စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသား၊ အမျိုးသမီးအားလုံး အသားအရေ လှပချောမွေ့ရန်အတွက် နေ့စဉ် လိုအပ်ချက်ငါးမျိုး



အခုခေတ်မှာ အမျိုးသမီးတွေသာမက အမျိုးသားတွေဟာလည်း အသားအရေ လှပအောင် ကြိုးစားလာကြပါပြီ။ အပြစ်အနာအဆာ ကင်းတဲ့ အသားအရေ အလှကို ပိုင်ဆိုင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေးစားမှုကို တိုးစေတဲ့အတွက် အသားအရေ လှပရေးဆိုင်ရာ နေ့စဉ် အခြေခံ လိုအပ်ချက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) အင်တီအောက်ဆီးဒင့်
အင်တီအောက်ဆီးဒင့်တွေက နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန်စေသလို ကင်ဆာကိုလည်း ကာကွယ်နိုင်ပါတယ်။ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပင်လယ်စာနဲ့ သံလွင်ဆီတွေထဲမှာ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်က ဆဲလ်ကောင်းတွေကို ထိခိုက်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေရဲ့ လုပ်ဆောင်မှုကို တွန်းလှန်ပေးပါတယ်။ ဒီလိုနည်းနဲ့ အရေပြား ဆဲလ်တွေကို ကျန်းမာစေတာ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် နှစ်မျိုးဖြစ်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့က အရေပြားကို အောက်ပါနည်းတွေနဲ့ ကျန်းမာလှပစေပါတယ်။

ဗီတာမင်စီ - အရေပြားတင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေကို တည်ဆောက်ပေးပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ပန်းသီးနဲ့ ချဉ်တဲ့ သစ်သီးတွေထဲမှာ ဗီတာမင်စီ ပါဝင်ပါတယ်။

ဗီတာမင်အီး - ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်မှုကို တွန်းလှန်ပေးနိုင်ပြီး အရေပြား ဆဲလ်အမြှေးပါးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဂျုံစေ့ဆီ၊ ဗာဒံစေ့နဲ့ မြေပဲထောပတ်တွေထဲမှာ ဗီတာမင်အီး ပါဝင်ပါတယ်။ အသားအရေကို လှပစေတဲ့ အင်တီအောက်ဆီးဒင့်တွေက ဆီလီနီယမ်၊ သိုင်ယာမင်၊ ဘီတာကယ်ရိုတင်းနဲ့ ဇင့်(သွပ်)တို့ ဖြစ်ပါတယ်။

(၂) နေကာခရင်မ်
နေကာခရင်မ်ကို ပုံမှန်လိမ်းပေးရင် အရေပြား ကင်ဆာ

အပါအဝင် အရေပြား အပြစ်အနာအဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြား အိုမင်းမှုဖြစ်တတ်သလို အရေးကြောင်းထင်တာနဲ့ အရေပြား လျော့တွဲကျတာတို့လည်း ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် နေကာခရင်မ်ကို ပုံမှန်လိမ်းပေးရင် အရေပြားကို အရွယ်မတိုင်ခင် အိုမင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အပြင်မသွားခင် အနည်းဆုံး မိနစ် ၂ဝ အလိုမှာ နေကာခရင်မ်လိမ်းပါ။ ရေကူးရင် ဒါမှမဟုတ် ချွေးထွက်များရင် နေကာခရင်မ်ကို ထပ်မံလိမ်းပေးရပါမယ်။

(၃) မရှိမဖြစ် ဖက်တီးအက်စစ်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တချို့မှာ မရှိမဖြစ် ဖက်တီးအက်စစ် (EFA) ပါဝင်ပါတယ်။ ဒါကရေနဲ့ အာဟာရဓာတ်တွေကို စုပ်ယူထားနိုင်တဲ့ အဆီဓာတ်အခြေခံ ဆဲလ်အမြှေးပါးတွေကို တည်ဆောက်ပေးလို့ပါ။ အရေပြားမှာ အဆီရှိတာကြောင့် ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်မှုနဲ့ လေထုညစ်ညမ်းမှုတို့ မဖြစ်အောင် အရေပြားကို ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများလွန်းရင်၊ ရေဓာတ်ခမ်းခြောက်လွန်းရင် အရေပြားကနေ ဆီကြည်ထွက်နှုန်းများပြီး အရေပြားကို ခြောက်သွေ့တာ၊ ရောင်ရမ်းတာနဲ့ အပြစ်အနာအဆာ ထင်တာတို့ ဖြစ်နိုင်ခြေ များပါတယ်။ သင့်အသားအရေကို ကြည့်ကောင်းစေတဲ့ မရှိမဖြစ် ဖက်တီးအက်စစ်တွေက အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ အိုမီဂါ ၆ ဖက်တီးအက်စစ်တို့ ဖြစ်ကြပါတယ်။ ကြက်၊ ဝက်၊ ဘဲ၊ ကောက်နှံစာနဲ့ ဟင်းချက်ဆီတွေထဲမှာ အိုမီဂါ ၆ ပါဝင်ပြီး ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ပဲနီစေ့၊သီဟိုဠ်စေ့ တွေထဲမှာ အိုမီဂါ ၃ ပါဝင်မှု များပါတယ်။

