စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒေါ်အောင်ဆန်းစုကြည်ကို ဘနာဇီရာဘူတို ဒီမိုကရေစီဆု ချီးမြှင့်
















ရန်ကုန်၊ ဇန်န၀ါရီ - ၂၅ 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဘနာဇီရာဘူတိုဒီမိုကရေစီဆို ယနေ့ နေ့လည်ပိုင်းက သူမ၏နေအိမ်တွင် ဘူတို၏ မိသားစုဝင်များက ပေးအပ်ခဲ့သည်။

လက်ရှိပါကစ္စတန်သမ္မတသည် ၂၀၀၇ ခုနှစ်တွင်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ဘနာဇီရာဘူတို၏ခင်ပွန်းဖြစ်ပြီး ယနေ့နေ့လည်၂နာရီတွင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့လာရောက်တွေ့ဆုံခဲ့သည်။   ဘူတိုဒီမိုကရေစီဆုတံဆိပ်ကို ဘူတို၏ သမီးအငယ်ဖြစ်သူ အာစီဖာဘူတိုက ဒေါ်အောင်ဆန်းစုကြည်ကို  ပေးအပ်ခဲ့ခြင်းဖြစ်သည် ။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီအရေးအတွက် ကာလရှည်ကြာစွာ နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများအတွက် စွန့်လွှတ်အနစ်နာခံမှုများအတွက် ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘနာဇီရာဘူတိုသည် ပါကစ္စတန်နိုင်ငံ၏ပထမဆုံးအမျိုးသမီး ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် လုပ်ကြံခံရပြီး သေဆုံးခဲ့သည်။ သူမကို ဂုဏ်ပြုကာ ပါကစ္စတန်ပြည်သူ့ပါတီက ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ထိုဆုကို ပထမဆုံးလက်ခံရရှိသူလည်းဖြစ်သည်။
သစ်ထူးလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...