စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Android Phone တွင် မြန်မာ Keyboard သွင်းနည်းနှင့် မြန်မာလို အသုံးပြုနည်း(အောင်ခိုင်မိုး)

ကျွန်တော်လည်း ပြတိုက်လေးမှာ ဘလော့(ဂ်) ပို့(စ်) လေးတွေ မရေးတာကြာပါပြီ. အခု ကျွန်တော် Android Phone သုံးတဲ့ သူများအတွက် မြန်မာလို ဖတ်လို့ရအောင် လုပ်နည်းလေး ပြောပြချင်ပါတယ်။ သိပြီးသားသူတွေ အတွက်တော့ Sorry ပါ။ တစ်ယောက်နဲ့ တစ်ယောက်လုပ်နည်းက မတူဘူးလို့ ကျွန်တော် ထင်ပါတယ်။ Root လုပ်တဲ့ Software ပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါတယ်။ ကျွန်တော်က z4root ဆိုတဲ့ apk ကို သုံးပြိး လုပ်ပြသွားပါမယ်။ ( ပုံနဲ့ မရှင်းပြနိုင်တာ ခွင့်လွှတ်ပါ။ ) အဆင်မပြေလို့ ရှိရင်လည်း ဒီနေရာလေး ကို သွားပြီး C-Box မှာ ပြောခဲ့ပေးပါ။
ကဲ..... စလုပ်ကြရအောင်..... :P
အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ Software တွေကို Download ချသွားလိုက်ပါ။ ဘယ်လောက်မှ မရှိပါဘူး 1.61MB လောက်ပါပဲ။
ဒီနေရာလေး မှာ Download လိုက်ပါ ။ပြီးရင် .rar ကို ဖြည်လိုက်ပါ။ အထဲမှာ ပါလာတဲ့ Foloder တွေအားလုံးကို မိမိဖုန်းရဲ့ SD Card ထဲ ကူးထည့်လိုက်ပါ။
အဆင့် ( ၁ )- ပြီးရင်တော့ စက်ကို Root လုပ်ပေးရမှာ ဖြစ်ပါတယ်။ Root လုပ်ဖို့အတွက် Download ထားတဲ့ Foloder ထဲက z4root ကို ဖုန်းထဲမှာ Install လုပ်ပါ။ ပြီးရင် Setting  ကိုသွားလိုက်ပါ။ Development ကို နှိပ်လိုက်ပါ။ ပြီးရင် USB debugging ကို အမှန်လေး ခြစ်ပေးလိုက်ပါ။
အဆင့် ( ၂ ) - အပေါ်က ပြောတဲ့အတိုင်း လုပ်ဆောင်ပြီးရင်တော့ z4root ကို ပြန်ဖွင့်လိုက်ပါ။ ပြီးရင် Permanent Root ကို ရွေးပေးပါ။ ဒါဆို သူ့ကသူ Root လုပ်နေပါလိမ့်မယ်။ ခဏလောက် စောင့်ပေးလိုက်ပါ။
အဆင့် ( ၃ ) - ပြန်တက်လာရင်တော့ Font Changer Lite ကို Install လုပ်ပေးပါ။ Font Changer ကို သွင်းပြီးရင်တော့ SD Card ထဲမှာ .fontchanger ဆိုတဲ့ Foloder ပေါ်လာပါမယ်။ အဲ Foloder ကို ရိုးရိုးမမြင်ရပါဘူး။ ( တော်တော်ရှုပ်တယ်... :P ) And Explorer လိုမျိုး Software သုံးမှ မြင်ရမှာပါ။ ဒါကြောင့် Download ထားတဲ့ Foloder ထဲက And Explorer ကို Install လုပ်ပေးပါ။ ပြိးရင် And Explorer ကိုဖွင့်လိုက်ပါ။ sd card ကို ရွေးပေးပါ။ 
အောက်ကအဆင့်(၂)ဆင့် မှာ တော်တော်ကို အေ၇းကြီးပါတယ်။ သေသေချာချာ နားလည်အောင် ဖတ်ပေးပါ။
အဆင့် ( ၄ ) - ဒါဆို .fontchanger ကို မြင်ရပြီ ဖြစ်ပါတယ်။ And Explorer Software ကိုသုံးပြီးတော့ပဲ အားလုံးကို လုပ်ဆောင် သွားတော့မှာပါ။ sd card ထဲက ခုနက Download ဆွဲထားတဲ့ Foloder ထဲက zawgyi one အထိ And Explorer ကိုသုံးပြီးတော့ ဖွင့်လိုက်ပါ။ ပြိးရင် Zawgyi One.ttk ကို ဖိထားလိုက်ပါ။ ဒါဆို အမှန်လေး ခြစ်ပေးလိုက်ပါပြီ။ ပြီးရင် Copy လုပ်ပါ။ ပြီးရင် .fontchanger ဆိုတဲ့ Foloder ထဲမှာ သွား Paste လိုက်ပါ။ Back up ထဲမှာ သွားပြိးတော့ paste မလုပ်ပါနဲ့။
( Copy တော့ အားလုံးလုပ်တတ်မယ်ထင်လို့ မရေးပေးတော့ပါဘုး။ )
အဆင့် ( ၅ ) -  ပြီးရင် Font Changer Lite ကို ဖွင့်လိုက်ပါ။ ဒါဆို Zawgyi ကို တန်းမြင်ရပြီ ဖြစ်ပါတယ်။ အဲ ZawgyiOne ပေါ်ကို ဖိထားလိုက်ပါ။ ဒါဆို Set Zawgyi ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲမှာ Apply ကို ရွေးပေးလိုက်ပါ။ ပြီးရင် Reboot Now နဲ့ Reboot Later ဆိုပြီး ပေါ်လာပါလိမ့်မယ်။ Reboot Now ကို ရွေးပေးလိုက်ပါ။ ဒါဆို စက်က ထပ်ပြီး Root လုပ်နေပါပြီ။ ထပ်စောင့် ပေးလိုက်ပါ။ ပြန်တက်လာရင်တော့ Download ထားတဲ့ Foloder ထဲက MyanDroid-Soft-Keyboard-Zawgyi-Beta ကို Install လုပ်လိုက်ပါ။ Keyboard ကိုတော့ သွင်းပြီးပါပြီ။ မြင်ရဖို့အတွက် Setting ထဲက  Language & keyborad ကို နှိပ်လိုက်ပါ။ ပြီးရင် MyDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆို မြန်မာလိုလည်း ဖတ်လို့ရပါပြီ။ မြန်မာလိုလည်း ရိုက်လို့ရပါပြီခင်ဗျာ.............
စမ်းကြည့်ချင်ရင် တစ်ယောက်ယောက်ကို စာပို့ကြည့်ပါ။ မြန်မာ keyboard မမြင်ရသေးရင် ကိုယ် စာရိုက်တော့ မယ့်နေရာကို ဖိထားလိုက်ပါ။ ပြီးရင် MyDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆို မြန်မာ Keyboard လေး ပေါ်လာပါပြီ။ ရိုက်ကြည့်လိုက်ပါ။
အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ........
အဆင်မပြေလို့ ရှိရင်လည်း ဒီနေရာလေး ကို သွားပြီး C-Box မှာ ပြောခဲ့ပေးပါ။ ဒါမှမဟုတ် itmanaungkhinemoe@gmail.com ကို Mail ပို့ထားပေးပါ။
အောင်ခိုင်မိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...