စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိမိဝမ်းဗိုက်ခွဲစိတ်မှုကို ကိုယ်တိုင်ပြုလုပ်ခဲ့သော အံ့ဖွယ်ခွဲစိတ်ဆရာဝန်

မိမိဝမ်းဗိုက်ခွဲစိတ်မှုကို ကိုယ်တိုင်ပြုလုပ်ခဲ့သော အံ့ဖွယ်ခွဲစိတ်ဆရာဝန်




၁၉၆၁ ခုနှစ် ဧပြီလရဲ့ ၂၉ ရက်နေ့မှာ 6th Soviet Antarctic Expedition ရဲ့ အသက် ၂၇ နှစ်အရွယ် ဆရာဝန် တစ်ဦးဖြစ်သူ Leonid Rogozov ဟာ ညဖာက် ၀မ်းဗိုက်မှာ နာကျင်မှု ဝေဒနာကိုခံစားခဲ့ရပြီး အဖျားတွေလည်း တက်လာခဲ့ပါတယ် ။ နောက်တစ်ရက်မှာလည်း ဝေဒနာဟာတဖြည်းဖြည်း ဆိုးသထက်ဆိုးလာခဲ့တယ် ။ ဧပြီ ၃၀ ရက်နေ့ ရဲ့ ည Novolazarevskaya station မှာ ဆရာဝန်ဆိုလို့ သူတစ်ဦးတည်းရှိနေခဲ့တယ် ။ အဲဒီခွဲစိတ် ဆရာဝန်ဟာ Local anesthesia လို့ခေါ်တဲ့ ထုံဆေးကို အသုံးပြုပြီး သူတစ်ဦးတည်း မိမိကိုယ်ကိုယ် အူအတတ် ဖြတ် ထုတ်ခြင်း ဆိုတဲ့ Appendix removal ကို အံ့သြဖွယ်ရာ ပြုလုပ်ခဲ့ပါတယ် ။ သူ့ကို ကူညီပေးခဲ့သူဆိုလို့ အင်ဂျင်နီယာတစ်ယောက်ရယ် station ရဲ့ မိုးလေ၀သပညာရှင်တစ်ယောက်ရယ်ပဲ ရှိနေခဲ့တယ် ။



၁၉၅၉ ခုနှစ်မှာ Leonid Rogozov ဟာ တက္ကသိုလ်ကနေ ဆေးပညာဘွဲ့ရရှိခဲ့ပြီး တခဏအတွင်းမှာပဲ ခွဲစိတ်ဆရာဝန်အဖြစ် တိုးမြှင့်ခံခဲ့ရသူဖြစ်ပါတယ် ။ ၁၉၆၀ ပြည့်နှစ်ရဲ့ စက်တင်ဘာလမှာတော့ လီယိုနစ်ဟာ Antarctica ကို ခရီးထွက်ဖို့ ဖြစ်လာခဲ့တာကြောင့်သူ့ရဲ့ နေရပ်မှာ ဆေးပညာလေ့လာခွင့်ဟာ ပျက်သလိုဖြစ် ခဲ့ရပါတယ် ။ ဒီလို အချိန်ကာလအတွင်းမှာ အသက် ၂၇ နှစ်အရွယ် ခွဲစိတ်ဆရာဝန်လေးကို ကမ္ဘာကျော်စေမယ့် အဖြစ်တစ် ခုက ဖြစ်ပေါ်လာခဲ့ပါတယ် ။ ဆောင်းရာဦရဲ့ လေးခုမြောက် ဧပြီလမှာတော့ ၁၉၆၁ ခု ၂၉ ရက်နေ့မှာ လီယိုနစ်ဟာ အားနည်းခြင်း ပျို့ခြင်း အဖျားတက်ခြင်းနဲ့ ညာဖက် ၀မ်းဗိုက်ပိုင်းနာခြင်း စတဲ့ လက္ခဏာတွေကို ခံစားခဲ့ရပါတယ် ။ အဲဒီရက်နောက်ပိုင်းမှာလည်း သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ မြင့်သထက် မြင့်လာခဲ့ရတယ် ။ လူ၁၃ ယောက် ဖွဲ့စည်းထားတဲ့ ခရီးသွားအဖွဲ့မှာ သူဟာ တစ်ဦးတည်း ဆရာဝန်လေးလည်းဖြစ်တယ် ။ လီယိုနစ်ဟာ သူဘာဖြစ်နေသလဲဆိုတာ သူ့ကိုယ်သူ ရောဂါအမည်တပ် diagnosis လုပ်ခဲ့ပါတယ် ။ အဲဒါ ကတော့ အူအတက်ယောင်ခြင်း Appendicitis ပဲဖြစ်ပါတယ် ။ အနီးဆုံးဆေးရုံကို သွားဖို့ ဘာလေယဉ်မှ လည်းရှိမနေ ခဲ့ဘူး ။ ဖျားနာနေတဲ့ အဖွဲ့ဝင်ကို ကယ်ဆယ်ဖို့အတွက် အဲဒီနေရာမှာပဲ အရေးပေါ် ခွဲစိတ်မှု တစ်ခုပြုလုပ်ဖို့ လိုအပ်နေခဲ့တယ် ။ တစ်ခုတည်းသော နည်းလမ်းကတော့ သူဟာ သူ့ကိုယ်သူ ခွဲစိတ်ခဲ့တာပါပဲ ။

