စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မသေနိုင်သော သတ္တဝါ - Immortal Jellyfish


Saturday, June 22, 2013

ဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။

တကယ်မသေနိုင်ပါဘူး။ ဇီဝဗေဒပညာရှင်တို့ လက်တွေ့ကျကျ လေ့လာမှု အရ ဓာတ်ခွဲခန်းမှာ စောင့်ကြည့်တာတောင် တစ်ကောင်မှ မသေဖူးပါ။ အရွယ်အစားလည်း သေးပါတယ်။ အချင်း ၀.၁၈ လက်မ က အကြီးဆုံးပါပဲ။ အငယ်ဆုံးကတော့ ၂ မီလီမီတာလောက်ထိ ရှိနိုင်ပါတယ်။ ပင်လယကြမ်းပြင် မှာ လင်းလိုက်၊ မိန်လိုက်နဲ့ သွားနေတဲ့အထဲမှာ ယင်း ဂျယ်လီ ငါးသေးသေးလေးများ ပါဝင်နေမှာ ဖြစ်ပါတယ်။

စတင်ပေါက်ဖွားရာကတော့ ကာရေးဘီးယမ်းပင်လယ်က ဖြစ်ပေမယ့် ကမ္ဘာ့ ဘယ်ပင်လယ်ရေ ဘယ်နေရာမှာမဆို ပြန့် နှံ့တတ်တဲ့ ဂျယ်လီငါး ဖြစ်ပါတယ်။ အစုအဖွဲ့လိုက် နေတတ်ပါတယ်။ အကောင်ပေါက် ပြီးချိန် ရေအောက်မှာ သန္တာကျောက်တန်းကို တွယ်ညှိနေတတ်ပြီး sexual reprodutuction process ကိုကျော်လွန်ပြီး နောက် ဂျယ်လီငါးလို သွားလာနေထိုင်နိုင်ပါတယ်။ ဆဲလ် အဟောင်းနဲ့ ဆဲလ်အသစ် အမြဲ လဲလှယ်နေတတ်ပြီး ဘယ်တော့မှ မသေသတ် ပါဘူး။

သေမယ်ဆိုရင်တောင် ငါးစားလို့ သို့မဟုတ် အခြား ပယောဂများကြောင့် သာ ဖြစ်ပြီး ကိုယ်တိုင်သာ နေထိုင်ရင် ဘယ်လိုမှ မသေနိုင်ဘူး လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့်လည်း Immortal jellyfish လို့အမည်ပေးထားပါတယ်။ သေပြီးသွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ် ပြန်ပြန်အစားထိုးသွားတဲ့ ဖြစ်စဉ်ကို ဆေးပညာရှင်နဲ့ သိပ္ပံပညာရှင် တို့ လေ့လာပြီး လူသားများအတွက် အသုံးပြုရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။

Ref: wiki,rarefacts
ရိုးရာလေး ဗဟုသုတ

https://www.facebook.com/photo.php?fbid=433582216739615&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...