
"ကာလဒါနသုတ်"
•••••••••••••••
ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ -
၁။ ဧည့်သည် 'အာဂန္တုက' အား အလှူကို ပေးလှူ၏။
၂။ ခရီးသည်အား အလှူကို ပေးလှူ၏။
၃။ လူနာအား အလှူကို ပေးလှူ၏။
၎။ ငတ်မွတ်ခေါင်းပါးသော အခါ၌ အလှူကို ပေးလှူ၏။
၅။ ကောက်ဦး သစ်သီးဦးတို့ကို သီလရှိသူတို့အား ရှေးဦးစွာ ပေးလှူ၏။
ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်း ဟု မိန့်တော်မူ၏။
အလှူခံ၏ စကားကို သိတတ်ကုန်သော
နှမြော ဝန်တိုမှု ကင်းသော ပညာရှိတို့ သည် လျှောက်ပတ်သောအခါ၌ ပေးလှူကြကုန်၏၊
ဖြူစင် ဖြောင့်မတ်သည့် တာဒိ ဂုဏ်ရှိသော ပုဂ္ဂိုလ်တို့၌
အထူးကြည်လင်သော စိတ်ဖြင့် လျောက်ပတ်သော အခါ ၌ ပေးလှူ၏၊
ထိုပုဂ္ဂိုလ်၏ အလှူသည် ပြန့်ပြော၏။
အကြင်သူတို့သည် ထိုအလှူ၌ ဝမ်းမြောက်လည်း ဝမ်းမြောက်ကြကုန်၏၊
အမှုကြီးငယ် 'ဝေယျာဝစ္စ' ကိုပြုလည်း ပြုလုပ်ကုန်၏၊
ထိုသို့ ဝမ်းမြောက်ခြင်း အမှုကြီးငယ်ကို ပြုခြင်းကြောင့် အလှူသည် မယုတ်မလျော့နိုင်၊
ထိုဝမ်းမြောက်သူ (ဝေယျာဝစ္စ) ပြုသူတို့သည်လည်း ကုသိုလ် ၏ အဖို့အစုကို ရကြကုန်၏။
ထို့ကြောင့်တွန့်တိုခြင်းကင
အလှူ ပေးသည်ရှိသော် ကြီးကျယ်သော အကျိုးရှိနိုင်မည့် ပုဂ္ဂိုလ်၌ ပေးလှူရာ၏၊
ကောင်းမှု ကုသိုလ်တို့သည် တမလွန်ဘဝ၌ သတ္တဝါတို့၏ ထောက်တည်ရာ ဖြစ် ကုန်၏။
- [၆ - ကာလဒါနသုတ်၊ သုမန၀ဂ်၊ ပဉ္စက၀ဂ်၊ အင်္ဂုတ္တိုရ်။]-
Young Buddhist's Association
https://www.facebook.com/photo.php?fbid=436435963120907&set=a.351047714993066.7
No comments:
Post a Comment