စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသဲကွဲသတို့သမီး ပြတင်းပေါက်မှ ခုန်ချ

သူမရဲ့ချစ်သူနဲ့ ကွဲခဲ့ပြီးတဲ့နောက်ပိုင်း သတို့သမီးတစ်ဦးဟာ မင်္ဂလာဝတ်စုံ ၀တ်ပြီးနေ သည့်တိုင် အဆောက်အဦး တစ်ခုရဲ့ထိပ်ကနေ သူမကိုယ်သူမ ခုန်ချပစ်ဖို့ ကြိုးစားခဲ့ပါတယ်။
အကြီးအကျယ် စိတ်ထိခိုက်နေတဲ့ လီဝမ်ဟာ တရုတ်ပြည်အရှေ့ပိုင်း ချောင်ချန်မြို့ရဲ့ ပေ ၈၀ အမြင့်မှာရှိတဲ့ ပြတင်းပေါက်တစ်ခုကနေ ထိုင်ပြီး ငိုပြောနေပါတယ်။ နေ့ကြီးရက်ကြီးမှာ သူမရဲ့အပေါင်းအဖော် ၀မ်လုက ခေါ်ပေမယ့် ခေါ် လို့မရဖြစ်ခဲ့ပြီးနောက်ပိုင်း နာရီပိုင်းလောက် ကြာ တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူမဟာ သေကြောင်းကြံ စည်ဖို့ ပြတင်းပေါက်အစွန်းကနေ ခုန်ချလိုက်ပါ တော့တယ်။ ဒေသခံ ကယ်ဆယ်ရေးသမား ဂျို ဆောင်ဖန်းက သူမကို ကယ်ဖို့ စီစဉ်ခဲ့ရပြီး တွဲ လောင်းကျနေတဲ့သူမကို လည်ပင်းကနေ ခက် ခက်ခဲခဲ ဆွဲတင်ခဲ့ရပါတယ်။
မျက်မြင်သက်သေတစ်ဦးက ပြောကြား ရာမှာ “သူမရဲ့ ဂါဝန်အရှည်ကို နောက်ဘက် အတွင်းကနေ ဆွဲထားစဉ်မှာ အောက်ကနေ တခြားလူတွေက သူမရဲ့ ခြေထောက်ကို ကြိုးစား ပမ်းစား ကိုင်ပြီး ထိန်းပေးထားရတယ်” လို့ ဆိုပါ တယ်။
သူမကို ကယ်တင်လိုက်တဲ့ ဆောင် ဖန်က ပြောကြားရာမှာတော့ “သူမရဲ့ အချစ်ဇာတ် သိမ်းကြောင့် သူမ အရမ်း ၀မ်းနည်းနေပါတယ်။ ဒါပေမယ့် အခု သူမမှာ ဒုတိယအကြိမ် အခွင့် အရေး ရှိပါတယ်။ အကောင်းဆုံးကို လုပ်နိုင်မှာပါ” လို့ ဆိုပါတယ်။
ပြန်လည်မျှဝေခံစားတင်ပြသည်...........ရုပ်စိုးမလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...