စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခွဲစိတ်ကုသရန်လိုအပ်နေသော ကလေးငယ်လေးအား ၀ိုင်းဝန်းကူညီစေလိုပါတယ်


      ဒီကလေးလေးငယ်လေးဟာ နမ့်ခမ်းမြို့နယ် ဟိုကတ်ရပ်ကွက်က ကလေးငယ်လေးတစ်ဦးဖြစ်ပါတယ်ရှင်။ ကလေးငယ်လေးက အသက်ရှစ်နှစ်အရွယ် ဒုတိယတန်းကျောင်းသားလေးတစ်ယောက်ပါ။ သို့သော်လည်း ကံကြမ္မာ ရိုက်ခတ်မှု ဘယ်လိုပြောင်းသွားလဲတော့ မသိပါဘူးရှင်။ မွေးလာစဉ်ကစပြီးခြောက်နှစ်အရွယ်အထိ ပုံမှန်ဖြစ်နေရာကနေပြီး နောက်ပိုင်း စာသင်သော်လည်း ဥာဏ်ရည် မလိုက်နိုင်ဖြစ်ပြီး ခြေထောက်လေးများပါ မတ်မတ်ကြာကြာ မရပ်နိုင်ဖြစ်လာပါတယ်။ ထို့ပြင် မျက်လုံးလေးနှစ်ဖက်လုံး လည်း စွေကျသွားပြီး ခေါင်းလည်း မတ်မတ်မထူနိုင်ဖြစ်လာခဲ့ပါတယ်။ အခြားသောကလေးငယ်လေးတွေနဲ့ တန်းတူ ကစားလိုလှသော်လည်း တဘိုင်းဘိုင်းပစ်လဲနေသော ကလေးငယ်လေးဖြစ်လာတော့ နမ့်ခမ်းမြို့က ဆရာဝန်နဲ့ ပြကြည့်လိုက်တော့ အမည်တပ်ဖို့ ခဲယဉ်းသော်လည်း (သေချာဓာတ်မှန်ရိုက်ကြည့်မှသာ သိနိုင်မည်ဟု ဆရာဝန်ကပြောကြားခဲ့ပါတယ်) ဦးနှောက် ကြီးမား လာသော ရောဂါတစ်မျိုးမို့ ကလေးငယ်ကို မန္တလေးမှာပဲ ခွဲစိတ်ကုသပေးမှ ပျောက်ကင်းနိုင်မယ်လို့ ဆရာဝန်ကပြောခဲ့ပါတယ်ရှင်။ သို့သော် လည်း ကလေးငယ်ရဲ့ မိဘတွေဟာ စားဝတ်နေရေးကိုပင်ရုန်းကန်နေရတာ ခဲယဉ်းနေသောကြောင့်(ကလေးက အလတ်ဖြစ်ပြီး ၁၂နှစ်အရွယ် အမတစ်ယောက်နှင့် သူ့အောက်မှာ သုံးနှစ်အရွယ် ညီငယ်လေး ပေါင်းမိသားစုငါးယောက်ကို ဖခင်ဖြစ်သူက ဝပ်ရှော့တခုတွင် အလုပ်လုပ်ပြီး ကျောင်းထားပေး၊ စားဝတ်နေရေး ဖြေရှင်းပေးနေသော်လည်း နောက်ထပ် ဖြစ်ပေါ်လာသော ဤကလေးငယ်၏ကျန်းမာရေးကိုတော့ မတတ်နိုင်ဖြစ်နေပါတယ်ရှင်။ မန္တလေးမှာ ဓာတ်မှန်သွားရိုက်ရန်အတွက်ကုန်ကျငွေတောင် လုံးဝ (လမ်းစရိတ် နှင့် ဆေးဖိုး) မတတ်နိုင်ခဲ့လို့ တကယ်ပဲ စိတ်မချမ်းသာစွာနဲ့ ကြည့်နေခဲ့ရပါတယ်လို့ ကလေးငယ်ရဲ့ မိဘနှစ်ပါးလုံးက ပြောခဲ့တာမို့ အားလုံးပဲ တတ်စွမ်းသမျှ ကူညီစောင့်ရှောက်လှူဒါန်းပေးဖို့ ဆရာလေးကပဲ ပြောကြားချင်ပါတယ်ရှင်။ အခုလိုနုနယ်စဉ်မှာသာ ကုလို့ရမယ့် ရောဂါဖြစ်တဲ့အတွက်ကြောင့် ဆရာလေး ဒီဓာတ်ပုံလေးတွေနဲ့ စာကို ရေးတင်ပေးရခြင်းဖြစ်ပါတယ်ရှင်။
“ကလေးငယ်အား မိဘနှစ်ပါးနှင့်အတူတွဲရိုက်ခဲ့စဉ်”

(သားတည်းဟူသော ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ငါ့သားလေးသာ ဒီလိုဖြစ်ခဲ့မယ်ဆိုရင် ဆိုတဲ့စိတ်လေးနဲ့ အားလုံး ဝိုင်းဝန်း စောင့်ရှောက်နိုင်ကြပါစေရှင် ) ဆရာလေးလဲ ထပ်တူခံစားခဲ့ရပါတယ် ။
“ခေါင်းထောင်ဖို့ကြိုးစားနေရင်းအောက်ပြန်ပြန်စိုက်နေတဲ့သားငယ်ကို မိခင်မှ ဂရုနာစိတ်လေးဖြင့်ပြန်ပြန်ထောင်ပေးနေပုံ”

မှတ်ချက်။     ။ ဆရာလေးနန္ဒစာရီ ထံမှရရှိခဲ့တဲ့ပို့စ်ဖြစ်ပါတယ်ရှင်။ မနေ့ (၃၀.၁.၂၀၁၂)မှာ ဆရာလေးပို့စ်တင်တာ ကွန်နက်ရှင်ကြောင့် တင်မရအောင်ဖြစ်နေလို့ ခိုင်မာနဲ့ ဂျီတော့လ်ကနေဆက်သွယ်ပြောပြလို့ သိရတာဖြစ်ပါတယ်။  ဒါကြောင့် ဆရာလေးထံမှမေးလ်ရလို့ တဆင့်တင်ပြပေးလိုက်တာဖြစ်ပါတယ်ရှင်။
“စာနာသနားလို့ ၀ိုင်းဝန်းကူညီကြပါစို့လားရှင်။”

ယခုလှူဒါန်းဆက်သွယ်နိုင်ရန်လိပ်စာ-       ဒေါ်နိမလစာရီ
                                                           ၉/အမဇ(သီ) ၀၁၂၅၈
                                                           ကမ္ဘောဇဘဏ်
                                                           လားရှိုးမြို့။

ဆရာလေးဆီက ဖုန်းနံပါတ်မတောင်းလိုက်မိလို့ပါရှင်....
အတိအကျကို ဒီမှာ ပြန်ပြီးရေးသားဖော်ပြသွားပေးပါ့မယ်ရှင်။ မပြည့်စုံသွားတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်ရှင်။
ဘဏ်မှတဆင့် လှူဒါန်းလိုက်တယ်ဆိုရင်ဖြင့် ဆရာလေးရဲ့ ဥယျာဉ်အိမ်လေးမှာ ကွန်မန့်ထားခဲ့ပေးပါလို့ မေတ္တာရပ်ခံပါတယ်ရှင်။ ဒါမှ ဆရာလေးသိမှာမလို့ပါရှင်။ ဒါက ဆရာလေးရဲ့ profile ပါရှင်..... http://goldenmyanmarparadise.ning.com/profile/2hocj7atbwybv

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...