စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူဆိုတာလည်း စက်ရုံကြီး တစ်ခုနဲ့ တူ


Output တစ်ခု ဖြစ်ဖို့အတွက် Input ရှိရမယ်ဆိုရင် လူဆိုတာလည်း စက်ရုံကြီး တစ်ခုနဲ့ တူနေမှာပဲ.....

စက်ရုံကြီး လည်ပတ်ဖို့ အတွက် စွမ်းအင်အဖြစ် အစာတွေ ကျွေးရတယ်... Overload မဖြစ်ဖို့အတွက် နေ့စဉ် အိပ်စက်ပြီး အနားပေးရတယ်....

အတွေးအခေါ်တွေ အယူအဆတွေ ထွက်ဖို့ အတွက် စာဖတ်ခြင်း၊ ပညာသင်ခြင်း Input တွေ ထည့်ပေးရတယ်....

မှန်ကန်တဲ့ Input ကောင်းကောင်း ထည့်လေ အရည်အသွေးမြင့်တဲ့ output ကောင်းကောင်း ထွက်လေပါပဲ..... ကိုယ့်ရဲ့ ကုန်ပစ္စည်း နာမည်ရလေပါပဲ....

စက်ပစ္စည်းတွေရဲ့ ကြံ့ခိုင်မှုကောင်းလေ output များများထုတ်နိုင်လေပဲ....

စက်တွေ ချို့ယွင်းလာရင် ကျန်းမာရေးဌာနကို ပို့ပြီးပြင်ရတယ်... ပျက်စီးမှုများရင် များသလို ပြင်ဆင်တဲ့ အချိန်လည်း ကြာတက်ပါတယ်...

တစ်ခါတစ်လေ ကြတော့လည်း လုံးဝပြင်မရလို့ စက်ရုံကို ရပ်လိုက်ရတာလည်းရှိတယ်...

တစ်ခါတစ်လေတော့လည်း ရန်သူမျိုးငါးပါးကြောင့်ဖြစ်ဖြစ် ကိုင်တွယ်မောင်းနှင်တဲ့ လူကြောင့်ဖြစ်ဖြစ် မတော်တဆမှုတွေကြောင့်ဖြစ်ဖြစ် စက်ရုံကြီး ပျက်စီးသွားတာမျိုးလည်း ဖြစ်တက်တာပဲ....

ဲပြုပြင် ထိန်းသိမ်းမှုကောင်းပြီး ဂရုတစိုက်နဲ့ အကိုင်အတွယ်မှန်ရင်တော့ ရေရှည် ရပ်တည်နိုင်ပါတယ်.....

ဒါပေမယ့် ဘယ်လောက်ပဲ အရည်အသွေးကောင်းတွေ ထုတ်လုပ်တဲ့ စက်ရုံဖြစ်ဖြစ် တစ်ချိန်ကျရင်တော့ ဘယ်လောက်ပဲ ထိန်းသိမ်းမှု ကောင်းပါစေ စက်ပစ္စည်းတွေရဲ့ အိုမင်း ယိုယွင်း လာတာကို မပြုပြင်နိုင်တော့ပဲ စက်ရုံကို ပိတ်ပစ်လိုက်ရတော့တာပဲ.....

ဘယ်လို အကြောင်းကြောင်းကြောင့် စက်ရုံကြီး ပိတ်လိုက်ရပေမယ့် ဒီစက်ရုံကနေ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ထုတ်လုပ်ခဲ့မယ်ဆိုရင်တော့ အရည်အသွေးကောင်းရင် ကောင်းသလောက် သူထုတ်ခဲ့တဲ့ ကုန်ပစ္စည်းတွေ မပျက်မစီးပဲ ထာဝရ တည်တံ့နေနိုင်မှာပါ.....

(AERO)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...