စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထားဝယ်မြို့ မှာပြုလုပ်တဲ့ မြန်မာ-ထိုင်းချစ်ကြည်ရေးတန်ဆောင်တိုင်ပွဲတော်




ထားဝယ်မြို့ မှာပြုလုပ်တဲ့ မြန်မာ-ထိုင်းချစ်ကြည်ရေးတန်ဆောင်တိုင်ပွဲတော်က မနက်ပိုင်းသံဃာအပါး ၃၀၀၀ ဆွမ်းခြောက်လောင်းလှူပွဲပုံရိပ်တွေပါ...
မြို့ မယဉ်ငေးရိပ်သာတည်ရှိရာ ရှမ္မလည်ဆွဲလမ်းကနေ အာဇာနည်လမ်းမကြီးတစ်လျှောက်ကြွချီလာခဲ့ပြီး တိုင်းဒေသကြီးအစိုးရုံးလမ်းဆုံကနေပြန်လှည့်ကြွချီခဲ့ပါတယ်...အနယ်နယ်အရပ်ရပ်ကဘုရားဖူးလာပြည်သူများအလွန်အမင်းများပြားပြီးဆွမ်းခြောက်လောင်းလှူဖို့ လာရောက်ကြသူအချို့ နေရာထိုက်ခင်အခက်အခဲကြောင်းမလောင်းလှူရတာမျိုးအထိဖြစ်ခဲ့ပါတယ်...
ထားဝယ်ရာသီဥတုကတော့အံ့သြလောက်ဖွယ်သာယာနေပြီးပွဲတော်ကိုပိုမိုစည်ကားစေခဲ့ပါတယ်...
မွန်းလွဲ ၂ နာရီအချိန်မှာတော့ သံဃာတော်အပါး ၁၀၀၀ က ရွှေတောင်စားစေတီတော်ရင်ပြင်ကနေပြီးပန်းခင်းလမ်းနဲ့ ပွဲတော်ကျင်းပမယ့်ရွှေဝယ်သီရိအားကစားကွင်းဆီကိုကြွချီမှာဖြစ်ပါတယ်။ဒီနေ့ ည ဆီမီး ၁၀၀၀၀ နဲ့  မီးပုံးအလုံး ၅၀၀၀ ပူဇော်ပွဲကို ရွှေဝယ်သီရိကွင်းမှာကျင်းပသွားခဲ့ပါတယ်။
crd phyo zin
 

 
 




https://www.facebook.com/technologyandknowledge/posts/754674324569948

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...