စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







''တန်ဖိုး ရှိသော အချိန်''




  မြတ်စွာဘုရားသက်တော်ထင် ရှား ရှိစဉ် ဝယ် တစ်နေ့ သောအခါ မာလုကျပုတ္တ သည် ကမ္မဌန်းခွင် မှ
ထ၍ ဗုဒ္ဓ မြတ်စွာဘုရား ထံ ချည်းကပ်ကာ ရှိခိုးဝပ်တွား လျှောက်ထားသည်မှာ ---
အရှင် ဘုရား တပည့် တော် သည် တစ်ဦးတည်း ဘာဝနာ ပွားနေစဉ် စိတ်ထဲ၌ ပုစ္ဆာများ အစဉ်အတိုင်း
ဖြစ်ပေါ်လာပါသည်။
(၁)စကြာဝဠာ သည် အစဉ်အမြဲ တည်သ လော?

(၂)မတည် သ လော .?

(၃)စကြာဝဠာသည် အကန့် အသတ် ရှိသ လော ?

(၄)မရှိ သ လော ,?

(၅)ဝိညာဉ်သည် ကာယ နှင့်  အတူတူ ပင် လော?

(၆)ဝိညာဉ်က တစ်သီးတစ်ခြား ကာယ က တစ်သီးတစ်ခြားပင် လော?

(၇)တထာဂတ သည် သေသည်၏ အခြားမဲ့ ၌ တည် ရှိသ လော,?

(၈)သေသည်၏ အခြား၌ မတည် ရှိ သ လော,.?

(၉)သေသည်၏ အခြားမဲ့ ၌ တစ်ပြိုင် နက် မတည် ရှိသ လော?

(၁၀)တည် ရှိ သ လော ?

ဤပုစ္ဆာများကို မြတ်စွာဘုရား က ငါ့ အား ရှင်းလင်း မပြ ပေး ဤအချက်ကို ငါ မ ကျေနပ် သ ဘော
မကျ ဘုရားထံ သွားပြီး ထပ် မေးမြန်းမည်။

အရှင် ဂထာဂတ မြတ်ဘုရား တပည့် တော် မေးထားသော ပုစ္ဆာ ကို အရှင် ဘုရား ဖြေကြားပေးမယ်
ဆိုရင် အရှင် ဘုရား သာသနာ မှာ ဆက်လက်၍ တရားကျင့်  နေထိုင် မည်။
ရှင်းလင်းဟောပြခြင်း မပြုလျှင် ရဟန်းဝတ် ဘဝ ကို စွန့် ခွာ၍ ထွက်ခွာ သွားတော့ မည်။

အရှင် ဘုရား စကြာဝဠာ သည် အစဉ်အမြဲ တည် ရှိသည်ကို သိပါက ၄င်းအ ကြောင်းကို ရှင်းလင်းဟော
  ပြပါစေ၊ စကြာဝဠာ သည် အစဉ်အမြဲ မတည် ရှိ ကြောင်း ကို သိပါက လည်း မရှိ ကြောင်း ပြောပါစေ။
စသည် တို့ ကို မသိပါက မသိသည့် အ လျောက် မကွယ် မ ထောက်ဘဲ ငါမသိဘူး ငါ မမြင် ဘူးဟု
အရှင် ဘုရား ဘက် ပွင့် ပွင့် လင်းလင်း ပြောပြရန်သာ ရှိသည်။

''အသင် မာလုကျပုတ္တ ငါဘုရား က သင် အား မာလုကျပုတ္တ လာလော့  ငါ့  ထံ၌ ရဟန်းဝတ်လှည့် 
လော့  ဒီပုစ္ဆာ များကို ရှင်းလင်း ဟောပြ မည်ဟု ပြောဘူးပါသလား?

''မ ပြော ဘူးပါ ဘုရား ''

သင် က ကော အရှင် ဘုရား ထံပါး၌ ရဟန်းဝတ်ပါမည် ဤ ပုစ္ဆာ များကို ရှင်းလင်းပြေပြ ပါဟု တောင်း
  ပြန် လျောက်ထားဘူးပါသလား?

