်စ်များကို သန့်စင် ပေးတာကြောင့် ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ ဂျပန်ရိုးရာကုထုံး များတွင် နံနက်အိပ်ရာထ သွားမတိုက်မီ တစ်ချိန်နေ့လယ်စာနှင့်ညစာစားပြီးချိန် များတွင်တစ်ကြိမ်စီ စုစုပေါင်း တစ်နေ့ သုံးကြိမ်မျှ ရေကြက်သီးနွေးခန့်ဖြင့် အာလုတ်ကျင်းလေ့ရှိပြီး ထိုသို့ပြုကျင့် ခြင်းက အအေးမိနှာစေးချောင်းဆိုးခြင်း ကို ၃၆ရာခိုင်နှုန်းနီးပါ လျှော့ချပေးနိုင် တယ်ဟု ဂျပန်ဆေးသုတေသီများက အတည်ပြုထားပါတယ်။

(၉) ဟင်းခတ်အမွှေးအကြိုင်ဆောင်ပါ

ငရုတ်သီးအခြောက်မှုန့်ထဲတွင် ပါရှိ သော Capsaicin ဓာတ်ဟာ အင်းဆက် ပိုးမွှားတွေကိုသေစေသည့်ပြင် အသက်ရှူ လမ်းကြောင်းကိုပွင့်လန်းလာစေပါတယ်။ အလားတူ ကြက်သွန်ဖြူထဲရှိ Allicin ဓာတ်ကလည်း ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့ သဘာဝပဋိဇီဝဓာတ်တိုး ဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တာကြောင့် အအေးမိစေတတ်တဲ့ဗိုင်းရပ်စ်ပိုးတွေကို တိုက်ဖျက်ပေးပါတယ်။ ဒါ့အပြင် အအေးမိ တုပ်ကွေးနဲ့ချောင်းဆိုးခြင်းအတွက် ချင်း ပြုတ်ရည်က အကောင်းဆုံးဆေးတစ်ခွက် လို့ တရုတ်ဆေးသုတေသီများက ဆိုထား ပါတယ်။

(၁ဝ) အရက်အလွန်အကျွံမသောက်ပါနှင့်။

အချို့ယမကာလုလင်များကလည်း မိုးအေးအေးကိုအကြောင်းပြ၍ အရက်ကို ဆေးဖြစ်ဝါးဖြစ် မှီဝဲကြတယ်။ လိုအပ် သည်ထက်ပိုမိုသောက်သုံးပါက အသည်း ကိုထိခိုက်စေတဲ့အပြင် ပင်ပန်းအားယုတ် ပြီး အအေးမိကူးစက်ပိုးတို့ကို ခံနိုင်ရည် မရှိတော့ပေ။

(၁၁) ရေသောက်မပျင်းပါနှင့်။

ခန္ဓာကိုယ်တွင်း ရေဓာတ်အလုံ အလောက်ရရှိမှသာ စားထားသမျှ အာဟာရများကိုစုပ်ယူနိုင်ပြီး ခွန်အား အဖြစ်ပြောင်းလဲပေးရုံတင်သာမကဘဲ ခန္ဓာကိုယ်တွင်းရှိ မသန့်စင်သောအညစ် အကြေးများကို ချွေး၊ သွေး၊ သလိပ်၊ ဆီး၊ ဝမ်းအဖြစ် ကူညီစွန့်ထုတ်ပေးပါ တယ်။ ဓာတ်ကြီးလေးပါးညီမျှရင် ကိုယ်ခံအားကောင်းကာ ပြင်ပကူးစက် ရောဂါများလည်း အလွယ်တကူဝင်မလာ နိုင်တော့ပါဘူး။

(၁၂) လက်ဖက်ရည်ကြမ်း(ရေ နွေးကြမ်း)သောက်ပါ

လက်ဖက်ရည်ကြမ်းသောက် ခြင်းက တုပ်ကွေးဖြစ်စေတဲ့ ဗိုင်း ရပ်စ်ပိုးတွေကို နှိမ်နင်းနိုင်ပါတယ်။ ဒါကြောင့် အအေးမိတုပ်ကွေးဖြစ် တဲ့အခါ ကော်ဖီအစား လက်ဖက် ရည်ကြမ်းပူပူသောက်ပေးပါ။

(၁၃) လမ်းမှန်မှန်လျှောက်ပါ

တစ်နေ့ အနည်းဆုံးနာရီ ဝက်ခန့် လမ်းမှန်မှန်လျှောက်ခြင်း က ဇီဝကမ္မလုပ်ဆောင်ချက်ကို ကောင်းကျိုးပြုပြီး ပြင်ပရောဂါ တွေကိုလည်း တိုက်ထုတ်ပေးနိုင် ပါတယ်။

(၁၄) အဖြူရောင်သကြားရှောင်ပါ

အရောင်ချွတ်ထားခြင်းကြောင့် ဖြူဆွတ်၍ မှုန့်ညက်နေသော သကြားတွေဟာ ကိုယ်ခံစွမ်းအား ကို လုံးဝကောင်းကျိုးမပြုပါ။ ဒါ ကြောင့် အမှုန့်အပွင့်ကြီးပြီး ဝါကြင် ကြင်အရောင်ရှိတဲ့ သဘာဝသကြာ့း ကိုသာသုံးသင့်ပါတယ်။

