စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မဟနသာ မရှိတော့ရင် မိခင်လောင်းများအတွက် စိတ်လေးစရာ...


Print Friendly and PDF
Posted by U Lawkanartha
မဟနသာ မရှိတော့ရင် မိခင်လောင်းများအတွက် စိတ်လေးစရာ...
ဟိုးရှေးရှေးတုန်းကပုံပြင်နှင့် မဟန ဘာလဲ ဘယ်လဲ ဆိုပြီး
ခွေးပုံနဲ့တွဲပြီးတင်ထားတာတွေ့ရတော့ အတော်စိတ်မကောင်းဖြစ်မိတယ်...

ဒီနေရာ...
ပညာတတ်ပြီး စာအရေးကောင်းလို့ လေးစားခဲ့ပါတယ်အရှင်...
ဆရာတော်ကြီး ၄၇-ပါးကိုတော့ ခွေးနဲ့နှိုင်းပြီး မရေးသင့်ပါဘူးဘုရား...
သိက္ခာကြီးမားတဲ့ ဗန်းမော်ဆရာတော်ဘုရား ဦးဆောင်သော မဟနခေါ်တဲ့ မြန်မာသံဃာ့အဖွဲ့အစည်း တစ်ခုလုံးကိုတော့ ဒီလို မရေးသင့် မစော်ကားသင့်ဘူး ထင်မိပါတယ်... ပုဂ္ဂိုလ်ရေးနဲ့ သံဃာ့အရေး ခွဲသင့်တယ်ထင်ပါတယ်... အရှင်ဘုရားတော့မသိဘူး တပည့်တော်တော့ အရှင်ဘုရားအတွက် စိတ်မကောင်းဘူး... ရင်ပူတယ်... အရှင်ဘုရား စာတွေလည်း အများကြီး သင်ထားတာဘဲ... ဒေါသအာဃာတတရားတွေ ရှေ့တန်းမတင်ပါနဲ့ဘုရား... မဟနဖျက်ဖို့ လှုံ့ဆော်ခြင်းတွေဟာ သာသနာကို ဖျက်သလိုမျိုး ဖြစ်လာနိုင်ပါတယ်...
အဖွဲ့လို့ လုံးပြီး အပြစ်မဆိုကြပဲ ပုဂ္ဂိုလ်တစ်ဦးခြင်း အပြစ်ရှိလျှင်
အပြစ်ပြ ပြောဆိုခြင်းက ပိုပြီး သင့်တော်ပါတယ်...
သူတော်ကောင်းအပေါင်းတို့...
သံဃာ့မဟာနာယကအဖွဲ့ရယ်လို့ ရှိလာလို့သာ ဘုရားတပည့်တော်တို့ ထေရဝါဒဗုဒ္ဓသာသနာဝင် ဘုန်းကြီးများ ဖြစ်ကြရတာပါ... ဒီအဖွဲ့သာ မပေါ်ပေါက်ခဲ့ရင်... လူသေလူဖြစ်ဝါဒ ဦးဥက္ကဋ္ဌနဲ့တင် ဘုရားတပည့်တော်တို့ ဘာဗုဒ္ဓဘာသာမှန်းမသိ ဖြစ်နေလောက်ပါပြီ... ကျောက်ပုံဝါဒဆို နို့တစ်လုံးပေးရမယ်တောင်ဆိုသေး... မိခင်များကိုယ်စား ဒီလောက်နဲ့တင် မဟနကို ကျေးဇူးတင်သင့်နေပါပြီ... ဒီထက်ပိုပြီးစဉ်းစားကြည့်ရင် မဟနဆိုတာသာ မရှိခဲ့ရင် အရည်းကြီးတွေ ခေတ်စားနေလောက်ပါပြီ... ဒီလိုသာဆို ဘုရားတပည့်တော်တို့ မိမစစ်ဖမစစ်တွေဖြစ်မှာ သေချာတယ်... ဘာလို့လည်းဆိုရင် သာသနာအစစ်အမှန်မရှိလို့ အရည်းကြီးတွေ ခေတ်စားခဲ့တာ မှတ်မိကြမှာပါ... ဒီလိုသာဖြစ်ရင်တော့ မိခင်လောင်းတွေကို ပန်းဦးလွှတ်တဲ့အလုပ် လုပ်ကြရတော့မယ်... (လူငယ်တချို့ အရည်းကြီးဆိုတာမသိ ဖြစ်မှာစိုးလို့... အရည်းကြီးဆိုတာ သင်္ကန်းလိုလို ပိတ်စခြုံထားတဲ့လူကိုခေါ်တာပါ... သင်္ကန်းဝတ်လူပေါ့... လူလုပ်တာမှန်သမျှထက် မကောင်းမှုပိုလုပ်ကြတယ်... အဆိုးဆုံးကတော့ တစ်တိုင်းပြည်လုံး ရှင်ဘုရင်မှစ မိန်းမယူကြရင် ဒီဘုန်းကြီးအမည်ခံ အရည်းကြီးတွေထံမှာ မိမိမယားလောင်းကို တစ်ရက်ပို့ရတယ် သူ့မယားအဖြစ် နေရတယ်လို့ ဆိုပါတယ်... ဖိုမကာမဂုဏ်မှီဝဲခြင်းကို အရည်းကြီးဆိုသူတို့ ခံစားနှစ်သက်ကြပါတယ်... သူပြီးမှ ယောက်ျားထံ ပြန်ပို့ပေးတာပါ... ထေရဝါဒသာသနာကိုစောင့်ရှောက်နေတဲ့ မဟနလို သံဃာအဖွဲ့တွေသာ မရှိဘူးဆိုရင် ဒီအတိုင်း အရည်းတို့ခေတ် ဖြစ်လာမှာပါ...)
ဒကာလေးတို့ သင်တို့ဇနီးလောင်းများအတွက် စဉ်းစားရမယ်...
မဟနဖျက်သိမ်းရေး လှုံ့ဆော်ခြင်းဟာ သံဃာကွဲအောင်ခွဲသလို ဖြစ်လာနိုင်ပါတယ်...
ထေရဝါဒသာသနာကို ဖျက်ဆီးတဲ့သဘော ဖြစ်လာနိုင်ပါတယ်...
တောင်းပန်ပါတယ် ဒကာလေးတို့...
လူငယ်တွေ သေချာမသိပဲ မဟနဖျက်ပြစ်ဆိုတာမျိုး မပြောကြပါနဲ့...
ဘုန်းကြီး သံဃာသင်းကွဲမှုတွေ ဖြစ်လာလိမ့်မယ်...
လူဆိုရင် အဲဒီလောက်နီးပါး ကံထိုက်မယ်...
ဒီကိစ္စမှာ သွေးထိုးမှုကို မခံကြပါနဲ့...
မဟနခေါ်ဆိုတဲ့ မြန်မာနိုင်ငံ သံဃာမဟာနာယကအဖွဲ့အစည်း တည်တံ့ဖို့ ညီအကိုအပေါင်းနဲ့ သူတော်ကောင်းတို့မှာ တာဝန်ရှိပါတယ်...
မဟနဖျက်ရမှာ မဟုတ်ပါဘူး
ဘုရားတပည့်တော်တို့ အားလုံး ဝိနည်းနဲ့ နေကြရုံပါ...
ထေရဝါဒ ဗုဒ္ဓသာသနာ တည်တံ့ရေးအတွက် တာဝန်ကျေပါစေ...
ထေရ၀ါဒသံဃာတော်များအားလုံး လက်တွဲနိုင်ကြပါစေ...
ညီတော်နောင်တော်များ ငြိမ်းချမ်းစွာနဲ့ သာသနာအကျိုး သည်ပိုးနိုင်ကြပါစေ...
ဦးလောကနာထ
၁.၂၂.၂ဝ၁၂
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
ထပ်ဆင့်တင်ပြသူ
ရဲလတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...