မ လျောက်ထားဘူးပါဘုရား''

''မာလုကျ ပုတ္တ ယခုတောင် မှ ငါ ဘုရား က သင့် အား ငါ့ ထံလာ၍ ရဟန်းပြုလော့  သင့် အား ဤ
အ ကြောင်းတွေ ရှင်းလင်း ဟောပြ ပေးမည် ဟု မ ပြောခဲ့ ပေ၊ သင် ကလည်း အရှင် ဘုရားထံ ရဟန်း
ဝတ်၍ နေထိုင် ပါမည် ဤ ပုစ္ဆာ များကို ဖြေရှင်း ပြ တော်မူပါ ဟု မ လျောက် ထား ဤသို့  ဖြစ်ခြင်း
ကြောင့်  မည်သူ က မည့် သူ့ ကို ငြင်းဆဲသည် ဟု ခေါ်ဆိုရမည် နည်း ။

အသင် မာလုကျပုတ္တ တစ်ဦးတစ်ယောက်သော သူသည် ငါ ဘုရားထံ၌ ဤပုစ္ဆာကို မ ဖြေမချင်း
ရဟန်းမဝတ်ဟု ပြောဆိုခဲ့ သော ၄င်း သူသည် ဤပုစ္ဆာ အ ဖြေကို မရရှိဘဲ အသက်သာလျှင် ဆုံးရှုံး
နိုင် ပေမည်။

''အသင် မာလုကျပုတ္တ ဥပမာ တစ်ခု ပြအံ့  လူတစ်ယောက် အား အဆိပ်လူးထားသောမြှား ထိခဲ့ သည်
ရှိသော ၄င်း၏ ဆွေမျိုးသားချင်း တို့ က ဆေး ဆရာ သမားတော်ထံ ဆောင် ကြည်းသွားခဲ့ သော် ထို
လူနာက ကျွန်ုပ် အား ဘယ်သူ မြှားနဲ့ ပစ်သလဲ ၊ မြှားပစ်သမားသည် ခတ္တိယ လူတန်းစား စစ်သည်
တော် မျိုးနွယ်ကလား၊ ဗြဟ္မဏ အမျိုးနွယ်ကလား ၊ သို့ မဟုတ် ဝေဿ ကုန်သည် လယ်လုပ် အတန်း
စား ထဲက လူတွေကလား ၊အရပ် ရှည် သလား ပုသလား အသားမဲ သလား ဖြူ သလား ညို သလား
ဘယ် မြို့  ဘယ် ရွာ ကလဲ ဘယ် လို မြှားနဲ့ ပစ်လိုက်သလဲ မည်ကဲ့ သို့ လေးကြိုး ကို အသုံးပြုလိုက်သ
နည်း စသည်ဖြင့်  မေးမြန်းစုံစမ်းသည် ဆိုပါတော့  ထိုသူသည် ၄င်း သိလိုသော အ ကြောင်းအရာများ
တစ်ခုမှ မသိနိုင် မှီ အသက် သေဆုံးရလိမ့် မည်။

''မာလုကျပုတ္တ ဤနည်းတူစွာပင် တစ်စုံတစ်ယောက်သော သူသည် စကြာဝဠာသည် အစဉ်အမြဲ တည်
သ လော မတည် သ လော အစရှိသော ပုစ္ဆာ တို့ အား မ ဖြေမချင်း မြတ်စွာဘုရားထံပါး ၌ ရဟန်းမဝတ်
ဟု ပြောဆိုခဲ့ သော် ထိုသူသည် အသက် သေဆုံးထိတိုင် တထာဂတ ထံမှ ဤပုစ္ဆာ အ ဖြေများကို ရရှိ
မည် မဟုတ်ပါလေ။

