
ဗီတာမင်ချို့တဲ့ခြင်းဟာ ပြည်သူ တွေနဲ့ မစိမ်းတဲ့ကျန်းမာရေး ဝေါဟာ ရဖြစ်ပေမယ့် စိတ်ဝင်စားဖို့ကောင်း တဲ့၊ အသိနည်းနေသေးတဲ့ အကြောင်း အရာတွေ အများကြီးရှိနေပါတယ်။ အချို့ကိုကောက်နှုတ် တင်ပြပေးလိုပါ တယ်။
၁။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မွေးဖွားလာ တဲ့ အသက်ငါးနှစ်အောက် ကလေး
ငယ်သုံးယောက်မှာ တစ်ယောက် လောက်ဟာ ဗီတာမင်အေ ချို့တဲ့နေ
တဲ့အတွက်ကိုယ်ခံအားကျခြင်း၊ ကြက်မျက်သင့်ခြင်းတွေ ဖြစ်ပွားနေပါ တယ်။
၂။ အမေရိကန်နိုင်ငံသား ထက်ဝက် ခန့်လောက်ဟာ ဗီတာမင်အေ၊စီနဲ့ မက်ဂနီဆီယမ်ဓာတ်တွေ ချို့တဲ့နေကြ ပါတယ်။
၃။ ကမ္ဘာ့ကလေးငယ် ၂၅၉သန်းကနေ သန်း၅၀ဝလောက်ထိဟာ ဗီတာမင် အေချို့တဲ့မှုကြောင့်
မျက်စိကွယ်နေ ကြရပြီးထက်ဝက်လောက်ဟာ အမြင် အာရုံဆုံးရှုံးပြီး
တစ်နှစ်အတွင်းမှာ သေဆုံးကြရပါတယ်။
၎။ ဗီတာမင်ဒီဟာ အရိုးပွရောဂါ၊
စိတ်ကျဝေဒနာ၊ ဆီးကျိတ်နဲ့ ရင်သား ကင်ဆာတွေ ကာကွယ်မှုမှာ အရေးပါ ပါတယ်။
နောက်ဆုံးလေ့လာမှုတွေ အရ ဗီတာမင်ဒီချို့တဲ့ရင် အဝလွန် ခြင်း၊
ဆီးချိုသွေးချိုရောဂါတွေနဲ့ ဆက်စပ်နေတယ်ဆိုတာပါပဲ။
၅။ဗီတာမင်B12 ချို့တဲ့တယ်ဆိုရင် homocysteine လို့ခေါ်တဲ့ ဓာတ် တွေများလာပြီးအယ်ဇိုင်းမားေ ရာဂါ ကြောင့် သေဆုံးမှုနှုန်း မြင့်တက်လာ စေပါတယ်။ ဒါ့အပြင် ကလေးမရနိုင် ခြင်း၊ ပျက်ကျခြင်းတွေနဲ့လဲ ဆက်စပ် နေပါတယ်။
၆။ ဗီတာမင်B6 သို့မဟုတ်ဖောလစ် အက်ဆစ်တွေ ကိုယ်ဝန်ဆောင်ကာ လမှာ
ချို့တဲ့မယ်ဆိုရင် ကလေးတွေ မှာမွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်ပွား
နိုင်ပါတယ်။
၇။ အာရှတိုက်သားအများစုဟာ ဆန် ကိုဖွတ်ပြီးဖွေးသန့်နေမှ
စားသုံး လေ့ရှိတဲ့အတွက် ဗီတာမင်B1 ချို့ တဲ့ကြပါတယ်။ အဲဒီအခါမှာ ဘယ်ရီ
ဘယ်ရီလို့ခေါ်တဲ့ ရောဂါဟာ သန်း ပေါင်းများစွာသောသူတွေကို ဆယ်စု
နှစ်ပေါင်းများစွာ နှိပ်စက်နေပါတယ်။
၈။၁၇ရာစုမှာ စကော့လူမျိုး ဆရာဝန်
Dr.James Lind က scurvy လို့ ခေါ်တဲ့ သွားဖုံးသွေးယိုခြင်းကို ဗီတာ
မင်စီချို့တဲ့နေတဲ့ တော်ဝင် ရေတပ်သား တွေမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်
တစ်ဆက်တည်းမှာပဲ လိမ္မော်သီး၊ လီမွန်သီးတွေစားပြီး
ပျောက်ကင်းတယ်ဆိုတာကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သက်ကို
ref:medindia
Health Updates Journal
သက်ကို
ref:medindia
Health Updates Journal
No comments:
Post a Comment