စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဝလွန်ခြင်းအတွက် ကုထုံးများ

ဒီpostလေးကတော.အ၀လွန်နေတဲ.သူတွေတွက်ပေါ.နော်
ဒေါက်တာဦးကိုကိုနဲ.မေးထားတာလေးတွေ.လို.“ရှယ်”ပေးလိုက်တာပါ

လူတစ်ယောက်က အဝလွန်နေပြီ ဆိုတာကို သူ့ကိုယ်သူ ဘယ်လို သိနိုင်ပါသလဲ ဆရာ။

BMI အတိုင်းအတာကို သိအောင် အရပ်ကိုတိုင်းရမယ်၊ ကိုယ်အလေးချိန်ကို တိုင်းရမယ်။ ပြီးရင် BMI တွက်နည်းအတိုင်း တွက်ချက်ကြည့်ရမယ်။ WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့) ရဲ့ အဆိုအရ BMI က ၁၈ ဒသမ ၅ အောက်ဆိုရင် ကိုယ်အလေးချိန် နည်းတယ်၊ ၁၈ ဒသမ ၅ နဲ့ ၂၄ ဒသမ ၉ ကြားဆိုရင် ကိုယ်အလေးချိန်က ပုံမှန်ပဲ။ ၂၅ နဲ့ ၂၉ ဒသမ ၉ ကြားဆိုရင် ကိုယ်အလေးချိန် များနေပြီ (Overweight)၊ ၃၀ နဲ့ ၃၄ ဒသမ ၉ ကြားဆိုရင် အဝလွန်နေပြီ (Obese)၊ ၃၅ နဲ့ ၃၉ ဒသမ ၉ ကြားဆိုရင် အလွန် အဝလွန်နေပြီ (Very High Obesity)၊ ၄၀ အထက်ဆိုရင် အလွန့်အလွန် ဝနေပြီ (Extremely Obesity) လို့ ဆိုထားပါတယ်။ အာရှမှာတော့ ၁၈ ဒသမ ၅ နဲ့ ၂၃ ကြားဆိုရင် ပုံမှန် ကိုယ်အလေးချိန် ရှိတယ်လို့ သတ်မှတ်တယ်။ ၂၃ နဲ့ ၂၉ ဒသမ ၉ ကြားဆိုရင် ပုံမှန်ထက် များနေပြီ (Overweight) လို့ သတ်မှတ်ပါတယ်။ ကျန်တဲ့ ရလဒ်တွေကတော့ WHO မှာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ဒီ BMI ရလဒ်အတိုင်း ဆုံးဖြတ်တာက ၁၀၀ ရာခိုင်နှုန်း မမှန်ပါဘူး။ လူတွေမှာ ဝပုံဝနည်းက အမျိုးမျိုးရှိတော့ ဘယ်လို ဝသလဲဆိုတဲ့ အချက်ကို ထည့်ပြီး စဉ်းစားရတယ်။ ဝတာက တစ်ကိုယ်လုံး ဝတာလား၊ Central Obesity လို့ခေါ်တဲ့ ခန္ဓာကိုယ် အလယ်ပိုင်းက ဗိုက်နဲ့ ခါးတွေမှာ ဝနေတာလား၊ Peripheral လို့ခေါ်တဲ့ ဘေးဘက်တွေမှာ ဝနေတာလားဆိုတဲ့ ခန္ဓာကိုယ်မှာ အဆီတွေက ဘယ်နေရာမှာ စုနေတာလဲဆိုတဲ့ Fat Distribution ကို ကြည့်ဖို့လိုတယ်။ အဆီတွေက အလယ်မှာစုပြီး ဗိုက်ပူခါးတုတ် နေတယ်ဆိုရင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်တာ၊ အဆီများတာနဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်တယ်။ တကယ်လို့များ အဆီတွေက ဘေးဘက်မှာ စုနေတယ်၊ (ဥပမာ- အမျိုးသမီးဆိုရင် ရင်ဘတ်၊ တင်ပါးတွေမှာ အဆီတွေက စုနေတယ်) ခါးတော့ မတုတ်ဘူး။ ခါးကသိမ်နေတယ်။ ဒီလိုဆိုရင် ဝတော့ဝပေမယ့် ကျန်းမာရေးတော့ မထိခိုက်စေပါဘူး။