(၄) ရေ
လူ့ခန္ဓာကိုယ်ကို ရေတွေနဲ့ တည်ဆောက်ထားပါတယ်။ ရေဟာ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ထွက်ရှိစေသလို ဆဲလ်တွေထဲကို အာဟာရဓာတ်တွေစုပ်ယူရရှိဖို့နဲ့ အစာခြေစနစ်ကောင်းကောင်းလှုပ်ရှားနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ အသက်ရှူထုတ်တာနဲ့ ချွေးထွက်တာတို့လို ခန္ဓာကိုယ်ရဲ့ အခြေခံ လုပ်ငန်းဆောင်တာတွေကြောင့် ဆဲလ်တွေထဲက ရေထွက်ရှိသွားတတ်ပါတယ်။ ဒီလိုဆုံးရှုံးသွားတဲ့ ရေတွေအစား ပြန်လည် ဖြည့်တင်းနိုင်ဖို့ ရေများများ ပြန်လည် သောက်ပေးရပါမယ်။ ရေအလုံအလောက်မရှိရင် ရေဓာတ်ခန်းခြောက်တာနဲ့ အဖုအပိမ့် ထွက်တာတို့လို အသားအရေ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ရေဟာ အရေပြားဆီက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အပြင် အရေပြားကို စိုပြည်တင်းရင်းစေပါတယ်။ ဒီလို အရေပြား လှပဖို့အတွက် တစ်နေ့ အနည်းဆုံး ရေရှစ်ဖန်ခွက်လောက် သောက်ပေးသင့်ပါတယ်။

(၅) မျက်နှာသစ်ဆပ်ပြာ
စနစ်တကျသန့်စင်တာက အသားအရေ ထိန်းသိမ်းမှုအတွက် အခြေခံနည်း တစ်ရပ်ဖြစ်ပါတယ်။ အရေပြားကို သန့်စင်ပေးတာကြောင့် ဖုန်မှုန့်နဲ့ အမှိုက်သရိုက်တွေ၊ ချွေးပေါက်ပိတ်စေတဲ့ အဆီတွေကို ကင်းစင်စေရုံသာမက သန့်စင်ထားတဲ့ အရေပြားထဲ အစိုဓာတ်ထိန်းခရင်မ်နဲ့ နေကာခရင်မ်စတဲ့ အလှကုန်တွေ လိမ်းရင် ပါဝင်ပစ္စည်းတွေက အရေပြားအတွင်းထဲအထိ ရောက်ရှိသွားနိုင်ပါတယ်။ မျက်နှာသစ်ဆပ်ပြာ ရွေးချယ်ရာမှာ အသားအရေ အမျိုးအစားကို အခြေခံပြီး ရွေးချယ်ရပါမယ်။ အလွန်ခြောက်သွေ့တဲ့ အရေပြားအတွက် ခရင်မ်အမျိုးအစား သန့်စင်ဆပ်ပြာ၊ ခြောက်သွေ့တဲ့၊ ထိခိုက်လွယ်တဲ့ အရေပြားအတွက် အယ်လ်ကိုဟောမပါတဲ့ သန့်စင်ဆပ်ပြာ၊ အဆီပြန်တဲ့ အရေပြားအတွက် ဝက်ခြံကင်းစေတဲ့ သန့်စင်ဆပ်ပြာတို့ကို ရွေးချယ်ပြီး သုံးသင့်ပါတယ်။ မျက်နှာသန့်စင်ဆေး လိမ်းပြီး အနည်းဆုံး စက္ကန့် ၂၀ ခန့် ထားကာ နှိပ်နယ်ပြီးမှ ရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

ဇွန

မူရင်း >>>http://bluenavyblog.blogspot.com/2013/02/blog-post_25.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...