စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဟောက်ခြင်းမှ သက်သာစေရန်



30-6-2013

(၁) အနေအထားပြောင်းပါ
ပက်လက်အိပ်သည့်အခါ လျှာ အရင်းပိုင်းက လည်ချောင်းတွင်းဝင် ရောက်ပြီး အသက်ရှူလမ်းကြောင်း ကျဉ်းသွားတတ်သည်။ ထို့ကြောင့် ဘေးစောင်းအိပ်ပါ။ ပက်လက်အိပ်မှ အိပ်ပျော်တတ်သည်ဆိုပါက လည် ကုတ်အောက်၌ ခေါင်းအုံးထူထူထား ၍ ဦးခေါင်းအနည်းငယ်မော့နေသည့် ပုံစံဖြင့်အိပ်လျှင် အသက်ရှူလမ်း ကြောင်းပွင့်၍ ဟောက်ခြင်းမှရှောင် ရှားနိုင်သည်။
 

(၂) ကိုယ်အလေးချိန်လျှော့ချပါ
အထူးသဖြင့် ဗိုက်ရွှဲသူများ၌ ဗိုက်အလေးချိန်ကြောင့် အဆုတ်နှင့် အသက်ရှူလမ်းကြောင်း လုံလောက် စွာမပြန့်ကားနိုင်သဖြင့် ဟောက် တတ်သည်။
 

(၃)အရက်နှင့်မူးယစ်ဆေးများ ရှောင်ပါ
အရက်နှင့် မူးယစ်ဆေးများ သည် လည်ချောင်းကြွက်သားများ အလွန်အကျွံပြေလျော့မှုဖြစ်စေပြီး အသက်ရှူ လမ်းကြောင်းကို ကျဉ်း မြောင်းစေသည်။
 

(၄) နှာစေးသက်သာအောင်လုပ်ပါ
အအေးမိခြင်း၊ ဓါတ်မတည့်ခြင်း တို့ကြောင့် နှာခေါင်းပိတ်လျှင် ပါးစပ် နှင့်အသက်ရှူရသဖြင့် အိပ်ပျော် သည့်အခါ ပိုဟောက်လေ့ရှိသည်။ နှာစေးနှာပိတ်နေပါက ညမအိပ်ခင် ရေနွေးစပ်ချိုးပါ။ ကြာရှည်စွာ နှာ ခေါင်းပိတ်တတ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြီး စတီးရွိုက်အမျိုးအစား နှာခေါင်းအစက်ချဆေးသုံးစွဲပါ။
 

(၅) မသက်သာလျှင်ဆေးခန်းပြပါ
နည်းမျိုးစုံ စမ်းသပ်ကြည့်ပြီး အဟောက် မသက်သာသေးပါက ဆရာဝန်နှင့် တိုင်ပင်ပြသပါ။ အဟောက် သက်သာစေရန် ဆေးဝါး များဖြင့် ထိထိရောက်ရောက် ကုသ နိုင်ပါသည်။

သီဟ
Source:RD
Health Updates Journal

https://www.facebook.com/photo.php?fbid=436867736411063&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...