စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မတူရင် မတုနဲ့ ...



တစ်ခါတုန်းက လူတွေရဲ့ စိတ်ဓါတ်ကို နှိုးဆော်ရာမှာ နံမည်ကျော်တဲ့ စာပေဟောပြောသူတစ်ယောက်ရှိတယ်။ တစ်နေ့ တော့ သူက ပရိတ်သတ်တွေကို “ကျွန်တော့် ဘ၀ကို အကောင်းဆုံး ကျော်ဖြတ်ခဲ့တဲ့ အချိန်ကတော့ ကျွန်တော့အမျိုးသမီးမဟုတ်တဲ့ တစ်ခြားအမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေ ပါပဲ။” သူ့ ရဲ့ စကားကိုလည်း ကြားရော ပရိတ်သတ်ကြီးက အံ့သြတကြီးနဲ့ တိတ်ဆိတ်သွားတယ်။ အဲဒီအချိန်မှာပဲ စာပေဟောပြောသူက “အဲဒီ အမျိုးသမီးကတော့ ကျွန်တော့ရဲ့ အမေပါပဲ” လို့ ပြောလိုက်တဲ့ အချိန်မှာ ပရိတ်သတ်ကြီးက ပျော်ရွှင်ရယ်မောပြီး သူ့ ကို လက်ခုပ်တီး သြဘာပေးလိုက်တယ်။

တစ်ပါတ်လောက်အကြာမှာ အဲဒီစာပေဟောပြောသူရဲ့  သင်တန်းမှာ တက်ရောက်ခဲ့တဲ့ ထိပ်တန်း မန်နေဂျာတစ်ယောက်က စာပေဟောပြောသူ ပြောခဲ့တဲ့ ထိရောက်လှတဲ့ ဟာသကို အိမ်မှာပြန်ပြောဖို့ ကြိုးစားတယ်။ သူက ယမကာလေးကလည်း မှီဝဲထားလေတော့ ရီဝေေ၀ဖြစ်နေတာပေါ့။ ဒါနဲ့ ပဲ သူဟာ ညနေစာ ပြင်ဆင်နေတဲ့ ဇနီးသည်နားကို သွားပြီး “ကျွန်တော့် ဘ၀ကို အကောင်းဆုံး ကျော်ဖြတ်ခဲ့တဲ့ အချိန်ကတော့ ကျွန်တော့အမျိုးသမီးမဟုတ်တဲ့ တစ်ခြားအမျိုး သမီး တစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေ ပါပဲ။” သူ့ ရဲ့ ဇနီးသည်က ရုတ်တရက် စိတ်ဆိုးအံ့သြသွားပြီး “ဘာ” လို့ ပြောလိုက်တဲ့အခါမှာ အဲဒီ မန်နေဂျာကြီးက ဟာသရဲ့ ဒုတိယပိုင်းကို စဉ်းစားပြီး “အဲဒီ အမျိုးသမီးက ဘယ်သူလဲဆိုတာ ငါမေ့သွားပြီ” လို့ ပြောလိုက်တယ်။

မန်နေဂျာကြီး ပြန်သတိရလာတဲ့အချိန်မှာတော့ သူဟာ ဆေးရုံတစ်ရုံရဲ့ ကုတင်ပေါ်ကိုရောက်နေတယ်။ သူဟာ အပြင်းအထန် ဆီပူလောင်လို့  ဆေးကုသမှု ခံယူနေရတာပဲဖြစ်တယ်။

သင်ခန်းစာ။ ။ မတူရင် မတုနဲ့  ဆိုတဲ့သဘောလေးကို ထင်ဟပ်နေခြင်းပဲ ဖြစ်တယ်။



Internet က ဖတ်ရတဲ့ ပုံပြင်လေးပါ။ မူရင်း အင်္ဂလိပ်လိုလည်းထည့်ပေးလိုက်ပါတယ်။
စနိုး

DON'T COPY IF YOU CAN'T PASTE [a moral joke]

One day, a very popular motivational speaker who was addressing his audience said: "The best Years of my life were spent in the arms of a woman who wasn't my wife!"The audience was in total silence and shock. The speaker added: "And that woman was my mother!" the audience responded with Laughter and a round of Applause.


A week later, a top manager trained by the motivational speaker tried to crack this very effective joke at home. He was a bit foggy after a drink. He said loudly to his wife who was preparing dinner, "The greatest years of my life were spent in the arms of a woman who was not my wife!" The wife went; "ahhhh!" with shock and rage. Standing there for close to 20 seconds trying to recall the second half of the joke, the manager finally blurted out "...and I can't remember who she was!" By the time the manager regained his consciousness, he was on a hospital bed nursing first degree burns from boiling cooking oil.

The moral Lesson to be learnt from this story is: Don't copy if you can't paste!!!

ဘာသာပြန်ပုံပြင်များ

https://www.facebook.com/photo.php?fbid=427682673996236&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...