(၁၅) မျက်လုံးကိုကာကွယ်ပါ

အအေးမိ/တုပ်ကွေးရှိ သူက မိမိရှေ့တွင်နှာချေလာပါက မျက်နှာ ကိုတစ်ဖက်သို့ လွှဲထားလိုက်ပါ သို့မဟုတ် မျက်လုံးကိုပါ ပိတ် ထားပါ။ သင့်နှာခေါင်းသာမက မျက်လုံးကလည်းလေထဲရှိ ဗိုင်းရပ်စ် ပိုးများကို စုပ်ယူနိုင်စွမ်းရှိလို့ပါဖြစ် ပါတယ်။

(၁၆) အကောင်းမြင်စိတ်ဓာတ် မွေးမြူပါ

ဒေါသထွက်ခြင်း၊ အဆိုးမြင် စိတ်ရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အတက် အကျကြောင့် ဃသမအငျသူ ဟိုမုန်း ထွက်ရှိလာပါတယ်။ ထိုအခါ ဟို မုန်းများညီညွတ်မျှတမှုကို ပျက်စီး စေပြီး ကိုယ်ခံစွမ်းအားကျဆင်း လာတာကြောင့် အအေးမိလွယ်ပါ တယ်။

(၁၇) ယူကလစ်ဆီဆောင်ပါ

ယူကလစ်ပင်ရဲ့ အဆီဟာ အအေးမိ/နှာစေး/ချောင်းဆိုးခြင်း အတွက် ပိုးသတ်ဆေးအဖြစ်အလွန် အသုံးတည့်တာကြောင့် ယူကလစ် ဆီကို ရှူဆေးအဖြစ်လည်းကောင်း၊ ယူကလစ်ပင်အရွက်နှင့် ကိုင်းတို့ကို ရေနွေးဖြောရေချိုး၍လည်းကောင်း အီတလီနိုင်ငံရိုးရာကုထုံး များတွင် အသုံးပြုလေ့ရှိကြပါ တယ်။

(၁၈) ဆေးလိပ်ရှောင်ပါ

လေးလိပ်သောက်ခြင်းက နှာ ခေါင်းနှင့်အဆုပ်အတွင်းရှိ ရောဂါ ကာကွယ်ပေးနိုင်သော အမြှေးပါး လေးများကိုထိခိုက်ပျက်စီးစေနိုင် ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ် စေတဲ့ဗိုင်းရပ်(စ်)ပိုးတွေကို ရှူရှိုက် မိတဲ့အခါ ပျက်စီးပြီးဖြစ်နေတဲ့ ထို အမြှေးပါးလေးတွေက ကာကွယ် မပေးနိုင်တော့ပါဘူး။

(၁၉) စိုထိုင်းမှုမှကာကွယ်ပါ

စိုစွတ်နေတဲ့ဧရိယာမှာရောဂါ ဖြစ်စေတဲ့ မှိုပိုးမွှားတွေ ရှင်သန် ပေါက်ဖွား လွယ်ပါတယ်။ ဒါ ကြောင့်မိမိအိမ်နဲ့ပတ်ဝန်းကျင်ကို စိုစွတ်ထိုးမှိုင်းမှုမဖြစ်ရအောင်၊ လေဝင်လေထွက် ကောင်းအောင်၊ အလင်းရောင်ဝင်အောင်၊မှိုနံ့ပျောက် အောင် အထူးဂရုပြုပေးပါ။
အထက်ပါနည်းလမ်း (၁၉) သွယ်ကို လက်ကိုင်ထား၍ စိုစွတ် အေးမြတဲ့မိုးဥတုနှင့်ဆောင်းဥတု တွေမှာ မိမိနဲ့မိမိပတ်ဝန်းကျင်ကို ကျန်းမာရေးအသိဖြင့် ကြိုတင်ကာ ကွယ်နိုင်ကြပါစေကြောင်း။

လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလများက သီတင်းကျွတ်ပြီးသည်နှင့် မိုးလေကင်းစင် အအေးတဖြည်းဖြည်းပိုလာကာ နိုဝင်ဘာလကုန်မှာ မြူနှင်းမှုန်လေးတွေ စတွေ့ရပါပြီ။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွေမှာ အအေးကဲဆုံးဖြစ်ပြီး ဖေဖော်ဝါရီလဆန်းရောက်တော့ အအေးလည်းပေါ့၊ နွေဦးလည်း ရောက်လို့လာပါတယ်။နောက်ပိုင်းနှစ်များတွင် မိုးအကုန်မှာ အပူဒဏ်ကကြားဝင်လာပြီး၊ ဆောင်းရာသီသို့ ရုတ်ချည်းကူးပြောင်းသွားတာများလာပါတယ်။ အဲဒီလို ရာသီဥတုကူးပြောင်းဒဏ်ကို ချက်ချင်းဆိုသလိုခံစားရတာကြောင့် အချို့သောသူတွေမှာ ကိုယ်လက်မအီမသာဖျားနာလာပါတယ်။
ပေါက်ပေါက်
The Union Daily
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...