စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပြည်တွင်းပြည်ပ မြန်မာအလုပ်သမားများ အတွက် အလုပ်သမားဝန်ကြီးဌာန Website

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့ အလုပ်သမားရပိုင်ခွင့်နဲ့ တာဝန်အစရှိသည်များကို လွယ်ကူစွာလေ့လာနိုင်ရန် Website တစ်ခုကိုဖွင့်ပေးထားပါတယ်။ အဲ့ဒီ့မှာတော့ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထားတာကို တွေ့ရပါတယ်။ နောက်ပြီးပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေကိုလဲ အလုပ်သမားတွေအနေနဲ့ မိမိတို့ဆက်သွယ်လုပ်ကိုင်နေတဲ့ အင်ဂျင်စီဟာ တရားဝင်မှုရှိမရှိကိုလဲ အဲ့ဒီ့စာမျက်နှာမှာဖေါ်ပြပေးထားပါတယ်။ နောက်ပြီး အလုပ်သမားတွေအနေနဲ့ အခက်အခဲရှိပါက ဆက်သွယ်သတင်းပို့ရန် လိပ်စာနဲ့ဖုန်းနံပါတ်တွေကိုပါ ဖေါ်ပြပေးထားပါတယ်။ နောက် ဌာနများ၊ သင်ကြားရေးနဲ့ ဥပဒေကျင့်ထုံး အစရှိသည်များကိုပါ လေ့လာနိုင်ပါတယ်။ အင်တာနက်ဆက်သွယ်မှု မရရှိတဲ့နေရာတွေကဆိုရင်လဲ လွယ်ကူစွာဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်တွေကိုပါ တင်ပေးထားတာကို တွေ့နိုင်ပါတယ်။ အောက်စာမျက်နှာမှာ သွားလေ့လာလိုက်ကြပါနော်။ သူငယ်ချင်းများလိုအပ်မယ်ထင်လို့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်>>> ... အလုပ်သမားဝန်ကြီးဌာန သူငယ်ချင်းများ ပျော်ရွှင်ကျန်းမာကြပါစေ။ ကျေးဇူးတင်ပါတယ်!

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...