စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗီယက်နမ်နိုင်ငံသား၏ ခြေထောက်မှ ဧရာမအကျိတ်ကြီး

ဗီယက်နမ်နိုင်ငံသား၏ ခြေထောက်မှ ဧရာမအကျိတ်ကြီးကို အမေရိကန်ဆရာဝန်က အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့

ဗိယက်နမ်နိုင်ငံသား တစ်ဦး၏ ညာဘက်ခြေထောက်မှ ၁၉၈ပေါင်ရှိသော အကျိတ်ကြီးကို အမေရိကန် ဆရာဝန်တစ်ဦးက ၁၂နာရီကြာ ခွဲစိတ်ကုသမှု ပြုလုပ်ပြီး အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားပေး နိုင်ကြောင်း သိရသည်။ ငုယင်ဒိုင်ဟိုင်း (၃၂)နှစ်သည် ယခုအခါ ဟိုချီမင်းမြို့ရှိ ပြင်သစ်-ဗီယက်နမ် ဆေးရုံတွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရသည်။ အမေရိကန် ခွဲစိတ်ဆရာဝန် မက်ကေးမက်ကင်နွန်သည် အဖွဲ့ဝင်ရှစ်ဦး ပါဝင်သော ခွဲစိတ်အဖွဲ့ကို ဦးဆောင်သော ဇန်နဝါရီလ ၅ရက်နေ့ ဒေသစံတော်ချိန် ၈း၅၅ နာရီ၌ ခွဲစိတ်ကုသမှုကို စတင်ခဲ့သည်။ ငုယင်ဒိုင်ဟိုင်းသည် Neurofibromatosis ဟုခေါ်သော နာ့ဗ်ကြော၌ဖြစ်ပေါ်သော ရောဂါတစ်မျိုးကြောင့် ဧရာမအကျိတ်ကြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါအကျိတ်သည် ငယ်စဉ်ကလေးဘဝကတည်းက စတင်ဖြစ် ပေါ်ခဲ့ပြီး အလျင်အမြန် ကြီးထွားလာခြင်းဖြစ်သည်။ သူ၏ အကျိတ် သည် သမိုင်းတစ်လျှောက်လုံး ဗီယက်နမ်တွင် မှတ်တမ်းတင်ခဲ့ဖူးသမျှထဲ၌ အကြီးမားဆုံး အကျိတ်လည်း ဖြစ်သည်ဟုဆိုသည်။ အဆိုပါအကျိတ်ကြီးသည် သူ၏ကျောရိုးအောက်ခြေမှ စတင်ထွက်ပေါ်လာပြီး နောက်ကျောနှင့် ပေါင်များတစ်လျှောက် ကြီးထွား လာခဲ့ခြင်းဖြစ်သည်။
အဆိုပါအကျိတ်၌ သွေးကြောများ ဖြန့်ကြက်ယှက်သန်းနေရာ သွေးကြောများပြတ်သွားပါက သေဆုံးနိုင်ခြေ လွန်စွာများပြားသည်။ ခွဲစိတ်ဆရာဝန်က သူရရှိမည့်ငွေကြေးကို မယူဘဲ အခမဲ့ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသည့် ဆေးဝါးစရိတ် အမေရိကန်ဒေါ်လာ ၁၂,ဝဝဝ ကို သူ၏မိသားစုအပြင် ဗီယက်နမ်ပြည်တွင်းနှင့် ပြည်ပမှ စေတနာရှင်များက လှူဒါန်းခဲ့ကြောင်း သိရသည်။  

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...