စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြောင်မျက်လုံးပိုင်ရှင် လူငယ်...

ကြောင်မျက်လုံးပိုင်ရှင် လူငယ်...
တရုတ်နိုင်ငံတွင် ကြောင်မျက်လုံးအသွင် မျက်လုံးတစ်စုံပါရှိသောလူငယ်လေး
တစ်ဦးကို တွေ့ရှိခဲ့ကြောင်း ၎င်းနိုင်ငံရှိ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်
များက အသိအမှတ်ပြု ပြောကြားခဲ့သည်...
အောက်ပုံ

ဗြိတိန်နိုင်ငံထုတ် The Sun သတင်းစာက နုန်ယိုဟွေအမည်ရှိ လူငယ်လေးအား
Cat Boy ဟု အမည်ပေးထားပြီး ၎င်းသည် မည်သည့်အလင်းရောင်မျှ မရှိဘဲ
စာများကို ဖတ်နိုင်သည့်အပြင် အမှောင်ထဲမှ အရာဝတ္ထုများကိုလည်း ရှင်းလင်း
ပြတ်သားစွာမြင်နိုင်ကြောင်း ဆေးပညာစမ်းသပ်ချက်များကို ကိုးကား၍ သတင်းတွင်
ဖော်ပြပါရှိပါသည်...
နုန်ဟိုဟွေ၏ ဖခင်ဖြစ်သူသည် ထိုအပြာရောင်မျက်လုံးတစ်စုံနှင့် ပတ်သက်၍
စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်း တဟွာမြို့ရှိ ဆေးရုံသို့
ခေါ်ဆောင်ခဲ့ပြီး မျက်စိအထူးကုဆရာဝန်များနှင့်ပြသခဲ့ရာ နုန်ဟိုဟွေ၏
မျက်လုံးများသည် ကြောင်မျက်လုံးအသွင်ရှိနေသော်လည်း
မျက်စိအထူးကုဆရာဝန်များက ၎င်းမျက်စိနှင့်ပတ်သက်၍ စိုးရိမ်စရာ
မရှိကြောင်းလည်း သိရှိရပါသည်..
ref ..Internet news....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...