အဝလွန်တာကို လျှော့ချဖို့ အစာလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေ မလုပ်နိုင်လို့ ပိန်ဆေးသောက်ရင် ရမလားဆရာ။

ပိန်ဆေးထဲမှာ အရင်တုန်းက ဆေးတွေ အများကြီးရှိပါတယ်။ အခုတော့တစ်မျိုးပဲ WHO က အသိအမှတ် ပြုထားပါတယ်။ Orlistat လို့ ခေါ်ပါတယ်။ တစ်ကြိမ်သောက်ရင် Orlistat ၁၂၀ မီလီဂရမ်ကို တစ်နေ့ သုံးကြိမ် သောက်နိုင်ပါတယ်။ ဒီဆေးရဲ့ အာနိသင်က စားလိုက်တဲ့ အစာထဲမှာပါတဲ့ အဆီတွေကို ခန္ဓာကိုယ်ထဲ မရောက်အောင် တားဆီးပေးတာပဲ ဖြစ်ပါတယ်။ အဆီတွေက စအိုဝကနေ ထွက်သွားပါတယ်။ လေလည်ရင် အဆီတွေ ထွက်သွားတယ်၊ ဝမ်းသွားရင်လည်း အဆီတွေ ပါသွားပါတယ်။ ဒါက စတင်သောက်ခါစမှာ ဖြစ်တတ်တာပါ။ နောက်ပိုင်းကျရင်တော့ မဖြစ်တော့ပါဘူး။ ဆေးကို ခြောက်လလောက် သောက်လို့ ရပါတယ်။ ဒီခြောက်လကို ကိုယ်အလေးချိန် လျှော့ချတဲ့ကာလ (Weight Reducing Phase) လို့ ခေါ်ပါတယ်။ နောက်ပိုင်းကာလကို Weight Maintainance Phase လို့ ခေါ်ပါတယ်။ အဲဒီအချိန်မှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံနဲ့ပဲ ထိန်းရပါတယ်။

ဒါဆို ဒီဆေးက ခြောက်လထက် ပိုမသောက်သင့်ဘူးလား ဆရာ။

အဓိကကတော့ အဝလွန်တာကို လျှော့ချဖို့ ဒီဆေးကို ခြောက်လလောက်ပဲ တိုက်လေ့ရှိပါတယ်။ ခြောက်လလောက်မှာ ကိုယ်အလေးချိန်က အတော်အသင့် ကျသွားပါပြီ။ နောက်ပိုင်း ကိုယ်အလေးချိန်ကို ရေရှည် ထိန်းသိမ်းဖို့ကိုတော့ Lifestyle နဲ့ပဲ ထိန်းပါတယ်။ ပိန်ဆေးနဲ့ ပတ်သက်လို့ Orlistat တစ်ခုပဲ အန္တရာယ်ကင်းပြီး သောက်နိုင်ပါတယ်လို့ တစ်ကမ္ဘာလုံးက သတ်မှတ်ထားပါတယ်။

ဘယ်လို လူမျိုးတွေက ဒီဆေးကို သောက်သင့်ပါသလဲ ဆရာ။

BMI က ၃၀ ကျော်နေပြီဆိုရင် ဒီဆေးကို တိုက်ပါတယ်။ BMI က ၂၇ အောက်ရှိပေမယ့် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါ စတဲ့ အန္တရာယ် တစ်ခုခုရှိနေရင် ဒါမှမဟုတ် ခါးအတိုင်းအတာက အမျိုးသားဆိုရင် ၃၆ လက်မ ကျော်နေရင်၊ အမျိုးသမီးဆိုရင် ၃၁ လက်မ ကျော်နေရင် ဆေးတိုက်ပါတယ်။

ခွဲစိတ်ကုသနည်းနဲ့ကော အဝလွန်တာကို လျှော့ချနိုင်ပါသလား ဆရာ။

အဝလွန်တာကို ခွဲစိတ်ကုသနည်းသုံးပြီး ဖြေရှင်းနိုင်ပါတယ်။ ဘယ်လို လူမျိုးတွေမှာ ခွဲစိတ်ကုသနည်း သုံးလေ့ရှိသလဲဆိုရင် BMI က ၄၀ ကျော်နေရင် ခွဲစိတ်ကုသ နိုင်ပါတယ်။ နောက်တစ်ချက်က BMI က ၃၅ နဲ့ ၄၀ အတွင်းမှာပဲ ရှိနေပေမယ့် ကျန်းမာရေး အန္တရာယ် တစ်ခုခုရှိနေရင် ခွဲစိတ်ကုသမှု ခံယူနိုင်ပါတယ်။ ခွဲစိတ်ကုသတဲ့ နည်းကို Bariatric Surgery လို့ခေါ်ပါတယ်။ အစာအိမ်ကို သုံးပုံနှစ်ပုံ ဖြတ်ထုတ်လိုက်ပါတယ်။

