
ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်အရ ၂ဝ၂၈ ခုနှစ် အရောက်တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံး ရှိသော နိုင်ငံ အဖြစ်ဖြင့် တရုတ်နိုင်ငံကို ကျော်ဖြတ်သွားမည်ဟု သိရသည်။
ယခု လောလော ဆယ်၌ နှစ်နိုင်ငံ စလုံးတွင် လူဦးရေ ၁ ဒသမ ၄၅ ဘီလီယံစီ ရှိနေကြသည်။


အကြီးအကျယ် ဖွံ့ဖြိုး တိုးတက်နေဆဲ ဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘရာဇီး နိုင်ငံတို့တွင် အမျိုးသမီး တစ်ဦးလျှင် ပျမ်းမျှ ကလေးတစ်ယောက်သာ ယူနေကြရ၍ လျင်မြန်စွာ တိုးပွားမှု ကျဆင်းသွား ခဲ့သည်။ သို့သော်လည်း နိုက်ဂျီးရီးယား၊ နိုက်ဂျာ၊ အီသီယိုးပီးယားနှင့် ယူဂန္ဓာ နိုင်ငံများတွင်မူ မွေးဖွားရန် မျိုး ကောင်း အောင်မြင်သော အဆင့် အကြီးအကျယ် မြင့်မားနေပေသည်။ ရာစုနှစ် ထက်ဝက်ကျိုး သွားသည်နှင့် အမေရိကန် နိုင်ငံထက် နိုက်ဂျီးရီးယား၏ လူဦးရေသည် ကျော်တက်သွားမည် ဟု မျှော်လင့်ရပြီး ၂၁ဝဝ ပြည့်နှစ် အရောက်တွင် တရုတ်နိုင်ငံ၏ လူဦးရေသည် စတင်၍ ကျဆင်းလာတော့မည်ဟု ယူဆရသည်။

ကမ္ဘာတစ်ဝန်းလုံးတွင် လူဦးရေ တိုးပွားမှု
နှေးကွေးလာပြီဟု ဆိုသော်ငြားလည်း အားလုံးကို ခြုံငုံ၍ သုံးသပ် ရသော်
ဤအစီရင်ခံစာသည် ကျွန်ုပ်တို့အား သတိပေးလျက် ရှိနေသည့် အချက်တစ်ချက်
ဖြစ်နေပေသည်။ ၎င်းမှာအထူးသဖြင့် အာဖရိကကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတချို့သည်
ဆက်လက်၍ လျင်မြန်စွာ လူဦးရေ တိုးတက် လျက်ရှိကြောင်း ကုလသမဂ္ဂ၏
စီးပွားရေးနှင့် လူမှုရေးဌာနမှ အထွေထွေ အတွင်းရေးမှူးချုပ်၏ လက်
ထောက်ဝုဟောင်းဘို (Wu Hongbo) က ဝေဖန် ပြောကြားသည်။ ကုလသမဂ္ဂသည်
နှစ်နှစ်လျှင် တစ်ကြိမ် ကျ ကမ္ဘာ့လူဦးရေ ဖြစ်နိုင်ခြေ အလားအလာများ (World
Population Prospects) ကို အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် လူဦးရေတို့မှ
အကဲဖြတ် ထုတ်ပြန်လေ့ ရှိသည်။ ။
ဦးတိုး (တက္ကသီလ)
မူရင်း>>>http://www.myawady.net.mm/
No comments:
Post a Comment