စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပေါ်ပြူလာ ဖွားဖက်တော်လေးများ နဲ့ ၁၆နှစ်


Tuesday, June 25, 2013

         ပေါ်ပြူလာ ဂျာနယ် အနေနဲ့ ၂ဝ၁၃ဇွန်လမှာ ၁၆ နှစ်ပြည့်ခဲ့ပြီ ဖြစ်သလိုပေါ်ပြူလာနဲ့ အတူတူ စတင်မွေးဖွား ကြီးပြင်းခဲ့ကြတဲ့ မေသန်းနု ရဲ့ သား မင်းသန့် မောင်မောင် ၊ မေခလာ ရဲ့သမီး ပဉ္စာလစန္ဒီ (ခ) မြင့်မြတ်သူ၊မေသဉ္ဇာဦးရဲ့ သား မင်းသုခိုင်၊ လင်းဇာနည်ဇော် ရဲ့သမီး မြူလင်းကိုကို တို့လည်း ၁၆ နှစ် အရွယ် ကို ရောက်ရှိ လာခဲ့ ပြီဖြစ်ပါတယ်။ ပေါ်ပြူလာ ရဲ့ နှစ်ပတ်လည် အချိန်တိုင်းမှာလည်း ဖွားဖက်တော် ကလေး ၄ ယောက်နဲ့ အတူ သူတို့ရဲ့ ကြီးပြင်းလာမှု အမှတ်တရ ပုံရိပ်တွေကိုပါ နှစ် စဉ်ဖော်ပြ ဖြစ်ခဲ့
ပါတယ်။ ယခုနှစ်မှာတော့ ၁၆နှစ် အရွယ် အထိ သူတို့ကို ကြီးပြင်း လာအောင် ပြုစု စောင့်ရှောက်ခဲ့ကြတဲ့ မိခင်တွေရဲ့စကားသံတွေကို စုစည်း ပြီး ပေါ်ပြူလာ ၁၆နှစ်ပြည့် အမှတ်တရ အနေနဲ့ တင်ဆက်လိုက်ပါတယ်။

မေသန်းနု

“၁၆ နှစ်သား တစ်ယောက်ကို လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးက အစ အစစအရာရာ ပြုစုပျိုးထောင် ပေးရတာပေါ့။ ၁၆ နှစ်ဆိုတာက စိတ်ကစားတတ်တဲ့ အရွယ်လေ။ အဲဒါကြောင့် သေသေချာချာ ကြပ်ကြပ် မတ်မတ်နဲ့ ဂရုစိုက်ရတယ်။ သားက တော့ အနေအေးပါတယ်။ ကလေး စိတ်ပဲ ရှိသေးတယ်။ အနေအေးတော့ ထိန်းရတာလည်း သိပ် မခက်ပါဘူး။ သူ နဲ့ပေါင်းနေတဲ့ သူငယ်ချင်းတွေက လည်း သူ့လိုပဲ ဆိုတော့ သိပ်ပြီး ထိန်းရတာ မခက်ကြဘူး။ အားလုံးက လူပျိုစိတ် မရှိကြသေးဘူး။ ကလေး စိတ်တွေချည်းပဲ။ သူတို့ အရွယ်က တအား ထိန်းချုပ်တာကို မကြိုက်ချင် ကြဘူး။ သူတို့ နားမှာနေပြီး မသိသလိုလေး နဲ့ အမြဲတမ်း နားစွင့်ရတာပေါ့။ နားမစွင့်ဘဲ နဲ့ နေလို့မရဘူး။ ကိုယ်က အမြဲတမ်း နားစွင့်နေရတယ် ဆိုတာ တော့ မပြဘူးပေါ့။ 


သားက တအား အရပ်ရှည်တော့ ဒီအတိုင်း လွှတ်ထားလို့မရဘူး။ ခန္ဓာကိုယ် ထွက်လာအောင်လည်း အမြဲ ဂရုစိုက်ပြီးနေခိုင်းတယ်။ မဆင့်လည်း မဆင့်သားကို သေသေ ချာချာ အသေးစိတ် ဂရုစိုက်သလိုပဲ ပေါ်ပြူလာ ဂျာနယ်မှာ ရှိတဲ့ လူတွေက လည်း ၁၆ နှစ် အရွယ် ပေါ်ပြူလာကို စာပေနဲ့ ပတ်သက်ပြီး တိုးတက် ကောင်းမွန်အောင် အမြဲတမ်း ဂရုတစိုက်နဲ့ စောင့်ရှောက်ကြမယ်လို့ မဆင့် ယုံကြည်ပါတယ် ။ ပေါ်ပြူလာ ဂျာနယ်က အောင် မြင်မှု ရရှိနေတဲ့ ဂျာနယ်တစ်ခုပါ။ ဒီ့ထက်မက အောင်မြင်ပါစေလို့လည်း ဆုမွန်ကောင်း တောင်းလိုက်
ပါတယ်”

