စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရင်သွေးကို နို့တိုက်တဲ့မိခင်များ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေနည်းပါး



သားသည်မိခင်တွေအနေနဲ့ ကလေးကို နို့တိုက်မယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၂၀ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ သုတေသနတစ်ရပ်က ဖော်ပြပါတယ်။ ရင်သွေးကို နို့တိုက်တဲ့ သားသည်မိခင် ၃၆၈၈၁ဦးကို သုတေသန ပြုလုပ်ခဲ့ရာမှာ အခြားအမျိုးသမီးတွေထက် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ၁၀ ရာခိုင်နှုန်း နည်းနေပြီး အစွမ်းဆုံး ကုသနည်း(၃)မျိုး မတိုးတဲ့ Triple negative ရင်သားကင်ဆာ ဖြစ်နိုင်ခြေ
၂၀ရာခိုင်နှုန်း နည်းပါတယ်။

ရင်သွေးကို နို့တိုက်တဲ့အခါ Estrogen ဟော်မုန်း(အမျိုးသမီးဟော်မုန်း)
လျော့နည်းသွား လို့ ကင်ဆာဖြစ်နိုင်ခြေ နည်းသွားတာပါ။ ခန္ဓာကိုယ်ထဲမှာ Estrogen ဟော်မုန်း များရင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ များပါတယ်။ ဆေးပညာရှင် အချို့ကတော့ နို့ရည်ထွက်ချိန်မှာ ကင်ဆာရောဂါ ဖြစ်စေတဲ့ ဆဲလ်ဖြစ်ပွားမှု ရပ်တန့်သွားတဲ့အချက်ကြောင့်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ရင်သွေးငယ်ကို ၆လအထိ မိခင်နို့ တစ်မျိုးတည်းတိုက်တာ အကောင်းဆုံးပဲလို့ ထုတ်ပြန်ထားပေမယ့် ဗြိတိန်မှာ သားသည်မိခင် ၄ပုံ ၁ပုံပဲ ရင်သွေးကို ၆လအထိ နို့တိုက်တယ်လို့ သုတေသန မှတ်တမ်းတွေက ဖော်ပြထားပါတယ်။ ဗြိတိန်အမျိုးသမီး ၈ဦးမှာ ၁ဦး ရင်သားကင်ဆာ ရောဂါကြုံတွေ့နေပြီး ရင်သားကင်ဆာကြောင့်
တစ်နှစ်မှာ အမျိုးသမီး ၁၁၅၀၀ဦး အသက်ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။

Ref:dailymail
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...