စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"တန်ဖိုးရှိတဲ့ဘ၀ကြီး နှမြောစရာ.."



လူ့ စည်းစိမ်နဲ့ နတ်စည်းစိမ် ဘယ်ဟာက ကြီးကျယ် ခမ်းနားသလဲ။ ပျော်မွေ့ စရာကောင်းသလဲ။
လူ့ စည်းစိမ်ဆိုတာက နတ်စည်းစိမ်နှင့် စာရင် သူတောင်းစား စည်းစိမ်၊ စဏ္ဍာလ စည်းစိမ်ပဲ။

အလောင်းတော် တေမိမင်းသားမှာ ပါရမီတွေ ဖြည့်ချင်လွန်းလို့  အလွန်ကြီးကျယ်တဲ့ နတ်စည်းစိမ်တွေ
စွန့် ပြီး လူ့ ပြည်ဆင်းလာရရှာတယ်။ သူ့ လိုပဲနတ်စည်းစိမ်တွေ စွန့် ပြီး လူ့ ပြည်လာကြတဲ့
နတ်သားတွေတောင် ငါးရာ တဲ့..လိုက်ပါလာကြတာ။

လူ့ ပြည်ရောက်လာပြန်တော့ရော သူ့ ခမျာ ပါရမီဖြည့်ရတာ သက်သာရှာရဲ့ လား။

ဘုရားလောင်း ဘူရိဒတ် နဂါးကြီးဟာလဲ ဥပုသ်ကလေးစောင့်ချင်တာနဲ့  လူ့ ပြည်လာရရှာတယ်။ နဂါးစည်းစိမ်ကလဲ နတ်စည်းစိမ်လို ကြီးကျယ်ခမ်းနားတာပဲ။

အဲ လူ့ ပြည်ရောက်လာပြီး ဥပုသ်စောင့်ရသော်လဲဖြောင့်ဖြောင့် အေးအေးလူလူ မစောင့်ရရှာဘူး။
အလမ္ပာယ်လုပ်သမျှ ဒုက္ခခံပြီး စောင့်ရရှာတာ။

ကုသိုလ်ကောင်းမှုဆိုတာက ဘုံဘ၀တိုင်းမှာလုပ်လို့ ရတာမျိုး မဟုတ်ဘူး။ လူ့ ဘ၀မှာမှ လုပ်လို့ ရတာ။
ဒါ့ကြောင့် အလောင်းတော်ကြီးများ လူ့ ပြည်လူ့ ရွာဆင်းလာပြီး ပါရမီကုသိုလ်တွေ လုပ်ယူကြရတယ်။

ဒါကြောင့် လယ်တီဆရာတော်ကြီးကပြောတာ -လူ့ ဘ၀ဆိုတာ ဘ၀ပဒေသာပင်ကြီးတဲ့ ။

ကိုယ့်မှာ လွယ်လွယ်ကူကူ ရရှိနေတော့ ရခဲတယ်မထင်ကြဘူး။ တန်ဖိုးရှိတယ် မထင်ဘူး။ မထင်တော့
အချိန်တွေဖြုန်း၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန်နေသွား၊ပြီးတော့ သေ...။ တန်ဖိုးရှိတဲ့ဘ၀ကြီး နှမြောစရာ..။

(မြေဇင်းဆရာတော်ဘုရားကြီး)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
https://www.facebook.com/photo.php?fbid=436262276471609&set=a.351047714993066

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...