စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ဘုန်းကြီးမဝတ်ခင် သိသင့်တာလေးတွေ”



၂၅.၆.၂၀၁၃၊ အင်္ဂါနေ့

(ညီတော် နောင်တော် ရဟန်းများကို မေတ္တာဖြင့် တပည့်တော်ရဲ့ အတွေးအမြင်လေး မျှဝေပေးပါရစေ။)

“ရဟန်းတစ်ပါးဟာ ပစ္စည်း(၄)ပါးကို အဓိကထားရှာရင် ပစ္စည်း(၄)ပါးလည်း မရဘူး။ တရားလည်းမရဘူး။”

“ရဟန်းတစ်ပါးသည် တရားကို အဓိကထားရှာရင် ပစ္စည်း(၄)ပါးလည်း ရသည်။ တရားလည်းရသည်။”

ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး က ဒကာ၊ဒကာမ အလုပ်တွေပါ။
စာချတဲ့ သံဃာတော်က စာဘဲ့ချ၊ တရားကျင့်တဲ့ သံဃာတော်က တရားဘဲ့ကျင့် သေတဲ့အထိအဲဒီ အလုပ်ဘဲ့ လုပ်ကြပါ။ စာလုပ်တယ်ဆိုတာ တရားကျင့်တာပါဘဲ့ အတူတူပါ။

*ရဟန်းလောကက ပိုအရေးကြီးပါတယ်*

အရှင်ဘုရားတို့ -
"လူတွေဆိုတာက မြေပြင်ပေါ် လမ်းလျှောက်တာနှင့်တူတယ်"

"ရဟန်း၊သံဃာဆိုတာက သစ်ပင်ပေါ် လမ်းလျှောက်တာနှင့်တူတယ်"

မြေပြင်ပေါ် လမ်းလျှောက်တဲ့သူက လဲကျရင် အနည်းဆုံးပွန်းရုံပဲ့ရုံပါဘဲ။သေလောက်အောင် မဖြစ်ပါဘူး။
သစ်ပင်ပေါ် လမ်းလျှောက်ပြီး ချော်ကျရင်ခြေကျိုးလက်ကျိုး ဘဝပျက်ပြီး သေနိုင်သကဲ့သို့ 
လူ့လောကမှာ ကိုယ့်လုပ်စာကိုယ်စားပြီးတော့မဟုတ်တရုတ်နေတဲ့ပုဂ္ဂိုလ်က ခံရလည်း အတော်အသင့်ဘဲ
ကိုယ့်လုပ်စာ ကိုယ်စားတာကိုး။

ရဟန်း၊သံဃာများကျတော့ သင်္ကန်းးဝတ်တဲ့ အချိန်ကစပြီး ဒကာ၊ဒကာမ လုပ်စာ စားရတာပါ။ ဒါကြောင့် ရဟန်း၊သံဃာများကျတော့ ပိုပြီးကိုယ့်ဟာကိုကြည်ညိုအောင် နေကြရတယ်။ ကိုယ့်ဟာကို မကြည်ညိုမိလို့ အပ္ပါယ်ကျရင် လူတွေထက်(၂)ဆ ခံရပါတယ်။ သူများ
ဟာတွေစား သူများဟာတွေ ဝတ်ထားလို့ ပါ။
(မေတ္တာရှင် ရွှေပြည်သာ)

Credit - ပရ ဟိတ ဒကာလေး

https://www.facebook.com/photo.php?fbid=434756713288832&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...