
ဘီယာကို တစ်နှစ်အတွင်းမှာ နှစ်ပိုင့်(pints)ထက် ပိုသောက်ခဲ့မယ် ဆိုရင် ကင်ဆာဖြစ်ပွားမှုနှုန်း မြင့် တက်လာတယ်ဆိုတာကို သိပ္ပံပညာ ရှင်တွေက အတည်ပြုပေးခဲ့ပါတယ်။ ယမကာကြောင့်ကျန်းမာရေးထိခို
ယမကာကြောင့် ကျန်းမာရေးထိ ခိုက်မှု လေ့လာရေးအဖွဲ့ဟာ ဥရောပ ကော်မရှင်ရဲ့ ရန်ပုံငွေနဲ့လည်ပတ်နေ ပြီး ကမ္ဘာတစ်ဝန်းက တက္ကသိုလ် ပေါင်း၃၀ကျော်နဲ့ လေ့လာမှုအဖွဲ့ တွေနဲ့ ချိတ်ဆက်ထားပါတယ်။ ဘီ ယာကို တစ်နှစ်အတွင်းမှာ နှစ်ပိုင့်ထက် လျှော့သောက်ခဲ့မယ်ဆိုရင် ကင်ဆာ ရောဂါဖြစ်နိုင်ချေ အဆ ၆၀ဝ ကာကွယ် နိုင်တယ်လို့ နယူးကာဆယ်တက္ကသိုလ် က သုတေသီပါမောက္ခ Dr.Peter Anderson က ပြောကြားထားပါတယ်။
အီသနော၊ အဆီတယ်ဒီဟိုက်၊ အဆိပ်ဓာတ်(toxins)တွေနဲ့ ကင်ဆာ ဖြစ်စေတဲ့ carcinogens တွေဟာ အယ်လ်ကိုဟောထဲမှာ ပါဝင်နေတဲ့အ တွက် နေ့စဉ်သောက်သုံးသင့်တဲ့ ပမာဏ ထက် ပိုမသောက်သင့်ပါဘူး။ နှစ်စဉ် ဗြိတိန်နိုင်ငံသား ၄၅၀ဝဦး ထက် မနည်းဟာ အယ်လ်ကိုဟောနဲ့ ဆက် စပ်နေတဲ့ အူမကြီးကင်ဆာ၊ အသည်း ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ ရင်သား ကင်ဆာတွေကြောင့် သေဆုံးနေရ ကြောင်း အခုသုတေသနမှာ ဖော်ပြ ထားပါတယ်။
Health Updates Journal
No comments:
Post a Comment