စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကနေဒါက ကမ္ဘာ့ကြောက်စရာအကောင်းဆုံး တံတား တစ်ခု



 
Capilano ကြိုးတံတား (Suspension Bridge) ဟာ ကမ္ဘာ့ ကြောက်စရာ အကောင်းဆုံး တံတား များထဲမှ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ သူက ကနေဒါ နိုင်ငံ British Columbia ပြည်နယ် North Vancouver မြို့မှာ တည်ရှိတဲ့ တံတား ဖြစ်ပါတယ်။ သူက Capilano မြစ် ကို ကျော်ဖြတ်ပြီး ဆောက်ထားတာကြောင့် Capilano Suspension Bridge လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
တံတားဟာ ပေ ၄၆၀ ရှည်ပြီး မြစ်ရေပြင် အထက် ပေ ၂၃၀ အမြင့်မှာ ဆောက်ထားပါတယ်။

သူက မြစ်ရေပြင်ကို အပြင် ပန်းခြံ သစ်တောကိုပါ ကွေ့ဝိုက်ပြီး သွားအောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ တော်ရုံလူ မသွားရဲ ပါဘူး။ ပုဂ္ဂလိက ပိုင် တံတား ဖြစ်ပြီး ဝင်ကြေးပေး သွားရသည့်တိုင် တစ်နှစ်ကို တံတားပေါ် လည်ပတ်သူ ၈သိန်းကျော် ရှိပါတယ်။ တံတားကို ၁၈၈၉ ခုနှစ်ကတည်းက တည်ဆောက်ထားပြီး ၁၉၅၆ ခုနှစ်မှာ တစ်ခုလုံးကို ပြန်လည်တည်ဆောက် ထားရခြင်း ဖြစ်ပါတယ်။ 

သူ့ကို လည်ပတ်ကြတယ်ဆိုတာ မြစ်ကို ကြည့်ရှုရခြင်း အပြင် ပေ ၁၀၀ အထက်ကနေ သစ်တောကို လည်ပတ်ရလို့ ဖြစ်ပါတယ်။ ယင်း သစ်တော ဟာလည်း မြောက်အမေရိကမှာ အလှဆုံး သစ်တော စာရင်းထဲ ပါဝင်တဲ့ သစ်တော ဖြစ်ပါတယ်။ Capilano Suspension Bridge ကို အမေရိကန် နဲ့ ကနေဒါ တီဗီ ရုပ်သံလိုင်းတို့မှာ ထုတ်လွင့်တဲ့ ဇာတ်လမ်းတွဲ အချို့မှာ Setting နေရာ တစ်ခု အဖြစ်လည်း အသုံးပြုလျက် ရှိကြောင်း သိရ ပါတယ်။
.
http://en.wikipedia.org/wiki/Capilano_Suspension_Bridge
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

 
 
 
 
 
 https://www.facebook.com/yoyarlaydotcom/posts/783984978311423

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...