စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Hybrid သတ္တဝါများ



ခေါင်းစဉ်က စာဖတ်သူတွေအတွက် မျက်စိလည်စရာပါပဲ၊Hybrid ဆိုတဲ့အသုံးအနှုန်းဟာ စက်တပ်ယာဉ်တွေ မှာသာအသုံးပြုတဲ့ ဝေါဟာရပါ။လောင်စာစီနဲ့ လျှပ်စစ်တွေကိုသာအသုံးပြုတဲ့ စနစ်လို့အကြမ်းဖျင်း မှတ်ယူလို့ရပါတယ်၊ဒါပေမယ့် အခုပြောမယ့် Hybrid animal ကတော့ အဲလို
မဟုတ်ပါဘူး။မျိုးစပ်လို့ရတဲ့ သတ္တဝါနှစ်ကောင်ကို ပေါင်းစပ်ပြီး မွေးဖွားစေခြင်းပဲ
ဖြစ်ပါတယ်၊ဒါကြောင့် hybride animal နှစ်မျိုးစပ်သတ္တဝါ 2in1 ဖြစ်ပါတယ်။

Hybrid animal လို့သတ်မှတ်ထားတဲ့ သတ္တဝါတွေကတော့
================================

Liger
===
ရယ်ချင်ဖွယ် ဖြစ်ပေမယ့် အမှန်တကယ် ရှိနေတာပါ၊Liger လို့ခေါ်တဲ့ သတ္တဝါကတော့ ခြင်္သေ့အထီး(Lion) နှင့် ကျားမ(Tiger) တို့ကို စပ်ဖောက်ထားတဲ့ ခေတ်သစ် Hybrid animal ကိုဆိုလိုတာဖြစ်ပါတယ်။

ခြင်္သေ့နဲ့ ကျားကို အစွဲပြုပြီး သူ့ကို Liger လို့ခေါ်ဆိုစေတာဖြစ်ပါတယ်၊ထွက်ရှိလာတဲ့ ပုံစံကတော့ မြင်တွေ့ရတဲ့အတိုင်း ကျားလိုလိုခြင်္သေ့မ လိုလို ဧရာမကြောင်နှင့်ပင်ပိုတူကြောင်း ရယ်ချင်ဖွယ်
မြင်တွေ့ရပါတယ်၊


Cama
====
ဒါကတော့ ကုလားအုပ်ထီးနဲ့ သိုးမတို့ကို မိတ်လိုက်စေပြီး မွေးဖွားလာတဲ့ Hybride တစ်ကောင်ပါ၊၁၉၉၈ ခုနှစ် ဒူဘိုင်းနိုင်ငံမှာ စတင်မွေးဖွားလာတဲ့ Hybride animal စာရင်းဝင် Cama ဖြစ်ပါတယ်၊


Zedonk
=====
ဒါကတော့ မြင်းကျားအမ နှင့် မြည်းအထီးတို့ကို ပေါင်းစပ် သားဖောက်ထားတဲ့ Hybride animal ဖြစ်ပါတယ်၊
မြင်းကျား(Zebra) နှင့် မြည်း(Donkey) တို့ကိုအစွဲပြုပြီး Zedonk လို့ခေါ်ဆိုစေခြင်းဖြစ်ပါတယ်

Zorse
====
မြင်းကျားအထီး(Zebra) နှင့် သာမန်မြင်း(Horse) တို့ကိုပေါင်းစပ်ထားတဲ့ Zorse လို့ခေါ်တဲ့ Hybride animal တစ်ကောင်ဖြစ်ပါတယ်၊

ဖော်ပြထားသောပုံမှာ Liger ပုံသာဖြစ်သည်၊
သတ္တဝါတစ်ကောင်ချင်းစီပုံကို အောက်ပါလင့်ခ်မှာ ပြည်စုံစွာဝင်ရောက်
ကြည့်ရှုနိုင်ပါတယ်....

http://www.naytunmedia.com/2013/06/hybrid.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...