စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခန်း

ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခန်း
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင်
(1)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့၏အပေါ်၌
(2)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့၏အပေါ်၌
(3)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝကမဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့၏အပေါ်၌
(4)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်သူမြတ်ကြီးတို့၏ အပေါ်၌
(5)ဂုဏ်ကျေှးဇူးကြီးမားကြကုန်သော မိခင်တို့၏အပေါ်၌
(6)ဂုဏ်ကျေှးဇူးကြီးမားကြကုန်သော ဖခင်တို့၏အပေါ်၌
(7)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ပြောဆိုဆုံမတတ်သောဆရာသမားတို့၏အပေါ်၌
(8)သီလဂုဏ်၊သမ္မာဓိဂုဏ်၊ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျှက် ရှိကြကုန်သော အရိယာပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်တို့၏အပေါ်၌
(9)ဂုဏ်ကျေးဇူးကြီးမားကုန်သော တရားဓမ္မကို ဟောပြောပြသဆုံးမတတ်သော ဆရာသမားတို့အပေါ်၌
(10)ထမင်းတလုပ်၊ ရေတမှုတ် စသည်တို့ဖြင့် ပေးကမ်း ချီးမြင့် ထောက်ပံဖူးသောကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏ အပေါ်၌
ကာယကံ၊ ၀ဇီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှား မိသည်ရှိခဲ့ပါသော်
ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုးလက်စုံမိုး၍
ရှစ်ခိုးပါ၏အရှင်ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့်
အလုံးစုံသော ဘေးရောဂါ အန္တရယ် အပေါင်းတို့မှ ကင်းဝေးပြီလျှင် ဘုရားရှင်ဟောပြောဆုံးမတော်မှုသော သစ္စာလေးပါး မြတ်တရားတော်ကို ပိုင်းခြားထင်ထင်သိမြင်သောဆရာကောင်း နှင့်တွေဆုံပြီး နိဗ္ဗာန်သို့ ၀င်စံနိုင်သောအကျင့်မြတ်ကိုကျင့်ဆောင်နိုင်သော ကိုယ်ဖြစ်ရပါစေသား အရှင်ဘုရား....။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...