စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမြင် ဆန်းလေး နဲ့ လှနေတဲ့ ဖိနပ် ဒီဇိုင်းများ

ဖက်ရှင် ဖိနပ်လှလှ လေးတွေကို နှစ်သက် သဘောကျ သူတွေ အတွက် ဖိနပ် ဒီဇိုင်း လေးတွေကို စုစည်း ဖော်ပြပေးမှာပါ။  အပေါ်ပိုင်းမှာတော့  လှပအောင် ပြင်ဆင်ထားပြီး၊ ခြေထောက်ကိုကြည့်တဲ့အခါ ခြေထောက်မှာ ၀တ်ဆင်ထားတဲ့ ဖိနပ်က ဒီဇိုင်းတုံးတုံး နဲ့ ဆွဲဆောင်မှုမရှိလျှင်လည်း၊ အပေါ်ပိုင်း ရဲ့ အလှ ကိုမှေးမှိန်သွားစေပါတယ်။
ဒါ့ကြောင့် ဖိနပ် ဆိုတာ မိန်းကလေးတွေအတွက် အရေးကြီးတယ်။ “ဖိနပ်ကောင်းကောင်းလေးတွေက ကောင်းတဲ့ နေရာကို ခေါ်သွားပေးတယ်”တဲ့။  ဖိနပ် ခရေစီ တွေအတွက်တော့ သိပ်ကို သဘောကျစရာ ကောင်းတဲ့ စကားလေးပါ။ ဖိနပ်ကောင်းကောင်းလေး နဲ့ လှလှလေး ၀တ်ဆင်လိုက်ပြီ ဆိုရင်ပဲ ကိုယ်သွားရမယ့် ခရီးလမ်းကို သာယာ ဖြောင့်ဖြူးတဲ့ လမ်းကြောင်းလေးကိုပဲ ရွေးပြီး သွားချင်ကြတာပဲ မဟုတ်လား။ ဘယ်သူမှ လမ်းကြမ်းကို မသွားချင်ကြဘူးလေ။
အခု တစ်ပါတ်မှာလည်း ဒေါက်ဆိုရင် ချွန်မှ ကြိုက်တဲ့ သူတွေအတွက်  စုစည်းထားတဲ့ ဒေါက်ချွန်ဖိနပ် ဒီဇိုင်းဆန်းလေးများကို ဖော်ပြလိုက်ပါတယ်။


ဖိနပ်လေးတွေကတော့ တရုတ်နိုင်ငံလုပ် ဖိနပ်လေးတွေ အပါအဝင် ဂျပန် နဲ့ ကိုရီးယား နိုင်ငံလုပ် ဖိနပ်လေးတွေလည်း ပါဝင်ပါတယ်။ ဈေးနှုန်းတွေကတော့ အလယ်အလတ်ဖြစ်တဲ့ ၁၅ ဒေါ်လာ ကနေ ဒေါ်လာ ၈၀ ဝန်းကျင်း တွေပါ။ ဈေးသိပ်အချိုကြီး မဟုတ်ပေမယ့် ပြီးခဲ့တဲ့ တစ်ပါတ်က တွေ့မိတဲ့ ဒေါ်လာ တစ်သိန်းခွဲတန် စိန်ဖိနပ်နဲ့ ယှဉ်ရင်တော့ ဈေးတအား သက်သာတာပေါ့နော်။
ဖိနပ် အမြင့်ကို ကြိုက်ပေမယ့် ဒေါက်ချွန်မစီးနိုင်တဲ့ သူတွေ အတွက် စတိုင်ကျပြီး လှပဆန်းသစ်တဲ့ နောက်မြင့် ဖိနပ်ကလေးတွေဖြစ်ပါတယ်။ ဒီဖိနပ် လေးတွေက ရိုးရှင်းပြီး ခြေထောက်အလှ ကိုပေါ်လွင်စေပြီး ခရီးသွားလာ တဲ့အခါမှာ ပေါ့ပေါ့ပါးပါး နဲ့ သက်တောင့်သက်သာ ဖြစ်စေမယ့် ဖိနပ်ဒီဇိုင်းလေးတွေ ဖြစ်ပါတယ်။


ဖိနပ် အပါးလေးတွေကို သဘောကျတဲ့ သူတွေအတွက် Slipper ခေတ်မီ ဒီဇိုင်းဆန်းလေးတွေ ဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ ဖိနပ်ကောင်းကောင်းလေးတွေ နဲ့  သာယာ ဖြောင့်ဖြူးတဲ့ လမ်းကြောင်းလေးကို လျောက်လှမ်းနိုင်ကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...