စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆူးလေစေတီတော် ရာပြည့်ဗုဒ္ဓပူဇနိယပွဲတော် စည်ကားစွာကျင်းပ

ဆူးလေစေတီတော် ရာပြည့်ဗုဒ္ဓပူဇနိယပွဲတော် စည်ကားစွာကျင်းပ

Photo
ရန်ကုန်၊ ဇန်န၀ါရီ-၂၂
ဆူးလေစေတီတော် ရာပြည့်ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ယခုလ ၁၉ ရက်မှစတင်ကာ ၂၉ ရက် အထိအစီအစဉ်များစွာဖြင့်   စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက် ရှိကြောင်းသိရသည်။
ဆူးလေစေတီတော်ကြီးသည် ရွှေတိဂုံစေတီတော်ကြီးနှင့် တည်ထားကိုးကွယ်သည့်ကာလ မတိမ်းမယိမ်းပင်ဖြစ်ပြီးနှစ်ပေါင်း ၂၃၃၆ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
ယခုပြုလုပ်လျက်ရှိသော ပွဲတော်မှာ ဂေါပကအဆက်ဆက်ပြုလုပ်ခဲ့ကြသည့် ဗုဒ္ဓပူဇနိယပွဲတော်များ နှစ်တစ်ရာပြည့်ခြင်း အထိမ်းအမှတ်အဖြစ် ထူးခြားစွာကျင်းပခြင်းလည်းဖြစ်ကြောင်း ဆူး လေစေတီတော် ဂေါပကအဖွဲ့မှ ဦးကြိုင်မြင့်က 7Day News သို့ ပြောသည်။
“ရာပြည့်မို့လို့ ထူးထူးခြား ခြားလုပ်တာပါ။ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာဆိုပြီးပူဇာသုံးမျိုးနဲ့ နှစ်စဉ်ပုံမှန်ပူဇော်ပါတယ်” ဟု ဦးကြိုင်မြင့်ကဆိုသည်။ဘုန်းကြီးအပါး ၁၈၀ နှင့်
သီလရှင်အပါး ၅၀တို့အား ယခင်နှစ်များက တစ်ပါးလျှင် ကျပ်တစ်သောင်းနှုန်းကပ်လှူခဲ့ရာမှ   ယခုနှစ်တွင် တစ်ပါးလျှင် သုံးသောင်းကျပ်နှင့် စီဝိုင်စီသင်္ကန်း    ကျပ်နှစ်
သောင်းခွဲတန်တစ်စုံစီ  ကပ်လှူပူဇော်ခဲ့သည်ဟု သိရသည်။
ဘုရားပွဲတွင် ပွဲဈေးတန်းအဖြစ် ဆိုင်ခန်းပေါင်း ၈၀ကျော် ခင်းကျင်းရောင်းချလျက်ရှိပြီး ချားရဟတ်များအပြင် ဇာတ်မင်းသားမိုးမင်း၏ ဇာတ်သဘင်ကိုပါ ငါး
ညတိုင်တိုင်ထည့်သွင်းကျင်းပလျက်ရှိသည်။  မုန့်နှင့်လူသုံးကုန်ပစ္စည်းမျိုးစုံ ရောင်းချလျက်ရှိသော ဆိုင်ခန်းများအနေဖြင့် ရောင်းအားကောင်းနေသည်ဟု သိရသည်။
သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ၊ ဗန်းမော်ဆရာတော်ဒေါက်တာအရှင် ဘဒန္တကုမာရာဘိဝံသ၊ ယောဆရာတော် အရှင်သီရိနန္ဒာဘိဝံသ၊ နိုင်ငံတော်   ပရိယတ္တိသာသနာ့ တက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဘဒန္တကုမာရ၊ ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒတို့၏ တရားဓမ္မ သဘင်များလည်း ငါးညဆက် တိုက်ကျင်းပလျက်ရှိသည်။
ဆူးလေစေတီတော် မုခ်လေးမုခ်တွင် စေတီတော်ဝန်းရံ မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊  လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်မြို့နယ်တို့မှ ဆွမ်းတော်ကြီးတင်ပွဲများကိုလည်း ဇန်န၀ါရီ ၂၅ ရက် နံနက်အရုဏ်ဦးတွင် ပြုလုပ်မည်ဖြစ်သည်။ အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်န၀ါရီ ၂၀ရက် မှ ၂၈ ရက်အထိ အသံမစဲရွတ်ဖတ်သွားမည်ဖြစ်သည်။ နောက်ဆုံးနေ့ဖြစ်သော ဇန်န၀ါရီ ၂၉ရက်၊ ညနေသုံးနာရီတွင် အနောက်ပိုင်းခရိုင် ၁၃မြို့နယ်မှ အလှူရှင်များနှင့် တစ်ဦးချင်း အလှူရှင်များက သံဃာတော်များအား ဆွမ်းတော်ကြီးလောင်းလှူ ပူဇော်ကြမည်ဖြစ်ကာ အောင်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ တိုင်းသံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ နိုင်ငံတော်သြ၀ါဒ စရိယဆရာတော်များနှင့်၊ ရန်ကုန်တိုင်းအတွင်းရှိ  စာသင်တိုက်များမှ ပင့်သံဃာများ ကြွရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
Source;http://www.7daynewsjournal.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...