စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငါးထမင်းနယ် ပြုလုပ်နည်း (ရှမ်းပြည်တောင်ပိုင်းအစားအစာ )


           
------------------------------

ရှမ်းထမင်းချဉ်၊ငါးထမင်းနယ်၊အာလူးထမင်းနယ် သုံးမျိုးမှာ ကျွန်မသည် နောင်ချိုတွင် ပဲပုပ်ချက်နှင့်တွဲစားရသော ရှမ်းထမင်းချဉ်ထက် ရှမ်းပြည်တောင်ပိုင်းတွင်စားရသောပဲပုပ် မပါသည်.ငါးထမင်းနယ်နှင့်အာလူးထမင်းနယ်ကိုပိုကြိုက်သည်။ ငါးထမင်းနယ်ကို အင်းလေးရိုးရာ အစားအစာပာုလဲပြောကြသည်…

လိုအပ်သောပစ္စည်း
ရှမ်းဆန်၊ ငါးရံ့၊ ခရမ်းချဉ်သီး၊ ဂျူးမြစ် (သို.) ဂျူးဖူး၊ငရုတ်သီးခြောက်၊ကြာဇံအကြွတ်ကြော်၊ကြက်သွန်ပင်၊ကြက်သွန်ဖြူ။ငှက်ပျောဖက်အနဲငယ်၊

ပြုလုပ်နည်း …
ကောက်ညှင်းကဲ.သို.စေးသော ရှမ်းဆန်ကို ဆန်ချင်ခွက်နှင့် 2 ခွက်ထည်.ကာ သိပ်ပျော့မသွားအောင် ချက်ပြီးအအေးခံထားပါ။
ခရမ်းချဉ်သီးနှစ်လုံးကို ဆီမထည့်ဘဲ နနွင်း၊ အရသာမုန်.၊ဆားနဲချက်ထားပါ။
ငါးရံ့ 400 g တကောင်ကို နနွင်း၊ဆား၊ရသာမုန်.ထည်.ပြုတ်ကာ အအေးခံအရိုးနွှင်ပြီး မွမွလေးဖွထားပါ။
ကြက်သွန်ဖြူတလုးံကိုထောင်း နနွင်းနှင့်ငရုပ်သီးအရောင်တင်မှုန်.ထည်.ကာ ဆီများများနင်.အရောင်လှအောင်ဆီသတ်ထားပါ။
ပဲ (သို.) ဆန်ကြာဇံ အနဲငယ်၊ ငရုတ်သီးခြောက်ဆယ်တောင့်ကို ဆီပေါ်ကြော်ပြီး ဆီစစ်ထားပါ။
ကြက်သွန်ပင် ၃ ပင်ကို ရေဆေးပြီးပါးပါးလှီးထားပါ၊
ဂျူးမြစ် ( 100) g ကို ရေစင်စင်ဆေးထားပါ…

ထမင်းကို ချက်ထားတဲ.ခရမ်းချဉ်သီးအနှစ်နဲ့ငါးရံ တ၀က်၊ ဆီချက်၊လိုအပ်ရင် အရသာမုန်.နှင့်ဆားထည်.ကာ စေးပိုင်နေအောင် နယ်ပြီး အလုံးသေးသေးလေးတွေလုံးထားလိုက်ပါ၊

စားခါနည်းမှ ပုဂံပေါ် ငှက်ပျောဖက်ခင်းပြီး ငါးထမင်းလုံး ကိုပြားပြား ပါးပါးလေးဖြစ်အောင်ဖြန်.ကာ နွှင်ထားတဲ့ ငါးရံ့၊ ဆီချက်၊ကြာဇံအကြွတ်ကြော်၊ကြက်သွန်ပင် ဖြူးပါ။
တွဲဖက်စားရန် ဂျူးမြစ်(သို.) ဂျူးဖူး၊ ငရုပ်သီးတောင့်ကြော်နဲ့  ငါးထမင်းနယ်ကို အရသာ ရှိရှိစားသုံးနိုင်ပါပြီ။

သတ်သတ်လွတ် အာလူးထမင်းနယ်ကိုလဲ ငါးအစားအာလူးကိုပြုတ် ထောင်းပြီးထည်.ကာစားသုံးနိင်ပါတယ်..ပြုလုပ်နည်းကတော.အတူတူပါပဲရှင်…

မူရင်း = Myanmar Foods & Other
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...