စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိမ်ထောင်ပြုကာနီး စဉ်းစားကြပါ….





လူရယ်လို့ ဖြစ်လာရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်ရှားမယ် ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှ အချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ် အနစ်နာခံ တာကိုလည်း အချစ်လို့ ဆိုပြန်ပါ တယ်။ အချစ်ဒဿန ဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆို ကြသလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြားမှာ ဘယ်လို ဆက်နွယ်မှု တွေရှိနေလဲ အနုပညာ ရှင်တွေကို တီးခေါက်ကြည့်တဲ့ အခါ…

မြင်မြင်ချင်း ချစ်မယ်လို့ မထင်ဘူး
မြင်မြင်ချင်း အချစ်ဆိုတာမျိုး ကိုရှိမယ်လို့မထင်ဘူး။ ကြားပဲကြား ဖူးတာပါ။ မြင်မြင်ချင်းကြိုက် တာလို့ ပဲထင်ပါတယ်။ ကောင်လေးတစ် ယောက်က ကောင်မလေး တစ်ယောက် ကိုမြင်သွားရင် ချစ်သွားတယ်လို့မ ထင်ဘူး။ ကောင်မလေး ပုံစံကိုကြည့် ပြီး သူနဲ့လိုက်မယ် ထင်လို့ကြိုက်သွား တာပဲဖြစ်မှာပါ။

ဆယ်ကျော်သက် အချစ်က
ဆယ်ကျော်သက် အချစ်က ဆယ်ကျော်သက် အချစ်ပါ။ ဒီတစ် ယောက်မှ ဒီတစ်ယောက်ကို ချစ်ပြီး မြဲ မယ်ထင်တာတွေ မမြဲခဲ့တာလည်းရှိ တာပဲ။ တစ်ဖက်သတ်ကြိုက်တာ တွေလည်းရှိတာပဲ။ အဲဒါကတော့ ဆယ်ကျော်သက်အချစ်ပေါ့။

ကိုယ့်အတွက် အချစ်က ပှုလောင်တယ်၊ အေးချမ်းမှု မရှိပါဘူး…
ဆယ်ကျော်သက် အရွယ်က အချစ်တို့၊ အသက် အရွယ် ရလာပြီး နောက်ပြီးမှ အချစ်ဆိုတာ မျိုးတော့ မရှိပါဘူး။ ငယ်ရွယ်တဲ့ အချိန်မှာ ရင့် ကျက်ပြီးတစ်ယောက်တည်း ကိုချစ် သွားတာလည်း ရှိတာပဲ။ အသက်ကြီး မှချစ်ရတဲ့ သူကိုတွေ့ပြီး ချစ်သွားတာ လည်းရှိပါတယ်။ နန်းသူဇာအတွက် အချစ်ကပူလောင်တယ်။ အေးချမ်း တယ်မရှိပါဘူး။ အဓိကက နားလည် မှုတစ်ခုပါပဲ။ လူနှစ်ယောက်မှာ တစ် ဘဝလုံး သွားဖို့အတွက် မိသားစု အပြင် အချစ်ကို ရာခိုင်နှုန်းနဲ့ ပြောရရင် မတရားဘူးလို့ ထင်တယ်
အချစ်က ရာခိုင်နှုန်းနဲ့ ပြောလို့ မရဘူး။ ရာခိုင်နှုန်းနဲ့ ပြောရင် မတရားဘူးလို့ နန်းသူဇာထင်ပါတယ်။ အချစ်နဲ့ လက်ထပ်ခြင်းက အချိုးကျ လားဆိုတာကတော့ မိန်းကလေးဆို လည်းသူ့ရဲ့ခံစားချက်၊ ဆုံးဖြတ်ချက် အပေါ်မှာပဲမူတည် ပါတယ်။ အချစ် မပါဘဲနဲ့ အိမ်ထောင်ရေးက မြဲချင်မှ မြဲမှာပါ။ အိမ်ထောင် တစ်ခုမှာ အချစ် ကအရေးပါပါတယ်။

အိမ်ထောင်ပြုခါနီး စဉ်းစားကြပါ
အိမ်ထောင် တစ်ခုမှာ အချစ် အပြင် အခြားလိုအပ်တာက သစ္စာ တရားပါ။ မိန်းမဆိုလည်း မိန်းမကျင့် ဝတ်နဲ့အညီ နေထိုင်ဖို့လိုပါတယ်။ လင်နဲ့မယားမှ လျှာနဲ့သွားမဟုတ်ပါ ဘူး။ သူငယ်ချင်းအချင်းချင်းလည်း လျှာနဲ့သွားလိုပါပဲ။ အချင်းချင်းရန် ဖြစ်ပြီးလည်း ပြန်ချစ်သွားတာပါပဲ။ နန်းသူဇာအတွက် အိမ်ထောင်ပြုဖို့ က ဝေးပါသေးတယ်။
အိမ်ထောင်ပြုခါနီး စဉ်းစာကြပါ………………
By 8Days
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...