စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမြွှာညီအစ်ကို ခြောက်ဘာသာ ဂုဏ်ထူး ကိုယ်စီဖြင့် ယခုနှစ်တက္ကသိုလ်ဝင်တန်း နှစ်ချင်းပေါက်အောင်


Tuesday, June 11, 2013

ဒဂုံအထက ၁ မှ အမြွှာညီအစ် ကို နှစ်ဦးစလုံးမှာ ခြောက်ဘာသာဂုဏ် ထူးကိုယ်စီဖြင့် ၂၀၁၃ ခုနှစ်တက္ကသိုလ်ဝင်တန်းကို နှစ်ချင်းပေါက်အောင်မြင်ခဲ...့သည်။
အချိန် တစ်မိနစ်သာခြားပြီး မွေး ဖွားခဲ့သူ အဆိုပါအမြွှာ ညီအစ်ကိုမှာ ၂ဝ၁၃ တက္ကသိုလ်ဝင်စာမေးပွဲကို ခုံအ မှတ် ဆဒဂ-၃၇၃ နှင့် ဆဒဂ ၃၆၅ တို့ ဖြင့် ဒဂုံ အထက ၁ စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်ဟု သိရသည်။

ယင်းအမြွှာညီအစ်ကို နှစ်ဦး၏ အမည်မှာ မောင်ကောင်းဝေလျှံလင်း နှင့် မောင်ကောင်းဝေရန်လင်းဖြစ်ပြီး ခြောက်ဘာသာဂုဏ်ထူးကိုယ်စီ ရရှိရန် နှစ်စကတည်းက ရည်မှန်းချက်ထားပြီး ကြိုးစားခဲ့ကြောင်းနှင့် ဆေးတက္ကသိုလ် မတက်ဘဲ၊ နည်းပညာတက္ကသိုလ်တက် ၍ အင်ဂျင်နီယာ အလုပ်အကိုင်ကိုသာ လုပ်ကိုင်မည်ဖြစ်ကြောင်း နှစ်ဦးစလုံးက ပြောသည်။

''ဆရာဝန်မဖြစ်ချင်ပါဘူး။ ကျွန် တော်တို့ညီအစ်ကိုက တီထွင်ရတာ ဝါသနာပိုပါပါတယ်''ဟု မောင်ကောင်း ဝေရန်လင်းက ပြောသည်။
နှစ်စကတည်းက တစ်နေ့စာတစ် နေ့ လေ့လာ၍ နေ့စဉ် ခြောက်နာရီ စာ ကျက်ချိန်ထားကြောင်း၊ တီဗီကြည့်ခြင်း၊ အင်တာနက်၊ ဖေ့စ်ဘွတ် အသုံးပြုခြင်း တို့ကို စာသင်နှစ် တစ်နှစ်လုံးတွင် မ ဆောင်ရွက်ဘဲ စာထဲကိုသာ စိတ်ထည့် ထားကြောင်း ¤င်းတို့၏ ကြိုးစားအား ထုတ်ခဲ့မှုကို မောင်ကောင်းဝေရန်လင်း က ပြောကာ၊ ထိုအချက်များကြောင့် နှစ်ဦးစလုံး ဂုဏ်ထူးရခဲ့သည်ဟု မောင် ကောင်းဝေလျှံလင်းက ဆိုသည်။

ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ ဖခင် ဦးဝင်းဆွေဇော်၊ ဒေါ် မြင့်မြင့်ကြူတို့က ၁၉၉၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် အမြွှာညီအစ်ကိုကို မွေးဖွား ခဲ့ပြီး စုစုပေါင်း မွေးချင်း ၃ ဦးအနက် အကြီးဆုံး သားများဖြစ်ကြ သည်။

မိခင်ဒေါ်မြင့်မြင့်ကြူက''ကျန်းမာ ရေးကို အဓိကထားပြီး ဂရုစိုက်ပါတယ်။ သူတို့ဖြစ်ချင်တဲ့ ရည်မှန်းချက်အတိုင်း မိဘက ဆောင်ရွက်ပေးသွားမှာပါပဲ''ဟု ပြောသည်။
အမြွှာမွေးများမှာ ထူးချွန်စွာ အောင်မြင်မှုရှိသော်လည်း ဤကဲ့သို့ ခြောက်ဘာသာကိုယ်စီဖြင့် ဂုဏ်ထူး ထွက်မှုမှာ အလွန်နည်းပါးသည့် ဖြစ်ရပ် ဟု အခြေခံပညာအသိုင်းအဝိုင်း က ဆိုသည်။

မင်းသုအောင်
Popular Myanmar News Journal


https://www.facebook.com/photo.php?fbid=428351167262720&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...