စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျက်နှာပြင် ဝက်ခြံဖတ်နည်း”



ရှေးဟောင်း ဟိန္ဒူဆေးပညာများနှင့် တရုတ်ဆေးနည်းပညာများကို ရောစပ်ထားထားတဲ့ မျက်နှာပြင် ဝက်ခြံဖတ်နည်းဟာ အရေပြားဆိုင်ရာ ကုသခြင်းများတွင် ခေတ်စားလာပါတယ်။ မျက်နှာပြင်ပေါ်ဖြစ်လာတဲ့ ဝက်ခြံကို ကြည့်ရှုပြီး သင့်ရဲ့ ကိုယ်ခန္တာ အခြားအစိတ်အပိုင်းတွေပေါ်မှာဘယ်လိုအကျိုးသက်ရောက်နေတယ်ဆိုတာကို ခန့်မှန်းပြောဆိုခြင်းဖြစ်ပါတယ်။

ဝက်ခြံဟာ မျက်နှာပြင် မည်သည့်နေရာမှာမဆို ထွက်နိုင်ပါတယ်။ ခန္တာကိုယ်တွင်း ဖြစ်ပျက်နေသမျှဟာ မျက်နှာပြင်ပေါ်မှာ အမှတ်လက္ခဏာ တခုအဖြစ်နဲ့ ပေါ်လာပါတယ်။ မျက်နှာကို ခန္တာကိုယ်တခုလုံးရဲ့ မြေပုံအဖြစ်မှတ်ယူပြီး ဝက်ခြံကို လည်းကောင်းပေါ်မှာ မှတ်သားထားတဲ့ အမှတ်အသားတစ်ခုအဖြစ်မှတ်ယူကာ မည်သည့်အစိတ်အပိုင်းအများကို ဂရုစိုက်စစ်ဆေး၍ မည်သို့ပြု မူနေထိုင်သင့်သည်တို့ကို ဝက်ခြံကပြတဲ့ လမ်းညွှန်အတိုင်း လေ့လာကြည့်ပါ။

၁ နှင့် ၂ အစာခြေအင်္ဂါ အဖွဲ့အစည်း။
အသင့်စားသုံးရန် ရည်ရွယ်၍ ထုတ်လုပ်၊စီမံထားသော အစားအသောက်များနှင့် အခြားအဟာရမမြောက်သော အစားအသောက်များ (ဘာဂါ၊ အာလူးကြော်) စသည်တို့နှင့် အဆီအဆိမ့်များကို လျှော့စားပါ။ ရေများများသောက်၍ ကိုယ်ခန္တာအေးစေသော အသီးများကို စားပေးပါ။ (ဥပမာ သခွားသီး)

၃ အသည်း
အယ်ကိုဟောပါဝင်သော အစားအသောက်များ၊ အဆီအများအပြားပါဝင်သော စားစရာများနှင့် နို့ထွက်ပစ္စည်းများကို လျှော့ချ ရှောင်ကျဉ်ပါ။ ဟင်းချက်ရာမှာပါဝင်တဲ့ ပစ္စည်းတွေနဲ့ မတဲ့ရင်လဲ ဒီနေရာမှာ ဝက်ခြံထွက်တတ်ပါတယ်။ တနေ့လျှင် မိနစ်၃၀ခန့် မပြင်းထန်သော လေ့ကျင့်ခန်းများကို လုပ်ပေးပါ။ လုံလောက်သော အိပ်ချိန်ယူ၍ အိပ်စက်ခြင်းဖြင့် အသည်းကို အနားပေးပါ။

၎ နှင့် ၅ ကျောက်ကပ်
မျက်ကွင်းညြိုခင်းအပါအဝင် မျက်စိတဝိုက်မှာ ဖြစ်ပေါ်တာကတော့ ခန္တာကိုယ်မှာ ရေဓါတ်ခန်းခြောက်တဲ့ လက္ခဏာဖြစ်ပါတယ်။ ရေများများသောက်ပါ။

၆ နှလုံး
သွေးခုန်နှုံးနှင့် ဗိုက်တာမင် ဘီ ပမာဏကို စစ်ဆေးပါ။ အပူအစပ်များနှင့် အသားများကို လျှော့ချစားသုံးပါ။ ခန္တာကိုယ်အတွက် လေကောင်းလေသန့် ရရှိအောင်ပြုလုပ်ပါ။ ကိုလက်စရော ပမာဏမြင့်နေလျှင် လျှော့ချပါ။ အိုမီဂါ၃ နှင့် ၆ တို့ပါဝင်သည့် ထောပတ်သီး၊ ငါးနှင့် အခွံမာသီးများကို စားသုံးပေးပါ။ ဒီနေရာမှာ ချွေးပေါက်ကျယ်လေးတွေ အများအမြားရှိလို့ သက်တန်းလွန်မိတ်ကပ်များ မလိမ်းမိစေရန် သတိထားပါ။

၇ နှင့် ၈
ဒါဟာလဲ ကျောက်ကပ်ကိုပဲ ရည်ညွန်းပါတယ်။ အချိုရည်များနှင့် အယ်ကိုဟောပါဝင်သော အရာများ ရှောင်ကျဉ်ပါ။

