စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သေစေနိုင်သည်အထိ ဆိုးရွားသော မွေးရာပါအမှတ်ကြီး ပါဝင်လာသည့်မိန်းကလေး ကုထုံးသစ်ကြောင့် သက်သာရာရ


သုံးနှစ်အရွယ် မိန်း ကလေးတစ်ဦး သည် သေစေနိုင်လောက်သည်အထိ ဆိုးရွားသော မွေးရာပါအမှတ်ကြီး ပါလာသော်လည်း ဗြိတိန်နိုင်ငံတွင် ကုထုံးသစ် တစ်ရပ်ကို ပထမဆုံးအဖြစ် ခံယူခဲ့ပြီး နောက် သက်သာကောင်းမွန်သွားပြီ ဖြစ်ကြောင်း သိရသည်။ သူ၏ မွေးရာပါ အနီရောင်အမှတ်ကြီးသည် ကြီးထွားလာ ကာ လေပြွန်၊ မေးရိုးနှင့် အသံအိုး တို့အထက်တွင် ပိကာ ညှစ်ထားသလို ဖြစ်နေခဲ့သည်။ ယင်းသည် အရေပြားအတွင်းရှိ သွေးကြောများ၌ဖြစ်ပေါ်သော Hemangiomaဟုခေါ်သည့် ကင်ဆာမဟုတ်သော အကျိတ်များကြောင့်ဖြစ်သည်။ ယင်းအမှတ်ကြီး လျင်မြန်စွာ ကြီးထွားလာမှုကြောင့် မီလီဖီးလ်ဒ် အမည်ရှိ မိန်းကလေးငယ်သည် အသက်ရှူလမ်းကြောင်း ပိတ်ကာ သေဆုံးရတော့မည့် ဘေးအန္တရာယ် နှင့် ရင်ဆိုင်ခဲ့ရသည်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဂရိတ်အော်မွန်စထရိ ဆေးရုံမှ ဆရာဝန်များက အလွန်ပြင်းထန်သော စတီးရွိုက်ဆေးများ ပေးခဲ့သော်လည်း သိသိသာသာ ကျုံ့ဝင်သွားမှု မရှိခဲ့ပေ။ သို့ သော် သူ့အား ပြင်သစ်နိုင်ငံတွင် သွေးတိုးရောဂါနှင့် နှလုံးရောဂါများတွင် အသုံးပြုသော ပရိုပါနိုလောဆေးကို စမ်းသပ်သုံးစွဲခဲ့ရာ ယင်းအကျိတ်များ ကျုံ့ဝင်သွားခဲ့ကြောင်း သိရသည်။

SweSone Media Group 

မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...