စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ တတိယအနာဂတ်ဘေး -၁ ” - မဟာစည်ဆရာတော်ဘုရားကြီး




( ထေရ၀ါဒဗုဒ္ဓသာသနာတော်နှင့် သတ္တ၀ါတို့အကျိုးစီးပွားကို ထိပါးပျက်စီးစေမည့်ဘေးများကာကွယ်ရန် ဟောကြားချက် )

အနာဂတ ဘယ ဟူသည်မှာ အနာဂတ်ဘေး ဖြစ်ပါသည်။ အနာဂတ် ဆိုသည်မှာ ဘုရားရှင်ထင်ရှားရှိတော် မူသောခေတ်မှ အလွန်ပင် ဖြစ်သည်။ မြတ်စွာဘုရား ထင်ရှားရှိတော် မူသောခေတ်၌ မူ မဖြစ်ပေါ်သေး။

နောက်ကာလ များ၌ ဖြစ်ပေါ်ပါသည်။ သို့ဖြစ်၍ မျက်မှောက်ကာလရှိ ဖြစ်ပေါ်ဆဲ ဖြစ်ပေါ်ခဲ့ ဖြစ်ပေါ်လတ္တံ့ဘေးကြီးများကိုဆိုလိုသည်။ ဘေးဟူသည်မှာ သာသနာတော်၏ ဘေးလည်းမည်၏။ သတ္တ၀ါတို့၏ဘေးလည်း ဖြစ်သည်။

အန္တရာယ် တစ်ခုခု ကျရောက်မည်ကို တင်ကြိုသိထားပါက ကြိုတင်ကာကွယ်မှု လုပ်ထားနိုင်သဖြင့်ရှောင်တန်သမျှ ရှောင်နိုင်သည်။ ယခုလည်း အနာဂတ်ဘေးများကို ကြုံတွေ့ပါက
ထိုဘေးများအကြောင်း သုတ ပညာ ရှိသူ များသည် သက်သာတန်သ၍ သက်သာနိုင်မည်ကို ရည်ရွယ်၍ကောက်နုတ် ဖော်ပြပါသည်။ ဤတတိယ ဘေးကား မလျော်ကန်သော တရားဓမ္မ ဒဿနဆွေးနွေးမှုများကို ဆိုလိုပါသည်။

မလျော်ကန်သော တရားဓမ္မ ဒဿနဆွေးနွေးမှုများ

“ ကာယ ဘာဝနာတို့၊ သီလဘာဝနာတို့၊ စိတ္တဘာဝနာတို့၊ ပညာဘာဝနာတို့ အဲဒါတွေနဲ့ မပြည့်စုံဘဲနဲ့အဘိဓမ္မာ ကထာ( အဘိဓမ္မာ ကထာဆိုတာက ဒီနေရာမှာ အဋ္ဌကထာက ဖွင့်ထားတာကတော့
ဥတ္တမကထာ လို့ခေါ်တဲ့ မြတ်တဲ့ တရားတွေ သမထ ၀ိပဿနာ တရားတွေကို ပြောတာတဲ့။)

သမထနဲ့ စပ် ၀ိပဿနာ နဲ့စပ်ပြီးတော့ သကာလ တရားစကားတွေ ပြောတာ။ ဝေဒလ္လ ကထာဆိုတာကတော့
မဟာဝေဒလ္လ တို့ စူဠဝေဒလ္လ တို့မှာပါတဲ့ ဥာဏ်ပညာ နဲ့ ပီတိပါမောဇ္ဇ တွေဖြစ်ပြီးတော့အမေးအဖြေ လုပ်ရတဲ့ တရားဆွေးနွေးရတဲ့ တရားစကားတွေပါပဲ။
ပြောကြတဲ့ အခါကျတော့ ကိုယ်ကဒီသမာဓိ၊ပညာ တွေကို လေ့လာ ပွားများထားတာ မဟုတ်တဲ့ အခါကျတော့ စိတ်ကူးနဲ့ သူက ပြောရမှာကိုး။

ကိုယ်မသိတာတွေ ကိုယ်မနိုင်တာတွေ ထင်ရာမြင်ရာ လျှောက်ပြီးတော့ ပြောတဲ့ အခါကျတော့လွဲတာမှားတာ တွေလည်း ရှိကုန်မှာပေါ့။ သူများတွေလည်း အထင်အမြင် လွဲတာတွေ ရှိသွားဦးမယ်။

သူများတွေကို ကိုယ်က မမှန်ပါဘဲလျက် သူများမှန်နေတာတွေကို အမှားထင်ပြီးတော့ အဲဒီလိုရှူတ်ချပြီးပြောတာတွေလည်း ရှိလိမ့်မယ်။ သူများတွေကို ပစ်ပယ်ပြီး ပြောတာ လည်းရှိလိမ့်မယ်။

ကိုယ်က ပွားများ လေ့လာထားတာ မဟုတ်တော့ ကိုယ်မနိုင်တဲ့ ဥစ္စာဆိုတော့ ပြောလို့ရှိရင် ကိုယ်ကအနိုင်ရအောင်ဆိုပြီး တစ်ခါတည်းပြောတော့ အဲဒီမှာ သူများတွေကို ရှူတ်ချ၊ တရားအမှန်တွေကို
အမှားလုပ်၊ အမှားတွေကို အမှန်လုပ် မဟုတ်တာတွေ လျှောက်ပြောမိ အဲဒါတွေ ဖြစ်ပါလိမ့်မယ်တဲ့။

- ( ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး  အရှင်သောဘန )

မဟာစည်ဆရာတော်ဘုရားကြီး အနာဂတဘယသုတ် အား ဟောကြားချက်ကို ဆက်လက်ဖော်ပြပူဇော်ပါမည်။

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )

Young Buddhist's Association

https://www.facebook.com/photo.php?fbid=433271573437346&set=a.351047714

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...