ဗုဒ္ဓ မြတ်စွာဘုရားသည် မာလုကျပုတ္တ အား ရဟန်းဝတ်၍ သူတော်ကောင်း တရား ကျင့် နိုင် ရန်
ဤသို့ သော အယူဆ သ ဘော တရားများအ ပေါ် မူတည်မူ မရှိ ကြောင်း ရှင်းလင်းဟောပြ တော်
မူလေသည်။ ဤပြဿနာ အ ပေါ် မည်သို့ သော ထင် မြင် ယူဆ စေကာမူ ဇာတိ၊ ဇရာ၊ဗျာဓိ၊မာရဏ၊
သောက၊ ပရိဒေဝ ၊ဒုက္ခ ၊ဒေါမနဿ တို့ တည် ရှိနေမည်။

ခုခေတ် တက်သစ်လူငယ်များအတွက် နားလည် လွယ် ရန် စာရေးသူ ကျွန်တော် စေတနာ ရှေ့ ထား
ပြီး စိတ် ရှည် ရှည် နဲ့  ရှင်းပြ ပါမည်။

ဇာတိ ဆိုတာ ပါဠိ က လာသော စကားလုံး အဓိပ္ပါယ်က
ဘဝအသစ် ဖြစ်ခြင်း မူလ အ ကြောင်းရင်း ဖြစ်သောကြောင့်  ဇာတိ ဘဝ အသစ် တဖန် ပြန် ရခြင်းကို
ဒုက္ခ ဆင်းရဲ ခြင်းတွေဘဲ လို့ ဗုဒ္ဓ မြတ်စွာ ဟောကြားခဲ့ သည်။

ဇရာ (Sarar) ဒီစကားလုံးက လည်း ပါဠိစကားလုံး အဓိပ္ပါယ်က
အို ခြင်း၊ ဆံဖြူ ခြင်း၊သွားကျိုးခြင်း ၊အရည်တွန့် ခြင်း၊ ခါးကိုင်းခြင်း၊နားထိုင်းခြင်း၊မျက်စိမူန်ခြင်း၊ဆွေးမြေ့ 
တတ်ခြင်းသ ဘောကို ပါဠိ လို ဇရာ ''Sarar'' ဟုခေါ်သည်။

မရဏ ဒီစကားလုံးသည် ပါဠိ လာသော စကားလုံး အဓိပ္ပါယ်က
သေခြင်းဆိုတာ တစ်ခုသော ဘဝ ၌ တစ်ခုသော ကံကြောင့်  ပဋိသ န္ဓေ မှ စ၍ မပြတ် ဖြစ်နေ သော
အသက်ခေါ် ဇိဝိတ ရုပ် နာမ်တို့  ပြတ်စဲ သွားတဲ့ သ ဘောပါဘဲ။ မိမိ ကို ယ် ကို သေ အောင် လုပ်ခြင်း
သူ့ အလိုလို သေခြင်း၊ အသက် ကုန် ၍ သေခြင်း ကောင်းမူကံ ကုန်၍ သေခြင်း ဘယ်လို ဘဲသေ သေ
မရဏ လို့ ခေါ်ပါတယ်။ သေရ မှာ သတ္တဝါ တိုင်း မလိုချင် ကြပါဘူး ဗုဒ္ဓ မြတ်စွာဘုရား က မရဏ သေ
ခြင်းကို ဒုက္ခ ဆင်းရဲ ခြင်းလို့  ဟောတော် မူပါတယ်။

