စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သတိထားဖွယ်ရာ အမျိုးသမီးများနှင့် ကာမေသုမိစ္ဆာစာရကံ "



အပိုင်း ... (၁)

အမေး။ .... ။ ဥူးဇင်းဘုရား။ တပည့်တော်မ တစ်ခုလောက် လျောက်ထားချင်ပါတယ်ဘုရား။
တပည့်တော်မနဲ့ တပည့်တော်မရဲ့ သူငယ်ချင်းတို့ ကာမေသုမိစ္ဆာ အကြောင်းကို
ဆွေးနွေးကြည့်ပါတယ်။ဒီဘက်ခေတ်မှာက စိုးရိမ်စရာတွေ မြင်နေမိလို့ပါ ဘုရား။
သူငယ်ချင်းကပြောပါတယ် ကျူးလွန်သူအိမ်ထောင်သည်သာလျှင် ကံထိုက်ပြီးတော့
တစ်ဖက်လူသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသူဆိုပါက ကံမထိုက်ဟု ဆိုပါသည်။
သူတို့ချင်း အတည်ယူလိုက်ပြန်လျှင်တော့ နှစ်ဦးစလုံးကံမထိုက်တော့ဟုဆိုပါသည် ဘုရား။
တပည့်တော်မကို ကာမေသုမိစ္ဆာအကြောင်းလေးအသေးစိတ်ဟောပြပေးပါ ရန် လေးစားစွာလျောက်ထားအပ်ပါသည် ဘုရား။
ရိုသေစွာဖြင့်။။


အဖြေ။ .... ။လူပုဂ္ဂိုလ်များနေ့စဉ်ဆောက်တည်နေကျဖြစ်သော ငါးပါးသီလထဲမှ တတိယမြောက်သိက္ခာပုဒ်ဖြစ်ပါတယ်။ အဓိပ္ပါယ်မှာ “မေထုန်အကျင့်၊ ဝါ- မေထုန်ဝတ္ထုတို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသော အကျင့်တို့မှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏” ဖြစ်၏။ (ကာမေသု= မေထုန်အကျင့်၊ ဝါ- မေထုန်အမှုဝတ္ထုတို့၌၊ မိစ္ဆာစာရော- တကယ်ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်)။
မေထုန်အကျင့်ဆိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသားတို့ ပျော်ပါးရွှင်မြူး ကြည်နူးပေါင်းဖက် စက်ယှက်ခြင်းပင် ဖြစ်ပါသည်။ ဤကဲ့သို့ ပေါင်းဖက် စပ်ယှက်ခြင်းမပြုဘဲ စင်စင်ကြယ်ကြယ် နေနိုင်ကြမည်ဆိုလျှင် မြတ်သည့်အကျင့် (ဗြဟ္မစရိယ) ဖြစ်၍ အလွန်ကောင်းပါ၏။ အကယ်၍ မနေနိုင်ကြသဖြင့် ပေါင်းဖက်စပ်ယှက်ကြမည်ဆိုလျှင်လည်း ကိုယ်ပိုင် ဇနီးမောင်နှံအချင်းချင်းပဲ မွေ့လျော်တင်းတိမ် ရောင့်ရဲသင့်ကြပါ၏။

ယောက်ျားတို့အဖို့၊ မိမိပိုင်ဇနီးမယားနှင့်ပျော်ပါးခြင်း၊ မိန်းမတို့အဖို့ မိမိ၏ ကာမပိုင် လင်ယောက်ျားများနှင့် ပျော်ပါးခြင်းတို့ကား လောကအလိုက် မကဲ့ရဲ့ထိုက်သဖြင့် ယုတ်မာသည်ဟု မဆိုသာ၍ ကာမေသု မိစ္ဆာစာရမဖြစ်၊ မိမိဇနီးမောင်နှံမှတစ်ပါး၊ မဆိုင်ရာလူများနှင့် ပျော်ပါးခြင်းတို့ကား လောကအလိုက် ကဲ့ရဲ့ထိုက်၍ ယုတ်မာသောအကျင့်ကို ဖြစ်သောကြောင့် ကာမေသုမိစ္ဆာစာရကံ ထိုက်သည်။
ဤနေရာ၌ “မဆိုင်ရာလူများ” ဆိုသည်မှာ မိဘစသည်တို့ ထိန်းသိမ်းစောင့်ရှောက်မှုရှိသည့် အမျိုးသမီးများနှင့် သူများပိုင် ဇနီးမယားတို့ဖြစ်သည်။ ထိုအမျိုးသမီး သဘောတူတူ၊ မတူတူ ပေါင်းသင်းဆက်ဆံသည့်ယောက်ျား များမှာ ထိုကံထိုက်သည်ဟု ဆိုလိုပေသည်။ အမှန်အားဖြင့် ယုတ်မာသော အလိုသဘောဖြင့် မသွားမလာထိုက်သော မိန်းမတို့၌ လွန်ကျူးကြောင်း ကာယကံစေတနာသည် ကာမေသုမိစ္ဆာစာရမည်၏။

အရှင်ဝိမလ၀ံသ ( နာလန္ဒာတက္ကသိုလ် )


https://www.facebook.com/photo.php?fbid=435131813251322&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...