၁၉၆၁ ခုနှစ် ဧပြီ ၃၀ ရက်နေ့ ညမှာတော့ ခွဲစိတ်ဆရာဝန်လေးဟာ အင်ဂျင်နီယာ တစ်ဦးရယ် မိုးလေ၀သ ပညာရှင်တစ်ဦးရယ်ကို ခွဲစိတ်ကိရိယာတွေ ကူပေးစေပြီး သူ့ဝမ်းဗိုက်ကို စတင်ခွဲစိတ်ခဲ့တယ် ။ ဘယ်ဖက် ကို အနည်းငယ်စောင်းပြီး လှဲလျောင်းနေပြီး ဆရာဝန်လေးဟာ ထုံဆေး novocaine solution ကိုသုံးပြီး ၁၂ စင်တီမီတာရှည်တဲ့ ခွဲစိတ်ရာ Incision တစ်ခုကိုပြုလုပ်ခဲ့ပါတယ် ။ သူ့ဝမ်းဗိုက်ကို သူကိုယ်တိုင်ကြည့် ယုံသာ မက ရောင်နေတဲ့ အူအတက်ကိုပါ ဖြတ်ထုတ်ပြီး ၀မ်းဗိုက်ထဲကိုပိုးသတ်ဆေးရည်တွေလည်း ထိုးသွင်းခဲ့ပါ တယ် ။ မိနစ် ၃၀ ၊ ၄၀ လောက်ကြာပြီးခဲ့တအခါမှာတော့ သတိလစ်ချင်သလို ဖြစ်လာတဲ့အတွက် ဆရာ ၀န်လေးဟာ ခွဲစိတ်မှုကို ခဏရပ်ပြီး အနားယူခဲ့တယ် ။ ည သန်းခေါင်ယံမှာ ခွဲစိတ်မှုဟာ ၁ နာရီနဲ့ ၄၅ မိနစ်ကျော် ခန့်ကြာမြင့်ခဲ့ပါတယ် ။ ငါးရက်မြောက်နေ့မှာတော့ အဖျားက ပျောက်ပြီး အပူချိန်ပုံမှန်ပြန်ဖြစ် လာခဲ့တယ် ။ ၇ ရက်မြောက်နေ့မှာတော့ ချုပ်ရိုးဖြည်ခဲ့ပါတယ် ။



Arctic and Antarctic ရဲ့ St.Petersburg ရဲ့ ပြတိုက်မှာ Leonid Rogozov ရဲ့ မလွယ်ကူတဲ့ ခွဲစိတ်မှုမှာ အသုံးပြုခဲ့တဲ့ ခွဲစိတ်ပစ္စည်းတွေကို ပြသထားခဲ့ပါတယ် ။

သက်တန့်ချို
21st Jan 2012

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...