သောက ဒီစကားလုံး သည် လည်း ပါဠိ လာသော စကားလုံးဖြစ်သည် အဓိပ္ပါယ်က
စိုးရိမ် ပူဆွေးခြင်း ပါဘဲ ဆွေမျိုး သေ ကြေ ပျက်စီးခြင်း ၊သူခိုး သူပုန် ဓါးပြ ရောဂါ ဘေး မီးဘေး
ရေ ဘေး လေ ဘေး စ သော ညီအစ်ကို ညီမ သေခြင်း ကိုယ့် ချစ်သူ သူ များနောက် ပါသွားခြင်း
ဒီအရာ အားလုံး ခြုံပြီး ပြော ရင် ''သောက'' ဒုက္ခ စိုးရိမ် ပူဆွေး ခြင်း ဖြစ် ရပါတယ်။
ပရိဒေဝ ဒီစကားလုံး သည်လဲ ပါဠိ လာ စကားလုံး ဖြစ်သည် အဓိပ္ပါယ် က
ပရိဒေဝ ဆိုတာ ပျက် စီးခြင်း အ ကြောင်း တခု ကြောင့်  ငို ကြွေးမြည်းတမ်းတဲ့  အသံ နဲ့  ရုပ် ပါဘဲ၊
ရုပ် ရှင် မှာ ကိုနေတိုး တို့  သရုပ်ဆောင် ပြသလို ပေါ့  ဖျက်စီး ပစ်ခံရတဲ့ ကိုယ်ပိုင် ဆိုင် မူ တခုခုကြော
င်း အပြစ်ကို ဖော်ပြပြီး ယောင် ယမ်း ပြောဆို တာ ကို လည်း ကိုယ် ပင် ပန်း စိတ် ပင် ပန်း ရတဲ့ အတွက်
ြ မြတ်စွာ ဘုရား ရှင် က ပရိဒေဝ ဒုက္ခ ဆင်းရဲခြင်း လို့ ဟောပါတယ်။

ဒုက္ခ ဆိုတာ ပါဠိ လာ စကားလုံး ဖြစ်ပါတယ် အဓိပ္ပါယ် က ခန္ဓာ ထဲ ၌ မခံသာ တဲ့  အခံရခက် တဲ့ အ
ရာ ညောင်းခြင်း ပူ ခြင်း နာကျင် ကိုက်ခဲ ခြင်း မောပန်းခြင်း စသည် တို့ ကို လည်း ဒုက္ခ ကိုယ်ဆင်းရဲ
ခြင်း ဖြစ်ပါတယ်။ ကိုယ် ဆင်းရဲ နေမှ တော့  စိတ် လည်း ချမ်းသာ လာမှာ မဟုတ်တဲ့ အတွက် ဒုက္ခ ဟာ
မ ကောင်းသော အရာ ကြောက်ဖွယ် ဆင်းရဲခြင်း တရားလို့  ဟော တော် မူပါတယ်။
 
ဒေါမနဿ ဒီစကားလုံး သည်လည်း ပါဠိ လာ စကားလုံး ဖြစ်သည် အဓိပ္ပါယ် က
စိတ် နှလုံး မသာခြင်း စိတ်ပူ ခြင်း စိတ် ညစ် ခြင်း ဝမ်းနည်းခြင်း ကြောက်ခြင်း အစရှိတဲ့  ကိုယ်တွင်း
ဆင်းရဲ ခြင်း အားလုံး ကို ဒေါမနဿ ဟု ခေါ်သည်။ ယခု မျက်မှောက်ခေတ် ကမ္ဘာ တစ်ဝှမ်းလုံး ခံနေရ
ပြီး လေ ဒါတွေ ကို ဂထာဂတ မြတ်ဗုဒ္ဓ လမ်းညွန် ပြတဲ့ ကျင့် စဉ် နဲ့ မှ ကုသ နိုင် မှာ ဒီအ ရာ တွေ ကို
ကုသ နိုင် ဖို့  ဘယ် သိပ္ပံ ပညာ ရှင် ကမှဆေးကောင်း တွေ ဖော်ထုတ် နိုင် မှာ မဟုတ်ဘူး။

ဒါကြောင့်  နိုင် ငံခြား က ဘီလျံနာ သူဌေး ကြီး တွေက ဇတိ ဇရာ ဗျာဓိ မရဏ သောက ဒုက္ခ
ပရိဒေဝ ဒေါမနဿ ရောဂါ တွေဟာ ဆေး မရှိဘူး အဲဒါတွေ ကုစား ချင် လို့  ပိုင် ဆိုင် မူ စွန့် လွတ်ပြီး
ဗုဒ္ဓ တရား ကျင့် ကြံ လာခဲ့ ကြတယ် သိပ္ပံ ပညာရှင် တွေ ဒါတွေကို မြင် လို့  ဗုဒ္ဓဘာသာ ဘက် ကို ကူး
ပြောင်းလာကုန်ပြီး။

