စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဇော်ဂျီ ဖောင့်သာ အသုံးပြုနေရင်



လက်ရှိ ရိုးရာလေး အပြင် ရိုးရာလေး စာဖတ်သူ များဟာ ဇော်ဂျီ (Zawgyi) ဆိုတဲ့ font ကို အသုံးပြုလျက် ရှိပါတယ်။ လူအများစု အသုံးပြုတယ် ဆိုတဲ့ အချက် တစ်ချက်တည်းကြောင့် အသုံးပြုနေပေမယ့် သူ့မှာ အားနည်းချက်များစွာ ရှိပါတယ်။ ဥပမာ အားဖြင့် Web အပိုင်းမှာဆိုရင် ပြန်လည် ရှာဖွေခြင်းမှာ အခက်အခဲ ရှိပါတယ်။ 

မိမိတို့ အင်တာနက် အသုံးပြုတဲ့ ရည်ရွယ်ချက်ထဲမှာ အင်တာနက်ပေါ်မှာ အချက်အလက် များကို ရှာဖွေဖတ်ရှုရန် ဆိုတဲ့တစ်ချက်က အဓိက ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ဆယ်ကျော်က တင်ထားသည့် အချက်အလက်များ ဖြစ်သည့်တိုင် လွယ်တကူ ရှာတွေ့ နိုင်ပါတယ်။ ဒါကြောင့်ပဲ အင်တာနက် ခေတ်မှာ အရာအားလုံး ပြောင်းလဲ ခဲ့တာပါ။ ယခု စာရေးသူနဲ့ စာဖတ်သူတို့ အသုံးပြုနေတဲ့ Zawgyi font ဟာ ဆိုရင် ပြန်လည်ရှာဖွေမှု အပိုင်းမှာ ကောင်းမွန်စွာ ထောက်ပံ့နိုင်ခြင်း မရှိတာကြောင့် အချက်အလက် ပြန်လည် ရှာဖွေမှုမှာ အခက်အခဲ များစွာ ရှိပါတယ်။ ဆိုလိုရင်းကတော့ မိမိဟာ နောင် အသက်တွေ ကြီးလာတဲ့အခါ တစ်ချိန်တုန်းက ငါဒါတွေ ရေးခဲ့တာ၊ သူဒါတွေ ရေးခဲ့တာကို နောင်လာနောက်သား တွေအား Google တို့လို Search Engine ကနေ ပြန်ရှာပြမယ် ဆိုရင် မလွယ်ပါဘူး။ ဆိုရင် လို့ ဆိုတဲ့ နေရာမှာ တောင် ဆ+-ိ+ -ု ကို ရေးသူ ရှိသလို ဆ+ု +ိ လို့ ရေးသူလည်း ရှိပါတယ်။ ပြတာခြင်း မှန်ပေမယ့် အချက်အလက်ကို နည်းပညာ အရ သိမ်းဆည်းမှု မှားယွင်းတာကြောင့် အချက်အလက် ပြန်လည် ရှာဖွေလို့ မရ ပါဘူး။

ဒါကြောင့်မို့ နည်းပညာ ခေတ်မှာ နည်းပညာ သမိုင်း ရေးထိုးနေချိန် မြန်မာ့ သမိုင်းဟာ Zawgyi နဲ့ ရေးထားခြင်းကြောင့် ပြန်ရှာ ရနိုင်လိမ့်မှာ မဟုတ်ပါဘူး။

ဒါဟာ Web အပိုင်းသာ ရှိသေးပြီး အခြားသော နည်းပညာ ရှုထောင့်ပေါင်းစုံကနေ သုံးသပ်မယ် ဆိုရင်လည်း Zawgyi မှာ အားနည်းချက် များစွာ ရှိပါတယ်။ ဥပမာ စာ၊ စကားတို့နဲ့ ပက်သက်ပြီး နည်းပညာ ပစ္စည်းများ တီထွင်မှု၊ အလိုအလျောက် ဘာသာပြန်ပေးမည့် Translation software တီထွင် မှုတို့မှာလည်း အခက်အခဲ များစွာ ရှိပါတယ်။ နိုင်ငံတကာကလည်း အသိအမှတ် မပြုထားပါဘူး။ နိုင်ငံတကာက အသိအမှတ် မပြုခြင်းကြောင့် နိုင်ငံတကာက ထုတ်လုပ်ဖန်တီးတဲ့ နည်းပညာ ပစ္စည်းနဲ့ software များမှာလည်း အသုံးပြုရဖို့ က အနာဂတ်မှာ ဖြစ်မလာနိုင်တော့ ပါဘူး။

ဒါကြောင့်မို့ မြန်မာပြည်က ယူနီကုဒ် အသုံးပြုရေး လှုံ့ဆော်တဲ့ အဖွဲ့ တစ်ခုမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ယူနီကုဒ် အသုံးပြုတဲ့ နေ့ကို ပြုလုပ်ပြီး ယူနီကုဒ် အသုံးပြုကြရန် လှုံ့ဆော်လျက် ရှိကြောင်း သိရပါတယ်။

ယူနီကုဒ်နဲ့ ပက်သက်တဲ့ အကြောင်းအရာ များကိုhttps://www.facebook.com/groups/mmUnicode/ထဲမှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...