စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျက်နှာတွင် ဝက်ခြံနှင့် အဖုအပိန့်ထွက်သူများ သနပ်ခါး စားပေးလျှင် သက်သာစေနိုင်


ရာသီဥတု ပူပြင်းသောအခါ အပြင်ထွက်သူ၊ စက်ဘီးဆိုင် ကယ်စီးသူ များတွင် နေပူရှိန်ကြောင့် ချွေးထွက်ရမည့် မျက်နှာပြင်ရှိ ချွေးပေါက်များ တွင် ဖုန်မှုန့်၊ သဲမှုန့်နှင့် ကားဆိုင်ကယ် အိပ်ဇော်များမှ ထွက်သည့် ကာဗွန် ဒိုင်အောက်ဆိုဒ် အမှုန်များ ကပ်ငြိခြင်း၊ ပိတ်ဆို့ခြင်းများ ဖြစ်နိုင်သည်။ မျက်နှာရှိမွေးညှင်း ပေါက်ပိတ်ပြီး အတွင်းမှ ထွက်ရမည့် အဆီနှင့်ချွေးမ ထွက်ရသောအခါ ရောင်လာပြီး အဖုထွက် လာသည်။ ညှစ်လျှင်ပိတ်ဆို့ နေသော အဆီခဲ ထွက်လာသည်ကို ဝက်ခြံဟု ခေါ်ကြသည်။ ဝက်ခြံအ ညှစ်မတော်လျှင် ရောင်ကိုင်း လာပြီး ပိုးဝင်ခြင်း၊ ညှော်မိလျှင် အနာရင်း ပြီးကိုက်ခဲခြင်း၊ ပြည်တည်ခြင်းများကြောင့် နောက်ဆက်တွဲ ဖြစ်နိုင်သဖြင့် မသန့်ရှင်းသော လက်ဖြင့် အရမ်းမဲ့ ညှစ်သင့်ပေ။

ယခုအခါ မျက်နှာပေါ်မှ မလှမပဖြစ်နေသော ဝက်ခြံဖုများကို ခွဲစိတ် ကုသပေးသည့် အလှပြင်ဆိုင်နှင့် ဆေးခန်းများ ပေါ်ပေါက်လာပြီး ဝက်ခြံကို စနစ်တကျ ဖယ်ရှား ပေးသဖြင့် မိန်းကလေးငယ်များ သွားရောက်လျှက် ရှိကြသည်။ သို့သော် ဝန်ဆောင်ခ၊ ကုသခငွေကြေးမှာ သောင်းဂဏန်းမှ သိန်းဂဏန်း အထိ ကုန်ကျသဖြင့် သာမန်ဝင်ငွေမရှိသော မိန်းကလေးများ အဖို့မတတ်နိုင်ကြပေ။ ထိုသို့ မတက်နိုင်သော မိန်းကလေးများ အတွက် အသင့်တော်ဆုံးမှာ မိတ်ကပ်များ လိမ်းမည့်အစား သနပ်ခါး ထူထူ(ပါးကွက်) လိမ်းသွားလျှင် အကောင်းဆုံး ဖြစ်သည်။

သနပ်ခါးသည် နေပူဒဏ် အပြင် နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန် ရောင်ခြည်ကို ပင်ကာ ကွယ်နိုင် သည်ဟု အရေပြား ဆရာဝန်ကြီးများက ဟောပြောကြ ပါသည်။ သနပ်ခါး လိမ်းသည့် ဓလေ့သည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ် တည်းသာရှိမည် ထင်ပါသည်။ အချို့အပူပိုင်း ဇုံရှိနိုင်ငံ များတွင် ရွံ့ကိုလိမ်း ကျံပြီးနေပူ ဒဏ်ကို ကာကွယ်ကြသည်ကို တွေ့ရသည်။ သနပ်ခါးသည် လိမ်းလိုက်လျှင် အေးမြပြီး သင်းပျံ့သောရနံ့မှာ ရေမွှေးများနှင့် မတူဘဲစိတ် အေးချမ်းသောရနံ့ရှိသည်။ သနပ်ခါးကို လိမ်းရုံ သာမက လျှာပေါ်တင်ပြီး ဆေးအဖြစ် စားနိုင်သည်။

ရှေးကလူကြီးများသည် ကလေးငယ်များ ကိုနို့ပြတ်သည်နှင့် သနပ်ခါး ကျွေးလေ့ ရှိသည်။သနပ်ခါးအဖြစ် တုံးကို ကျောက်ပျဉ်တွင်သွေး ပြီးရေချိုးပြီးသော ကလေးကို ပါးစပ်အတွင်းဦးစွာခွန့်ပေး လိုက်သည်။ပြီး မှပျစ်နေသော သနပ်ခါးကိုရေ အနည်းငယ် ရောပြီးတစ်ကိုယ်လုံးလိမ်းပေး ကြသည်။သနပ်ခါးစားသောကလေးသည် ကျောက်ရောဂါနှင့်ဝက် သက်ရောဂါမှ ကာကွယ်ပြီး ဖြစ်သည်ဟု ဆိုကြသည်။

ယခု တစ်ကြော့ပြန် ခေတ်စား လာနေသော သနပ်ခါး စားနည်းမှာ ကလေးငယ်များ မဟုတ်။ အပျိုပေါက်နှင့် လူပျိုပေါက် ယောကျာ်းလေး များတွင် သနပ်ခါးကို လိမ်းရုံသာမက စားပေးခြင်းဖြင့် ဝမ်းအတွင်းမှ အပူ ငြိမ်းပြီးဝက်ခြံ ထွက်ခြင်းကို သက်သာနိုင်ကြောင်း လက်တွေ့သက်သာ လူငယ်များမှ ပြောပြကြသည်။ အထူးသဖြင့် ရေချိုးပြီး နောက်တစ်ကိုယ် လုံးအေးမြ နေချိန်တွင် နှစ်ကြိမ်သုံးကြိမ်ခန့်လျက်စားပေးခြင်းဖြင့်ဝက်ခြံ ထွက်ခြင်းကို သက်သာ စေနိုင်သည်။ သနပ်ခါးသည် အေးခါးသော အရသာရှိပြီး ဝမ်းတွင်းအပူများ အပြင်သို့ ကန်ထွက်ခြင်းကိုငြိမ်းစေနိုင် သောဆေးဖက်ဝင် အပင်မျိုးဖြစ်ကြောင်း တင်ပြအပ် ပါသည်။

ကြည်လွင်မြင့် (မုဒြာ)


https://www.facebook.com/photo.php?fbid=427693483995155&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...