ဝတဲ့သူကို Bariatric Surgery နည်းနဲ့ ခွဲစိတ်ကုသ လိုက်တဲ့အခါ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း အစရှိတဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေတွေကော လျော့ကျနိုင်ပါသလား ဆရာ။

လျော့ကျနိုင်ပါတယ်။ ဒီခွဲစိတ် ကုသမှုကြောင့် ဝတာကိုလည်း လျော့ကျစေပါတယ်။ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ သွေးတိုးရောဂါတွေကိုပါ လျော့ကျစေပါတယ်။

အခုခေတ်စားနေတဲ့ အဆီစုပ်ထုတ်တဲ့ နည်းအကြောင်းကိုလည်း သိပါရစေဆရာ။

အဆီစုပ်ထုတ်တဲ့ နည်းကိုတော့ ဆရာတို့က အားမပေးပါဘူး။ ဒါက ရေရှည်မရလို့ပါ။ စုပ်ထုတ်လိုက်တဲ့ ခဏပါပဲ။ နောက်ပိုင်း ဘဝနေထိုင် စားသောက်မှုပုံစံ (Lifestyle) ကို မထိန်းဘူးဆိုရင် အဆီတွေ ပြန်တက်လာနိုင်ပါတယ်။

အခုနောက်ပိုင်း ခေတ်စားနေတဲ့ Diet တွေနဲ့ ပတ်သက်ပြီး သိပါရစေ ဆရာ။

အခုနောက်ပိုင်းမှာ Popular Diet တွေ ပေါ်လာပါတယ်။ Chrom diet လို့လည်း ခေါ်ပါတယ်။ ခရိုမီယမ်၊ ခိုက်တိုစန် စတဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ပိန်ဆေးအစစ်တော့ မဟုတ်ပါဘူး။ အမျှင်ဓာတ် (Fiber) ပါလို့ ထမင်းမစားခင် ကြိုစားထားရင် အဆာခံပါတယ်။

မဝသေးတဲ့ သူတွေ အနေနဲ့ကော ဝမလာအောင် ဘယ်လို သတိထားသင့်ပါသလဲ ဆရာ။

မဝသေးတဲ့ သူတွေက ကိုယ်အလေးချိန်နဲ့ ကိုယ့်ခါးကို အမြဲတိုင်းနေဖို့ လိုပါတယ်။ ကိုယ်အလေးချိန်က မတက်အောင် ထိန်းရတာက ပိုလွယ်ပါတယ်။ ဝပြီးမှ ပြန်လျှော့ရတာ ခက်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ အဆင်သင့်အစာ (Junk Food) တွေစားတာများလို့ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်တဲ့ ကလေးတွေ ဖြစ်လာနေပါတယ်။ ဒါကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဝတာကို ပိန်အောင် လျှော့တာက လှချင်လို့ မဟုတ်ပါဘူး။ ကျန်းမာအောင် လျှော့တာ၊ ရောဂါတွေ အန္တရာယ်ကနေ ကင်းဝေးချင်လို့ လျှော့တာ ဖြစ်ပါတယ်။ ဝပင်ဝသော်ငြား Metabolically Healthy ဖြစ်အောင် နေရပါမယ်။ ဆိုလိုတာက ဝနေရင်တောင် ကိုယ်အလေးချိန်ကို ထပ်တက်မလာအောင် ထိန်းရမယ်၊ ခန္ဓာကိုယ်ထဲမှာ အဆီပိုတွေ တက်မလာအောင် ထိန်းရမယ်။ ခါးအတိုင်းအတာက များနေရင် လျှော့ရမယ်။ ဒါဆိုရင် ဝရင်တောင်မှ အသက်အန္တရာယ် ရှိနိုင်တဲ့ ရောဂါတွေ မရှိအောင် ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာ ဦးကိုကို
By Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...