စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆန်လုံးညိုစားသုံးပါကသွေးတိုးနှလုံးလေဖြန်းရောဂါကာကွယ်နိုင်



မကြာခင်ကသုတေသနaဆးသိပ္ပံပညာရှင်များသည်ဆန်လုံးညိုစားသုံးခြင်းဖြင့် သွေးတိုးနှင့် နှလုံး၊
လေဖြန်းရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်မည်-ဟု ပြောကြားလိုက်သည်။

ဆန်လုံးညိုသည် ဆန်ဖြူထက် အမျှင်ဓာတ် ပိုမိုများပြီး သွေးအဆီ တိုးခြင်းကို တိုက်ထုတ်နိုင်သည်။ ဆန်လုံးညိုတွင် နှလုံးကို ကာကွယ်ရန်အတွက် ပရိုတင်းဓာတ်တမျိုး ပါရှိသည်။
ယင်းဓာတ်သည် ဆန်ကို ဖြူအောင် ဖွပ်လိုက်သောအခါ ပါသွားနိုင်သည့်အတွက် ဆန်လုံးညိုကို စားသုံးကြရန် ဆေးသိပ္ပံပညာရှင် များက တိုက်တွန်းခဲ့ကြသည်။

အမေရိကန်ပြည်ဖယ်လာဒယ်(လ်)ဖီးယားပြည်နယ်၊တန်ပယ်ယူနီဗာစီတီမှပရော်ဖက်ဆာ ဆာတိုရုအီဂူချီကဆန်လုံးညိုဟာဆန်ဖြူထက်အားသာချက်တွေရှိပါတယ်။
သွေးတိုးနဲ့ သွေးကြောထူပိတ်လာခြင်း (သွေးကြောတွေ မာတောင့်လာခြင်း)ကို ကာကွယ်နိုင်ပါတယ်။ ဆန်မှာSublagerလို့ခေါ်တဲ့ပရိုတိန်းအလွှာဓာတ်တမျိုးပါဝင်ပါတယ်။ ယင်းအလွှာဟာ သွေးတိုးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်-ဟု ပြောကြားခဲ့သည်။
အကိုး။ ။ True News ဂျာနယ် (၁၈-၅-၂၀၁၀)

မင်းစောထက်

ဆန်လုံးညို စားပါ

ဆန်လုံးညိုဆိုတာ စပါးရဲ့ အပေါ်ဆုံး လွှာဖြစ်တဲ့ စပါးခွံအကြမ်းကို ဖယ်ရှားထား တာကလွဲပြီး ဖြူဖွေးအောင် ဖွပ်မထား တဲ့ ဆန် ဖြစ်ပြီး ဆန်ရဲ့သဘာဝအာဟာရတန်ဖိုးပျက်စီးမှုအနည်းဆုံးဖြစ်ပါတယ်။

ဆန်လုံးညိုကို ဖြူဖွေး အောင် ဖွပ်လိုက်တဲ့အခါ ဗီတာ မင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီးစ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်း၊ အမျှင်ဓာတ် အားလုံးနဲ့ မရှိမဖြစ် အဆီဓာတ်အားလုံး လျော့ပါးပျက်စီးသွားပါတယ်။

ဆန်လုံးညိုကိုစားသုံးခြင်းဖြင့်ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိမှာဖြစ်ပါတယ်။

Health Digest

https://www.facebook.com/photo.php?fbid=432355140195656&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...