စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးများ စာဖတ်ခြင်း အလေ့အကျင့် ပြုစု ပျိုးထောင်


Print Friendly and PDF
ဒီနေရာလေးကနေ သွားရောက်လေ့လာလိုက်ပါနော်


မိဘများအနေနဲ့ မိမိသားငယ်သမီးငယ်လေးတွေကို စာဖတ်ပြခြင်းထက် ပိုကောင်းတဲ့လက်ဆောင်ဆိုတာ ခပ်ရှားရှားပါ။ တစ်သက်တာအကျိုးပြုမည့် စာဖတ်ခြင်းအလေ့အကျင့်ကို ငယ်စဉ်ကတည်းက စတင်ပျိုးထောင် ပေးရာတွင် အထောက်အကူဖြစ်မည့် နည်းလမ်းများကို ဖော်ပြအပ်ပေသည်။
၁။ မွေးကင်းစအရွယ်မှ စတင်၍ စာဖတ်ပြခြင်း စကားပြောပေးခြင်းတို့ကို ပြုလုပ်ပေးပါ။
စာဖတ်ပြရန် ငယ်လွန်းသေးသည့်အရွယ်ဟူ၍မရှိပေ။ ငယ်စဉ်တွင် ကလေးများကို စကားပြောပေးခြင်း၊ စာဖတ်ပြပေးခြင်းဖြင့် ၄င်းတို့၏ စာဖတ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါသည်။ မကြာခဏ ကြားရဖန်များလာသောအခါ ကလေးငယ်တို့သည် အသံများ၊ စကားလုံးများနှင့် ရင်းနှီးလာပြီး စာဖတ်တတ်ချိန်တွင် အလွန်အကျိုးဖြစ်ထွန်းစေပါသည်။
၂။ စာဖတ်ပြနေစဉ် ကလေးကို ပေါင်ပေါ်တင်ထားပေးပါ။
ကလေးငယ်သည် စာဖတ်ပြနေစဉ်အတွင်း ပျော်ပျော်ရွှင်ရွှင် အယုယ ခံနေရသောအခါ စာဖတ်ခြင်း အပေါ်အကောင်းနှင့်ယှဉ်ကာ မြင်လာပါလိမ့်မည်။
၃။ စာအုပ်ကို ကလေးကို ကိုင်ခွင့်ပေးပါ။
ကလေးငယ်တို့သည် စာအုပ်ကို ကိုယ်တိုင် ကိုင်ကြည့်ချင်တတ်ကြပါသည်။ စာအုပ်အကြောင်းကို ပိုသိစေရန် စာအုပ်ကို ကိုင်ထားပါစေ။ မာမာတောင့်တောင့် စာအုပ်များကိုတော့ ရွေးချယ်ထားပါ။ ထို့အပြင် ကလေးတို့ သဘောတွေ့စေမှာ သေချာသည့် ရုပ်ကြွစာအုပ်များ၊ ပွတ်သပ်ကိုင်တွယ်ကြည့်နိုင်သော အဆင်အသွေးပါသည့် စာအုပ်များကိုလဲ ရွေးချယ်ပေးပါ။
၎။ ကာရန်ပါသော စာအုပ်များကို ရွေးချယ်ပါ။
ကာရန်သည် ဘာသာစကား၏ တည်ဆောက်ပုံနှင့် နဘေကို နားလည်စေရန် အထောက်အကူပေးပါသည်။ ကလေးငယ်၏ အကြားအာရုံအတွက်လဲ ဆွဲဆောင်မှုရှိစေသည်။ လေ့လာမှုများအရ ကာရန်နဘေ သည် မှတ်မိလွယ်စေသည်ဟု သိရသည်။ ထို့ကြောင့်လည်း ကလေးတို့သည် စာမဖတ်တတ်ခင်မှာပင် အချို့စာအုပ်များကို အလွတ်ရနေခြင်းဖြစ်နိုင်သည်။


၅။ ချဲ့ထွင်ပြောဆိုပေးပါ။
ကလေးငယ်က စကားပြောဖို့ ကြိုးစားလာပါက သူ့စကားအတိုင်း လိုက်ပြောပေးပါ။ ဥပမာ လကိုလက်ညှိုးထိုးကာ “လ” ဟုပြောပါက “ဟုတ်တာပေါ့… အဲ့ဒါ လ လေ” ဟူ၍လည်းကောင်း၊ “ကြောင်” ဟုပြောပါကလည်း “ဟုတ်တာပေါ့ လိမ္မော်ရောင်ကြောင်လေးနော်” ဟူ၍လည်းကောင်း ၄င်းတို့ကို ဝေါဟာရအသစ်များ သင်ပေးပါ။
၆။ စံပြဖြစ်အောင်နေပါ။

စာအုပ်ကောင်းများကို ကြိုက်တတ်ခြင်းသည် ကူးစက်တတ်သော ရောဂါဖြစ်သည်။ မိဘများက စိတ်ဝင်တစား စာဖတ်နေသည်ကို တွေ့ရဖန်များပါက ကလေးငယ်တွင်လည်း စာဖတ်လိုစိတ် အလိုလိုဖြစ်လာမည် ဖြစ်သည်။
၇။ စာအုပ်များကို လက်လှမ်းမှီရာတွင်ထားပါ။
စာအုပ်များကို ကလေးများ အလွယ်တကူယူနိုင်သော နေရာတွင် ထားပါ။ သူတို့ဘာ သူတို့ စာအုပ်များနှင့် ကစားပါစေ။ ဖတ်ရန်စာအုပ်ကိုလဲ သူကိုယ်တိုင် ရွေးပါလိမ့်မည်။ စာတစ်အုပ်ထဲကို အကြိမ်ကြိမ် ဖတ်ပြနေရ၍ သင်စိတ်ကုန်ကောင်းကုန်ပါလိမ့်မည်။ သို့သော်လည်း ထိုသို့ အထပ်ထပ်အခါခါ ဖတ်ပြခြင်းဖြင့် သင့်ကလေး၏ သင်ယူနိုင်မှုကို အလွန်အထောက်အကူပေးနိုင်မည် ဖြစ်သည်။
၈။ ပျော်ရပါစေ။
စာဖတ်ခြင်းကို မဖြစ်မနေလုပ်ရမည့် အလုပ်တစ်ခုဟု သင့်ကလေးမမြင်စေသင့်ပါ။ ကလေးများနှင့်ပျော်ပျော်ပါးပါး ရောက်တတ်ရာရာသီချင်းများဆိုလိုက် စာလုံးဂိမ်းများ ကစားလိုက် လုပ်ပေးခြင်းဖြင့် အကျိုးရှိသော ပျော်စရာအချိန်များကို ဖန်တီးယူပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...