စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Web Address တွေကို ခေါင်းရှုပ်ခံပြီး စာအုပ်ထဲမှာ မမှတ်ချင်တဲ့သူများအတွက်


Print Friendly and PDF
အင်တာနက် သုံးသူ တော်တော်များများမှာ တွေ့ နေရတာလေးတွေပါ ။ Website
ကောင်းကောင်းလေးတွေ တွေ့ ရင် စာအုပ်ထဲမှာ မှတ်တယ် ၊ စာရွက်ထဲမှာ မှတ်တယ် ။
ပြီးတော့ အဲ့စာအုပ်တွေ စာရွက်တွေ ပျောက်တော့ တိုင်တွေ ပတ်ကုန်ကြရောပေါ့ ။
တစ်ချို့ ကျတော့ ကွန်ပြူတာ သမားပီပီ Notepad ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့
notepad လည်း ပြန်ရှာလို့ မရတော့ တိုင်ပတ်တာပေါ့ ။ စာအုပ်ထဲမှာ
မှတ်တယ်ဆိုလည်း သွားလေရာကို စာအုပ်ကြီး သယ်သွားမှ အဆင်ပြေမှာပါ ။ Notepad
ထဲမှာ မှတ်တော့လည်း အဲ့ Notepad ရှိမှ အဆင်ပြေပြန်ရော ။ အဲ့ဒါကြောင့်
အဲ့ဒါတွေက ပျောက်လွယ်ပါတယ် ။ အဲ့ဒါဆို အဆင်မပြေနိုင်ပါဘူး ။
အဲ့တော့ ကျွန်တော်တို့ အဲ့ပြသနာကို ဘယ်လို ဖြေရှင်းကြမလဲ ။
လွယ်တာတော့လွယ်ပါတယ် ။ အွန်လိုင်းပေါ်မှာ ကျွန်တော်တို့ မှတ်ချင်တဲ့ Website
လိပ်စာတွေကို မှတ်ပေးတဲ့ Websites တွေ အများကြီး ရှိပါတယ် ။ အဲ့လို
Website လိပ်စာတွေမှတ်တာကို Bookmarking လို့ ခေါ်ပါတယ် ။ Online ပေါ်မှာပဲ
မှတ်တဲ့အတွက် Online Bookmarking လို့ခေါ်ကြပါတယ်။
Browser(IE, Firefox) တွေမှာ Bookmark လုပ်ပေးနိုင်တဲ့ Function
တွေပါပြီးသားပါ။ IE သုံးတာဖြစ်စေ၊ Firefox သုံးတာဖြစ်စေ
Websiteကောင်းကောင်းလေးတွေ့လို့ မှတ်ချင်ရင် Keyboard ကနေ
Ctrl+Dနှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာ Box လေးတစ်ခု တက်လာပါတယ်။ IE
မှာဆိုရင် Addကိုနှိပ်လိုက်ပါ။ Firefox ဆိုရင်တော့ OK နှိပ်လိုက်ရင်
ရပါပြီ။နောက်ပိုင်းမှာ ကိုယ်မှတ်ထားတဲ့လိပ်စာတွေကို ပြန်ကြည့်ချင်ရင်တော့
Firefoxမှာဆိုရင် Menu bar က Bookmarks ကို နှိပ်လိုက်ပါ။
အဲဒီအခါကိုယ်မှတ်ထားတဲ့ Site လိပ်စာလေးတွေ တွေ့ပါလိ့မ်မယ်။ IE ဆိုရင်တော့
menubar က Favorites ထဲမှာရှိပါတယ်။
ဒါပေမဲ့ အဲဒီနည်းတွေကအင်တာနက်ကိုအိမ်မှာ
သုံးတဲ့သူတွေအတွက်ပဲအဆင်ပြေမှာပါ ။
Cyber တွေမှာ သုံးတဲ့သူဆိုရင်တော့ ဒီနည်းတွေက Browser
ထဲမှာပဲမှတ်တာဖြစ်တဲ့အတွက် တခြားစက်တွေကိုင်ရင်
ကြည့်ရမှာမဟုတ်တော့ဘူးလေ။ဒါကြောင့် အင်တာနက်ချိတ်ထားတဲ့
ဘယ်ကွန်ပျူတာကိုပဲသုံးသုံး ကိုယ့်ရဲ့
Bookmark တွေကို access လုပ်လို့ရတဲ့ Online Bookmarking Website
တွေခေတ်စားလာတာပေါ့။
အဲ့လို Online Bookmarking လုပ်ပေးနိုင်တဲ့ ဆိုဒ်တွေကတော့ အများကြီးပေါ့ဗျာ
။ တစ်ချို့ တစ်လေက Register လုပ်ရတယ် ။ သုံးရတာ ကိုယ်နဲ့ Fair မဖြစ်ဘူး ။
အဆင်မပြေဘူးပေါ့ဗျာ ။ အဲ့ဒါကြောင့် ကိုယ်နဲ့ လည်း ရင်းနှီးတယ် ၊ အရမ်းလည်း
သုံးရတာ လွယ်တဲ့ ကျွန်တော်တို့ ရဲ့  Google ကြီးကိုပဲ အားကိုးကြရအောင်ဗျာ ။
ကျွန်တော်တို့ နေ့ စဉ် မရှိမဖြစ် လို အရမ်းကို အသုံးဝင်တဲ့ Google
ကြီးမှာလည်း bookmark လုပ်လို့ရပါတယ် ။ အရင်ဆုံး မိမိသုံးနေကြ gmail ကို
sign in ၀င်လိုက်ပါ ။ ပြီးရင် Ctrl+T (New Tab) အသစ်တစ်ခု ခေါ်ပြီး Address
bar မှာ http://ww.google.com/bookmarks
လို့ သာ ရိုက်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ Google ရဲ့ Bookmarks Page တစ်ခု
ရောက်လာမှာ ဖြစ်ပြီး My Lists , Add Bookmarks အစရှိတဲ့ နေရာတွေမှာ မိမိ
မှတ်သားချင်တဲ့ Website Addresses တွေကို Subject , Title , Link နှင့်တကွ
မှတ်သားနိုင်တာကြောင့် ဘယ် စာအုပ် ၊ ဘယ်စာရွက် ၊ ဘယ် Notepad တစ်ခု
တစ်လေမှမလိုတော့ပဲ ရောက်လေ ရာရာ အရပ်တိုင်းမှာ Google Bookmarks ဆိုတဲ့
Bookmarks Page လေးကို ခေါ်လိုက်တာနဲ့ မိမိမှတ်သားထားတဲ့ Website တွေကို
မိမိ မှတ်သားထားတဲ့ ပုံစံ အတိုင်းတွေ့ မြင်ရမှာ ဖြစ်ပါတယ် ခင်ဗျာ ။
အဆင်ပြေသလို အသုံးပြုနိုင်ကြပါစေ ခင်ဗျာ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...