စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငှက်ဖျားနှင့် အခြားကူးစက်ရောဂါများအတွက် ဘီလ်ဂိတ်ဒေါ်လာ သန်း ၅၀၀ လှူဒါန်းမည်



ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငှက်ဖျား၊ နမိုးနီးယား၊ ၀မ်းရောဂါနှင့် အခြားသော ကူးစက်ရောဂါ အမျိုးမျိုးကြောင့် အသက် သေဆုံးသည်အထိဖြစ်ရသူ၊ မသန်စွမ်းသည်အထိဖြစ်သွားရသူများ ထပ်မံမပေါ်ပေါက်စေရန်အတွက် ဒေါ်လာ သန်း ၅၀၀ ကျော် လှူဒါန်းသွားမည်ဖြစ်ကြောင်း ဘီလ်ဂိတ်က ကတိပြုပြောဆို လိုက်ကြောင်း သိရသည်။

နယူးအော်လန်တွင် ပြုလုပ်သည့် အပူပိုင်းဒေသဆိုင်ရာ ဆေးဝါးနှင့် ရောဂါ ကုသကာကွယ်ရေး အမေရိကန်လူမှုအဖွဲ့အစည်း၏ (၆၃) ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံတွင် ဘီလ်ဂိတ်က ယင်းသို့ ကတိပြုခဲ့ခြင်းဖြစ် သည်။

ဘီလ်ဂိတ်နှင့် မီလင်ဒါဂိတ်တို့ ထူထောင်ထားသည့် ဂိတ်ဖောင်ဒေးရှင်းအနေဖြင့်လည်း ငှက်ဖျားရောဂါအတွက် ရန်ပုံငွေများကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း ဘီလ်ဂိတ်က ထပ်လောင်း ကတိပြုခဲ့သည်။

ယခုနှစ်အစပိုင်းတွင် ပျံ့နှံ့လာသည့် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၄၉၀၀ ကျော်ရှိနေပြီး ကမ္ဘာ့ကျန်းမာရေး သမိုင်းတစ်လျှောက်တွင် အဆိုးဝါးဆုံး သက်ရောက်မှုကြီးဖြစ်ကြောင်း ဘီလ်ဂိတ်က ဆိုသည်။

သို့သော်လည်း အဆိုပါ ရောဂါကြီးများအပြင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးကဲ့သို့ ရောဂါများ ပျံ့နှံ့နေမှုကိုလည်း လျှော့ချရန် လိုအပ်ပါကြောင်း ဘီလ်ဂိတ်က ဆိုထားသည်။

Ref: AFP

စည်သူကျော်စွာ
https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.3435

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...