မေခလာ

“သမီးလေးက တစ်ခါတလေ အပေါင်းအသင်း တအားမက်တယ်။ ဒီအရွယ် လေးတွေက ထိန်းရတာ နည်းနည်း ခက်လာပြီ။ ဒီလိုပြောရင်သူ့ကို ချုပ်ချယ်တာလား၊ ဒီလိုပြော ရင်သူက ဘာလုပ်နေလို့လဲ။ ဒါမျိုးလေး တွေတော့ Complain တက်တယ်။ အဲဒါကို အစ်မက သူ့ကို တစ်ချက် အသံ မာမာနဲ့ ဟောက်လိုက်ရင် သူငြိမ်သွား တယ်။ ဒီလိုပဲ ထိန်းရတာပေါ့။ သမီး လေးနဲ့ ပေါ်ပြူလာမလေး နဲ့က Sweet 16 တွပေါ့။ Sweet 16 ဆိုတာ တအား ချစ်စရာကောင်းပါတယ်။ 


အပြစ်ကင်း စင်ပြီး ပျိုမြစ်နုနယ် တဲ့အလှကို ပိုင် ဆိုင်ထားကြတယ်။ သန့်ရှင်း စင်ကြယ် တဲ့ ခန္ဓာကိုယ်တွေ၊ သန့်ရှင်း စင်ကြယ် တဲ့ သူတို့ရဲ့ စိတ်နှလုံး၊ သန့်ရှင်းစင် ကြယ်တဲ့ မျက်နှာတွေက သူတို့ရဲ့ ပုံရိပ်တွေမှာ ပေါ်နေတယ်။ ဒါကြောင့် ပျိုမြစ်နုနယ်မှုကို ပိုင်ဆိုင်ထားကြတဲ့ ပေါ်ပြူလာ မလေးရယ်၊ သမီးလေး ရယ် ကောင်းမှု ကုသိုလ်လုပ်တဲ့ နေ ရာမှာလည်း အတူ တကွ နဲ့နှစ်ပေါင်း များစွာ ရေရှည် လက်တွဲပြီးတော့ သာသနာအတွက် ကုသိုလ်ကောင်းမှု တွေ ကိုအတူတူလုပ် သွားကြတယ်။ ပေါ် ပြူလာမလေးလည်း ရေရှည် တည်တံ့ ခိုင်မြဲနိုင်ပါစေလို့ဆုတောင်းပါတယ်”

မေသဉ္ဇာဦး

“ကျွန်မ သားငယ်က အခုမှ ၁ဝတန်း အောင်တာ၊ ကျွန်မကတော့ မိဘတစ် ယောက် အနေနဲ့ မကြိုက်တာတွေကို ပြောပြထားတယ်။ အခုခေတ် ကလေးတွေ အကုန်လုံးက ဂျစ် ကန်ကန် ပုံစံလေးတွေ ဆိုတော့ မိဘက ဆုံးမ ရင်ဆူတာပဲ ထင်ကြတာ။ ဒီအရွယ်တွေကို ထိန်းရတာ သတိတော့ ထားရတယ်။ ကိုယ်ဖြစ်ချင်တာ ကိုလည်း ပြောပြတယ်။ သူတို့ ဖြစ်ချင်တာတွေ ကိုလည်း လိုက်လျောတယ်။


 ပေါ် ပြူလာ ဂျာနယ်က လည်း ၁၉၉၇ ခုနှစ် မှစတာ။ အခု ဆိုရင် ၁၆ နှစ် ပြည့်ပြီး ကျွန်မ သားငယ် ကလည်း အသက် ၁၆နှစ် ဆိုတော့ ပေါ်ပြူလာအမှတ်တရဖြစ်တာ ပေါ့။ တစ်တွဲတည်း၊ တစ်နှစ်တည်း ထွက်လာတာဆိုတော့ ကိုယ့်သား အသက်နဲ့ အတူ တူဖြစ်နေတာပေါ့။ ပေါ်ပြူလာ ဒီလောက်ထိ ထိန်းထား နိုင်တာ အဘက်ဘက်က ကြိုးစားအား ထုတ်မှုကြောင့် လို့ထင်ပါတယ်။ ဘက်စုံက ဖြည့်ဆည်းပေးလို့လည်း ဒီ ဂျာနယ် က ကြာရှည်ခံတာလေ။ ပေါ်ပြူလာ ရေရှည်ထိန်း
ထားနိုင်သလိုကိုယ်လည်းကိုယ့် သားလေးကိုဆက်ထိန်းရဦးမှာပါ

လင်းဇာနည်ဇော်

“ပေါ်ပြူလာဂျာနယ်ရဲ့ မွေးနေ့ က မလင်းရဲ့သမီးမွေးတဲ့နှစ် နဲ့ အတူ တူပဲဖြစ်နေတာကြောင့် ထွေထွေ ထူးထူး မှတ်နေစရာ မလိုဘူး။ ပေါ် ပြူလာ ဂျာနယ်ရဲ့ မွေးနေ့ကို အမြဲ အမှတ်တရ ရှိနေပါတယ်။ မလင်း သမီးလေးကို မိဘ တစ်ယောက်အနေ နဲ့ လိမ္မာရေးခြား ရှိစေချင်တယ်။ ထူးချွန်ထက်မြက်
စေချင်တယ်။ အဲဒီလို ပဲ သမီးလေး နဲ့ မွေးနှစ် တူ သူငယ်ချင်း ပေါ်ပြူလာ ကိုလည်း သမီးလေး ကို ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ထပ်တူထပ် မျှဖြစ်စေချင်ပါတယ်။ ဒီထက်မက ပိုအောင်မြင်စေ ချင်ပါတယ်လို့ ဆု တောင်းပေးပါတယ်”

popular myanmar

https://www.facebook.com/photo.php?fbid=434770436620793&set=a.351047714993

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...