စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆယ်ကျော်သက် တီထွင်ရှင်မလေး Ann Makosinski


Ann Makosinski လို့ အမည်ရတဲ့ ကနေဒါနိုင်ငံသူ ဆယ်ကျော်သက် အမျိုးသမီးငယ်လေးဟာ ၂၀၁၃ ခုနှစ်က Google Science Fair အသက် ၁၅ နှစ်နဲ့ ၁၆နှစ်တန်း တီထွင်မှု ပြိုင်ပွဲမှာ ဆုရခဲ့သူ ကလေးမလေး ဖြစ်ပါတယ်။ ယနေ့မှာဆိုရင် သူမဟာ အသက် ၁၇ နှစ်သာ ရှိပါသေးတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်ရဲ့ ကမ္ဘာ့ နည်းပညာလောကတွင် လွမ်းမိုးနိုင်သူ ၇ ဦး စားရင်းထဲ ပါဝင်ခဲ့ ပါတယ်။ fastcolabs.com ရဲ့ ရွေးချယ်မှု ဖြစ်ပြီး TIMES မဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာတွင် အသက် ၃၀ အောက် တီထွင်သူ ၃၀ စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ 

ဒါ့အပြင် သူမရဲ့ ထူးချွန်ထက်မြတ်မှုကို နိုင်ငံတကာမီဒီယာနဲ့ အဖွဲ့အစည်းများစွာ က ဖော်ပြကြပြီး တီဗီရုပ်သံလိုင်းတွေမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေမှာလည်း တင်ဆက်လျက် ရှိပါတယ်။ သူမ တီထွင်ခဲ့တဲ့ ပစ္စည်းကတော့ ဓာတ်ခဲမလိုပဲ မီးလင်းစေမ့် ဓာတ်မီး ဖြစ်ပါတယ်။ သူမဟာ ယင်းအိုင်ဒီယာကို သူမရဲ့ သူငယ်ချင်းရဲ့ အခက်အခဲကို ကြည့်ပြီးတော့ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံမှာ နေထိုင်တဲ့ သူမရဲ့ သူငယ်ချင်းဟာ ညဘက်မှာ စာကျက်ဖို့အတွက် လျှပ်စစ်မီး မရှိပါဘူး။ ဒါကြောင့်မို့ သူမသူငယ်ချင်းလိုပဲ အလားတူ လျှပ်စစ်မီး မရတဲ့ လူတိုင်းကို ယင်းအခက်အခဲအား ဖြေရှင်းဖို့အတွက် ဓာတ်မီးတီထွင်ဖို့ အိုင်ဒီယာရရှိခဲ့ ပါတယ်။

ဓာတ်မီးကို လက်နဲ့ ကိုင်လိုက်တာနဲ့ လက်က ပေးတဲ့အပူနဲ့ အပြင်လေထုနဲ့ ဓာတ်ပြုမှုမှသည် အပူမှ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးပြီး ဓာတ်မီး ကိုမီးလင်း စေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လက်နဲ့ ကိုင်ထားရုံနဲ့တင် မီးလင်းစေမယ့် နည်းပညာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ အတွေးအခေါ်တဲ့ တီထွင် ဆန်းသစ်မှုကို တော်ရုံ ပညာရှင်တစ်ဦးတောင် ပြုလုပ်ဖို့ မလွယ်ပါဘူး။ Ann Makosinski အနေနဲ့ ပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ နည်းပညာ လောကမှာ အလွမ်းမိုးဆုံး အမျိုးသမီး ၇ ဦး စာရင်းထဲ ပါဝင်ခဲ့ပါတယ်။
.
  အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...