မာလုကျပုတ္တ အ ကြောင်း ဆက် ပြီး ရှုစားကြရ အောင်
အသင် မာလုကျပုတ္တ ဤ ဘဝ ၌ပင် ချူပ်ငြိမ်းရာ ''နိဗ္ဗာန်'' ကိစ္စကိုသာ ငါဘုရား ဟောကြားတော် မူပါမည်။

အသင် မာလုကျ ပုတ္တ မည် သည့် အ ကြောင်းရာ ကို ငါ ဘုရားမ ဟောကြား ရှင်းလင်းမပြသနည်း ဆို
သည် ကို ကောင်းစွာ နှလုံးသွင်း ထားကြပါတော့  စကြာဝဠာသည် အစဉ်အမြဲ တည်သ လော ၊မတည်
သ လော ၊အထက်ပါ အယူအဆ ''၁၀'' မျိုးစသည်တို့ ကို အချိန်ကုန် ခံ၍ ငါဘုရား ရှင်းလင်းဖော်ပြ
တော်မမူပါပေ။ ဤအယူဆ သ ဘော တရား တို့ သည် အသုံး မဝင်၊ အရာ မ ရောက်၊သူတော်မြတ်
တို့  ၏ လုပ်ငန်းကျင့် စဉ် နှင့်  ပတ်သက်ခြင်း ဆက်စပ်ခြင်း လည်း မရှိ ငြီးငွေ့ ရွံ ရှာခြင်း ၊တွယ်တာမူ
ကင်းခြင်း၊ ချုပ်ငြိမ်းခြင်း ၊ချမ်းမြေ့ ခြင်း ထိုးသွင်း သိမြင် ခြင်း နိဗ္ဗာန် သို့  ရောက် ရာ လမ်းစဉ် နဲ့ 
မကိုက် ညီ ထောက်ပ့ံ ကူညီ မူ မဖြစ်ခြင်း ကြောင့်  ဒီစကြဝဠာ မြဲသည် မမြဲသည် ဖန်ဆင်းရှင်
ရှိသည် မရှိသည် ကို ဟောပြ လျှင် လည်း အကျိုးတရား မရှိတဲ့ အတွက် အချိန် ကို ဖြူန်းတီးရာ
  ဖြစ်တဲ့ အတွက် မ ဟော ကြားပေးခြင်း ဖြစ်ပေတယ် အသင် မာလုကျပုတ္တ ။

သင် အား ဒုက္ခ ဖြစ်ပေါ်ခြင်း (သမုဒယ)အ ကြောင်း ဒုက္ခ ချူပ်ငြိမ်းရာ (နိရောဓ)အ ကြောင်း ဒုက္ခ
ချုပ်ငြိမ်းရန် လမ်းစဉ် ကို ဟောပြ ပေးနေသည် မှာ ဤ အ ကြောင်းအရာ က အသုံးဝင် အရာ ရောက်သည်။
သူတော်မြတ် တို့  လုပ်ငန်းကျင့် စဉ် နှင့်  အ ခြေခံ ဆက်စပ်လျှက် ရှိသည်။ ငြီးငွေ့ ရွံရှာခြင်း ဖြစ်စေသည်
တွယ်တာမူ ကင်းစေသည်၊ ချုပ်ငြိမ်းစေသည် ၊ချမ်းမြေ့ စေသည် ထိုးထွင်း သိမြင် ခြင်း နိဗ္ဗာန် သို့်
သို့ ရောက် ရှိစေခြင်း အလို့ ငှာ ထောက်ပံ့ ကူညီမူ ပြုသည်။

ထိုကြောင့်  ဤ အ ကြောင်း အရာမျာကို အချိန် နှင့်  အမျှ အကျိုးရှိသည့်  အတွက် ငါ ဘုရား ရှင်း
လင်း ဟော ကြားပေးနေခြင်း ဖြစ် ပါတယ် အသင် မာလုကျ ပုတ္တ ။
သာဓု သာဓု သာဓု။

ဒီစာ အဆုံးသတ် ရေးပြီးချိန် တနင်္လာ နေ့ 3:52 Am 15/12/2014
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...