စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေစု အပေါ် ညောင်ဦသူတိုရဲ့ အချစ်

 သတင်းကကြာပါပြီ ကြည်နူးဖွယ်လေးမို ပြန်တင်တာပါ။

ညောင်ဦးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြ ကြို

ဧရာဝတီ Thursday, 07 July 2011

ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ် နောက်ဆုံးနေ့ဖြစ်သော ယနေ့ ညနေပိုင်းတွင် ညောင်ဦးမြို့လယ် မဏိစည်သူဈေးသို့ သွားရောက်လည်ပတ်ခဲ့ရာ မြို့ခံ ရာပေါင်းများစွာ ၀ိုင်းဝန်းကြိုဆို နှုတ်ဆက်ကြသောကြောင့် ကားလမ်းမပေါ်၊ ဈေးရုံအတွင်းနှင့် ဈေးအရှေ့တွင် လူများနှင့် ပြည့်နှက်သွားခဲ့သည်။

ညနေ ၄ နာရီ ၁၀ မိနစ်တွင် မဏိစည်သူဈေးသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာရာ ရပ်ကွက်အတွင်းမှ ပြည်သူများ၊ ဈေးသူဈေးသားများ၊ တခြားရပ်ကွက်များမှ မြို့ခံများစွာ စုပြုံရောက်ရှိလာပြီး နှုတ်ဆက်ကြခြင်း ဖြစ်သည်။

“အမေစု ပုဂံကိုရောက်နေတဲ့ သတင်းကို ကြားတယ်။ ညောင်ဦးကို လာမယ်မထင်ဘူး။ အခု ရောက်လာတော့ အားလုံးက ပျော်ကြတယ်။ အမေစု ကျန်းမာပါစေ၊ အမေ ကျန်းမာရေး ဂရုစိုက် ဆိုတဲ့အသံတွေက တမြို့လုံး ညံနေတယ်” ဟု မဏိစည်သူဈေးမှ ဈေးသားတဦးက ပြောသည်။

ဈေးသူဈေးသား အများစုက ဒေါ်အောင်ဆန်းစုကြည်အတွက် လက်ဆောင်များပေးခြင်း၊ ပန်းများပေးခြင်း ပြုလုပ်ခဲ့ပြီး သူ့နားသို့ရောက်အောင် ကပ်၍ နမ်းကြသူများ၊ လက်ဆွဲနှုတ်ဆက်သူများကြောင့် ဈေးနှင့် လမ်းများပေါ်တွင် လူ ရာပေါင်းများစွာ ပိတ်ဆို့သွားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏သား ကိုထိန်လင်းအတွက် ပုဆိုးတချို့ဝယ်ပေးခဲ့သည်။ မြို့ခံလူထုက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု ဟစ်ကြွေးကာ လက်ခုပ်များတီးပြီး အားပေးကြသည်။

များပြားလှသော လူအုပ်ကို ဒေါ်အောင်ဆန်းစုကြည်က နောက်တကြိမ် ပုဂံမြေသို့ လာရောက်ဦးမည်ဟု ပြန်လည် ကတိပေး ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်နှုတ်ဆက်ကြသော လူအုပ်ထဲမှ သူ၏လက်ကို ကိုင်ကာ ငိုကြွေးသူများလည်း ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၄ ရက်နေ့က ပုဂံသို့ ရောက်ရှိခဲ့ပြီး မနက်ဖြန် မနက်ပိုင်းတွင် ရန်ကုန်သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာ မည်ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...