၉ နှင့် ၁၀ အသက်ရှု အင်္ဂါအဖွဲ့အစည်း
ဆေးလိပ်သောက်ခြင်းနှင့် အလာဂျစ်ဖြစ်ခြင်းတို့ကြောင့် ထိုနေရာများတွင် ဖြစ်ပေါ်သည်။ တကယ်လို့ သင်ဟာ ဒီနှစ်ခုစလုံး တစ်ခုမှမဖြစ်ရင်တော့ ကိုယ်ခန္တာအပူချိန်မြင့်တက်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ သကြားကို လျှော့စား၍ လေကောင်း လေသန့်ရယူကာ ခန္တာကိုယ်အတွက် အေးစေသော အစားအသောက်များကို ရွေးချယ်စားသောက်ပါ။

ကိုယ်ခန္တာအတွက် အက်ဆစ်ဓါတ်မြင့်တက်စေသော အယ်ကိုဟော၊ အသား၊ နို့ထွက်ပစ္စည်းများ၊ ကဖိန်း၊ သကြားတို့ကို ရှောင်ကျဉ်၍ အစိမ်းရောင် အသီးအရွက်များကို ပိုမိုစားသုံးပါ။ သတိပြုနည်းတဲ့အချက်တခုကတော့ မသန့်ရှင်းတဲ့ မိုဘိုင်းဖုန်းများနှင့် ခေါင်းအုံးစွပ်များမှလဲ ထိုနေရာတွေမှာ ဝက်ခြံတွေ ထွက်စေတဲ့ အဓိကအချက်တွေ ဖြစ်ပါတယ်။

၁၁ နှင့် ၁၂ ဟော်မုန်း။
စိတ်ဖိစည်းမှု များနှင့် ဟော်မုန်းအပြောင်းအလဲများကြောင့် ဒီနေရာတွေမှာ ဝက်ခြံတွေထွက်ပါတယ်။ ဒီနှစ်ခုကလဲ ဘယ်လိုမှ ရှောင်လွဲလို့မရတဲ့ အချက်တွေဖြစ်ပါတယ်။ အမျိုးသမီးများ မျိုးဥကြွေချိန်တွင်လည်း ဖြစ်ပေါ်တတ်သည်။ အတတ်နိုင်ဆုံး သက်သာရန်အတွက် ရေများများသောက်၍ အိပ်ချိန်လုံလုံလောက်လောက်ယူကာ အိပ်ပျှော်ရန်ကြိုးစားပါ။ အစိမ်းရောင် အသီးအရွက်များများစား၍ အရေပြားသန့်ရှင်းမှုကို သေချာစွာ ဂရုစိုက်ပါ။

၁၃ အစာအိမ်။
ဖိုက်ဘာပါဝင်သော အစားအသောက်များ ကိုများများစားသုံးပါ။ ဆေးဖက်ဝင် အပင်များနှင့် ဖေါ်စပ်ထားသော လက်ဖက်ရည်များ ကိုသောက်ပါ။

၁၄ နာမကျန်းဖြစ်ခြင်း။
နာမကျန်းဖြစ်ဖြင်းကို ကာကွယ်ရန်အတွက် ကိုယ်ခန္တာထဲရှိ ဘက်တီးရီးယားများကို တိုက်ထုတ်နေခြင်းဆိုတဲ့ လက္ခဏာပါ။ အနားယူခြင်း၊ ယောဂ လေ့ကျင့်ခန်းများလုပ်ခြင်း၊ ခဏတဖြုတ်အိပ်စက်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ရေများများသောက်ပေးပါ။

မျက်နှာပြင်ပေါ်မှာ ဝက်ခြံလေးတွေတွေ့ရင် ဒီပုံလေးကိုကြည့်ပြီးတော့ ကိုယ့်ရဲ့အရေပြားဟာ အတွင်းကလီစာတွေကိုယ်စား ဘာတွေဖြစ်နေတယ်ဆိုတာ ဖေါ်ပြဖို့ကြိုးစားနေတယ်ဆိုတာ နားလည်ပြီး ဘယ်နေရာမှာ ဘာဖြစ်နေတယ် ဘယ်လိုပြု မူ နေထိုင်သင့်တယ်ဆိုတာကို အဖြေရှာကြည့်ပါ။

အရေးကြီးဆုံးအချက်ကတော့ ဒီကျန်းမာရေး ပြသနာတွေကို ဖြေရှင်းရင် ဆရာဝန်၊ အရေပြား အထူးကုတို့နှင့် တိုင်ပင်ပါ။ ယခုဖေါ်ပြခဲ့တာတွေဟာ ကျန်းမာရေး ဗဟုသုတအနေနှင့် ယေဘူယျ တင်ပြခြင်းဖြစ်ပါတယ်။ အမြဲတန်း လှေနံဓါးထစ် မှတ်စရာ မလိုပါ။ ဥပမာ မျက်ခုံးနှစ်ခုကြား ဝက်ခြံပေါက်တာနဲ့ အသည်းတခုခုဖြစ်နေတယ်လို့ တထစ်ချ မပြောနိုင်ပါ။

credit to ဝင်းလှိုင်ဦး (ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ)


https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.2633969004419

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...