စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေစုရဲ့ ကိုယ်ရေးအကျဉ်းပါ မြန်မာနိုင်ငံသားတိုင်းသိသင့်တယ်ထင်လို့ပါ

 
မြန်မာနိုင်ငံကလူတော်တော်များများကမေစုရဲ့ ၈၈နောက်ပိုင်းကိစ္စများကိုသာသိကြတဲ့သူများပါတယ်။
မေစုရဲ့၈၈အစောပိုင်း ပညာသင်ကြားခဲ့တဲ့နေရာတွေ တာဝန်ထမ်းဆောင်ခဲ့တဲ့နေရာတွေကို လူနည်းစုလောက်ပဲသိရှိတာပါ။
ကျွန်မကိုယ်တိုင်လည်းမသိပါဘူး ခုဂျာနယ်တစ်စောင်ဖတ်မိလို့သိရှိရတာပါ။ကျွန်မလိုပဲ မသိသေးတဲ့သူများ သိရှိရအောင်ပြန်လည်တင်ပြချင်းဖြစ်ပါတယ်။သိပြီးတဲ့သူများလည်းပြန်လည်ဖတ်ရှုရအောင်ပါ။
                   
     မေစုကို ၁၉၄၅ ခု၊ ၁၉ ရက် ရန်ကုန်မြို့တွင်မွေးဖွားခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်တို့၏ သမီးဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည်။
၁၉၄၉ မှ ၁၉၅၇ ခုနှစ်အထိ ရန်ကုန်မြို့ စိန်ဖရန်စစ် ကွန်ဗင့်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။
၁၉၅၇မှ ၁၉၆၀ ပြည့်နှစ်အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။
၁၉၆၀ ပြည့်နှစ်တွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသဖြင့် မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ လိုက်ပါခဲ့သည်။
၁၉၆၀-၆၁ ခုနှစ်များတွင် ဒေလီမြို့ ဂျီးဇက်နှင့် မေရီကွန်ဗင့်ကျောင်းတွင် ဆက်လက်ပြီး ပညာသင်ကြားခဲ့သည်။
၁၉၆၂-၆၃ခုနှစ်များတွင် ဒေလီတက္ကသိုလ် လေဒီရှရီရမ်ကောလိပ်၌် နိုင်ငံရေးသိပံ္ပဘာသာရပ်ကို
လေ့လာဆည်းပူးခဲ့သည်။
၁၉၆၄-၆၇ ခုနှစ်များတွင် အောက်စဖို့တက္ကသိုလ်ရှိ စိန့်ဟူးခ်ျ ကောလိပ်၌ ဒဿနိကဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်များကိုလေ့လာဆည်းပူးခဲ့ပြီး ၀ိဇ္ဖာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။
၁၉၆၈ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့်အာဖရိက လေ့လာရေးဌာန၊ နိုင်ငံရေးသိပံ္ပဌာနနှင့်သုတေသနလက်ထောက်အဖြစ် ထမ်းဆောင်ခဲ့သည်။
၁၉၆၉-၇၁ ခုနှစ်များတွင် နယူးယောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးရုံး၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဋာရေးဆိုင်ရာ ကိစ္စရပ်များ အကြံပေးကော်မတီ(Asvisory committee on Administrative and Budgetary Questions: United Nations Secretariat; New York) တွင် လက်ထောက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁-၁-၁၉၇၂ ခုနှစ်တွင် ဒေါက်တာမိုက်ကယ်အဲရစ်နှင့်လက်ထက်ခဲ့သည်။ဒေါက်တာမိုက်ကယ်အဲရစ်သည် ဗြိတိသျှသူမျိုးတစ်ဦးဖြစ်ပြီး အောက်စဖို့တက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်သည်။မြောက်ပိုင်းဗုဒ္ဓဘာသာ(မဟာယန)၏ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာသမိုင်းကြောင်းကို အထူးပြုလေ့လာနေသော သုတေသနပညာရှင်ဖြစ်ပြီး ယင်းပညာရပ်နှင့်သက်ဆိုင်သော စာအုပ်စာတမ်းများကိုလည်း ရေးသားပြုစုထုတ်ဝေခဲ့သည်။သားနှစ်ယောက်ထွန်းကားခဲ့ရာ ယင်းတို့မှာအလက်ဇန်ဒါ(ခေါ်)မြင့်ဆန်းအောင်နှင့် ကင်(ခေါ်)ထိန်လင်းတို့ ဖြစ်သည်။
၁၉၇၂-၇၃ ခုနှစ်များတွင် ဘူတန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးရုံးတွင် သုတေသနအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၇၅-၇၇ ခုနှစ်များတွင် အောက်စဖို့တက္ကသိုလ် ဘော့ဒလီယန် စာကြည့်တိုက်၌ မြန်မာစာအုပ်နှင်ပေစာပုရပိုက်များကို ကတ်တလောက် ပြုစုသူပညာရှင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၅-၈၆ ခုနှစ်များတွင် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးဌာနတွင် သုတေသနပညာရှင်အဖြစ်သွားရောက် သုတေသနပြုခဲ့သည်။
၁၉၈၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဆင်းမလားမြို့ရှိ အထူးလေ့လာသုတေသနပြုရေး၊ အိန္ဒိယသိပ္ပံဌာနတွင် သုတေသနပညာရှင်အဖြစ် သုတေသနပြုခဲ့သည်။
၁၉၈၇ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနတွင် တင်သွင်းရန် ဘွဲ့လွန်စာတမ်းတစ်စောင်ကို ပြုစုလျှက်ရှိသည်။ယင်းစာတမ်းအမည်မှာ ၁၉၁၀-၁၉၄၀ ခုနှစ်အတွင်း မြန်မာစာပေတွင် ရိုးရာအစဉ်အလာအသစ် ဖြစ်ပေါ်ထွန်းကားမှုများနှင့် အမျိုးသားရေးဝါဒ ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...