စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကွန်ပြူတာဓာတ်မှန်နှင့် ကင်ဆာအန္တရာယ်


=======================
 

 ယနေ့ခေတ်က ခေတ်မီရောဂါရှာဖွေရေးကိရိယာတွေ အလွန်တရာမှကို တိုးတက်တဲ့ခေတ်ဖြစ်တယ်။အထူးသဖြင့် ပုံရိပ်ဖော်နည်း ပညာတွေဟာ အလွန်တရာမှကို တိုးတက်တဲ့ခေတ်ဖြစ်တယ်။ ဟိုးအတိတ်ကာလများက လူနာကွယ်လွန်မှပြီး ရင်ခွဲစစ်ဆေးမှသာ ဘာရောဂါဖြစ်နေမှန်းသိရတဲ့ အနေအထားမျိုးကနေ အခု အဆင့်မြင့် ပုံရိပ်ဖော်နည်းပညာတွေ ပေါ်လာတော့ ဗိုက်မခွဲရပဲ ရောဂါကို ကြိုသိနိုင်နေပြီ။

ကင်ဆာရောဂါမှာ ပုံရိပ်ဖော်နည်းပညာတွေကို အလွန်တရာမှ အားကိုးရပါတယ်။ကင်ဆာအဆင့် သတ်မှတ်တဲ့နေရာ(Cancer staging) ကနေ ဆေးကုသပြီး ကင်ဆာအကျိတ်တွေ သေးသွားသလား၊ကြီးလာသလားကို စစ်ဆေးတဲ့နေရာမှာလည်း အလွန့်ကို အသုံး
တည့်တာကိုး။ ပုံရိပ်ဖော်နည်းပညာတွေထဲမှာ CT scan ခေါ်တဲ့ကွန်ပြူတာဓာတ်မှန်ဟာလည်း ကင်ဆာရောဂါ ရှာဖွေရေးမှာ အလွန်တရာ အသုံးတည့်လှပါတယ်။ သို့ပေမယ့် ဓာတ်ရောင်ခြည်သင့်နိုင်တဲ့ အန္တရာယ်ရှိတယ်။ ကွန်ပြူတာဓာတ်မှန်တစ်ကြိမ်ရိုက်ခြင်းဟာ ရိုးရိုးဓာတ်
မှန် အချပ်ရာချီပြီး ရိုက်လိုက်သလို Radiation အန္တရာယ်သင့်တယ်၊ ကင်ဆာရောဂါလိုမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ဆိုကြတာတွေလည်း ရှိတယ်။


ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းကြောင့် ကင်ဆာဘယ်လောက် ဖြစ်နိုင်သလဲဆိုတာကို စမ်းသပ်ထားတဲ့ သုတေသနတွေ အများကြီး၇ှိတယ်။ကင်ဆာဖြစ်နိုင်ချေအများဆုံးက ဦးခေါင်းကို ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းဟာ ဦးနှောက်ကင်ဆာတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အချက် ပါ။ ဒါကလည်း ဦးခေါင်းကို ကွန်ပြူတာဓာတ်မှန် အကြိမ် ၄၀၀၀ရိုက်မှသာ ဦးနှောက်ကင်ဆာတစ်ဦးပိုဖြစ်တယ်လို့ တွေ့ထားကြတာပါ။ ကျန်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကတော့ သိသိသာသာ ရှိလှတယ်မဆိုနိုင်ဘူး။


သုတေသနတွေက ကွန်ပြူတာဓာတ်မှန်ရိုက်တဲ့လူတွေမှာ ကင်ဆာဖြစ်နှုန်းနဲ့ မရိုက်ဖူးတဲ့သူတွေ မှာ ကင်ဆာဖြစ်နှုန်း နှိုင်းယှဉ်တာမို့လို့ ကွန်ပြူတာဓာတ်မှန် အကြိမ် ၁၈၀၀ ရိုက်ပြီးတိုင်း ကင်ဆာဖြစ်တဲ့သူတစ်ဦးတိုးလာတယ်ဆိုတာကို တွေ့ရတယ်။လူကြီးနဲ့ လူငယ်ယှဉ်လိုက်ရင် လူငယ်တွေက ဓာတ်ရောင်ခြည်ပိုအသင့်ခံရတယ်။ အထူးသဖြင့် ငါးနှစ်အောက်ကလေးတွေ ပိုခံရတတ်တယ်။ဦးနှောက်
ကင်ဆာတင်မက လူကီးမီးယားသွေးကင်ဆာများကိုလည်း ဖြစ်စေနိုင်တယ်လို့ ဆိုတယ်။
သုတေသနတစ်ခုမှာဆိုရင် အသက်၁၅နှစ်အောက် ကလေးသူငယ်တွေ ကွန်ပြူတာဓာတ်မှန် ၂ကြိမ်မှသုံးကြိမ်ရိုက်ခဲ့ရင် ဦးနှောက်ကင်ဆာဖြစ်နှုန်း သုံးဆတက်မယ်။ ၅ကြိမ်မှ ၁၀ကြိမ်အထိ ရိုက်ဖူးခဲ့ရင် သွေးကင်ဆာဖြစ်နှုန်း သုံးဆတက်မယ်လို့ ဖော်ပြထား
တယ်။


အားလုံးခြုံကြည့်ရင်တော့ ကမ္ဘာမှာကွန်ုပြူတာ ဓာတ်မှန်အသုံးပြုမှုဟာ ဆက်လက်ဖွံ့ဖြိုး အသုံးများနေဆဲပါ။ ခိုင်လုံတဲ့ အကြောင်းပြချက်၇ှိရင် ရိုက်ကြတာပါပဲ။ ကင်ဆာဖြစ်နိုင်ချေ အတိုင်းအတာတစ်ခုရှိတယ်ဆိုသော်လည်းပဲ လတ်တလော အရေးပေါ်အခြေအနေ များအတွက် ကွန်ပြူတာဓာတ်မှန်ကို ရိုက်နေရဆဲပါ။အဓိက ကတော့ ချင့်ချိန်ဆုံးဖြတ်ပြီး ကွန်ပြူတာဓာတ်မှန်ကို အမှန်တကယ်လိုအပ်မှ ရိုက်သင့်ကြပါတယ်။


https://www.facebook.com/photo.php?fbid=432354773529026&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...