စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကားဘီးရေမြုပ်ရာ နေရာများတွင် မိုဒယ်မြင့်ကားများ ဖြတ်သန်းမောင်းနှင်ပါက Sensor များ ပျက်စီးနိုင်


Friday, June 21, 2013

ကားဘီးရေမြုပ်ရာ နေရာများတွင် မိုဒယ်မြင့်ကားများ ဖြတ်သန်းမောင်းနှင်ပါက ကားအောက်ပိုင်းအတွင်းရှိ Sensor များ ပျက်စီးနိုင်ကြောင်း ကားပြုပြင်သော ၀ပ်ရှော့များမှ သိရသည်။

ကားအောက်ပိုင်း အတွင်း တပ်ဆင်ထားသော Sensor များ မကြာခဏ ရေ၀င်ပါက Sensor ကြိုးများ ရှော့ခ်ဖြစ်နိုင်ပြီး Sensor ထိပ်ပိုင်း၌ သံချေးတက်နိုင်သောကြောင့် ကားအောက်ပိုင်းရှိ အ၀ိုင်းစည်းများ မကောင်းပါက ရေများ၊ သဲများ ၀င်ရောက်နိုင်ကာ ဘရိတ်စနစ်၊ ဒူးဆစ်ပိုင်း၊ Head Ball ၊ စတီယာရင် Guard များ ပျက်စီးနိုင်ကြောင်း သိရသည်။

“အကောင်းဆုံးကတော့ ကိုယ့်ရှေ့ကသွားတဲ့ ကားကဘီး ရေမြုပ်နေရင် မဖြတ်တာ အကောင်းဆုံးပဲ၊ ကိုယ်က ဒီလမ်းကြောင်းပဲ အမြဲ သွားနေရတယ်ဆိုရင်တော့ ကားအောက်ပိုင်းမှာရှိတဲ့ လှုပ်နိုင်တဲ့နေရာတွေက အ၀ိုင်းစည်းတွေကို သေချာ စစ်ဆေးထားသင့်တယ်၊ အ၀ိုင်းစည်းတွေ မလုံရင်တော့ ကားက တစ်ခုခု ချွတ်ယွင်းမှာပဲ”ဟု “အောင်ချိုဟိန်း” မိုဒယ်မြင့်ကားများ ပြုပြင်သော ကားဝပ်ရှော့မှ ကိုအောင်ချိုဟိန်းက ပြောသည်။

ရေတင်ကျန်နေ၍ ကားဘီး ရေမြုပ်သော နေရာများသို့ မိုဒယ်မြင့်ကားများ ဖြတ်သန်းမောင်းနှင်ပါက ကားအောက်ပိုင်းအတွင်းရှိ အ၀ိုင်းစည်းကောင်းသော ကားများမှာ ပြဿနာမရှိနိုင်သော်လည်း အ၀ိုင်းစည်းများ မလုံပါက အခြားသော အစိတ်အပိုင်းများလည်း ပျက်စီးနိုင်ပြီး ၀ါယာရှော့ခ်ပါ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းင်းက ဆက်လက် ပြောပြသည်။

မိုးရာသီအချိန်တွင် မောင်း နှင်သော ကားပိုင်ရှင်များအနေဖြင့် မိမိကားကို သေချာစွာ စစ်ဆေးရမည်ဖြစ်ပြီး ဘရိတ်စနစ်၊ ၀ိုက်ပါ၊ ကားရှေ့မီးကြီးများ ကောင်းမွန်မှသာ မိုးရွာသောအချိန်များ၌ မောင်းနှင်သင့်ကြောင်း ၀ပ်ရှော့ဆရာ ကိုအောင်ချိုဟိန်းက အကြံပြုပြော ကြားခဲ့သည်။

Automobile Journal

https://www.facebook.com/photo.php?fbid=433169976780839&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...